PLAYERS
" Jongin ah ..Morning "
ဆိုတဲ့ Kyung Soo အသံဟာ သကာရည် ပေါ် သကာ ဆင့်ထား သလို ချိုမြိန်လှသည်...အမြဲတမ်း သူ့ကို ဆိုရင် ဆူပုတ်ပုတ်သာ တွေ့ခဲ့ရတဲ့ ကျွန်တော့် အဖို့ အခု Do Kyung Soo ဟာ တစ်ခါ မှတောင် မမြင်ဖူးတဲ့ သူ့ရဲ့ အသည်း ပုံ နှုတ်ခမ်း ပေါ်က အပြုံး တစ်ပွင့် နဲ့ လာရောက် နှုတ်ဆက်နေလေသည်
" အဟမ်း အဟမ်း "
Kim Jongin ခမျှာ Do Kyung Soo အပြုံးကြောင့် ရုတ်တရက်ကြီး ကျောက်ရုပ်ကြီး ဖြစ်သွား ရာ ကနေ Do Kyung Soo ရဲ့ လုပ်ချောင်း ကြီးကြားမှ သူ့မှာ ပြန် သတိ ဝင် လာရသည်
သူတင် ကျောက်ရုပ်ဖြစ်နေတာလား ဆိုပြန်တော့လည်း မဟုတ် သူ ရဲ့သူငယ်ချင်း တစ်စု ဟာလည်း Kyung Soo အပြုံး တစ်ချက်ကြောင့် အသက်တောင်မှ ရှူကြသေးသလားပင်
Kyung Soo မှာ Jongin ဖြစ်သွားတဲ့ ပုံစံကြောင့် စိတ်ထဲမှာ နှစ်နှစ် ခြိုက်ခြိုက် ပြုံးရင်း Jongin ဆီကို လှမ်းကာ သွားလိုက်သည် ပြီးတော့  Jongin လက်မောင်း ကို သူ့လက်နဲ့ ချိတ်လိုက်ရင်း
~ ကျောင်းတူတူ သွားရအောင် လာခေါ်တာလေ
Jongin မျက်ဝန်းတွေဆီ နူးညံ့မှု့ အပြည့် နဲ့ ကြည့်ရင်း ပြောလိုက်တော့ Jongin မှာ ထစ်ထစ် အအ နဲ့
~ သွား သွား ကြတာပေါ့
Kyung Soo သူ Jongin စကားကြောင့် Jongin မမြင်အောင် လှည့်ပြုံး လိုက်ရင်း
Mission 1 တော့ စပြီ Kim Jongin !! မင်း ရူးစေရမယ်
~~~~~~~××××××~~~~~~
Jongin နဲ့ Kyung Soo ကျောင်းထဲကို အတူတူ ဝင်လာတော့ အကုန်လုံး က တအံ့တသြ ကြည့်ကြသည် ခါတိုင်းထက် ပိုထူးဆန်း တာက Kyung Soo က Jongin လက်မောင်းတွေကို ချိတ်ထားတယ် မဟုတ်လား !!
လမ်းလျောက်လာတဲ့ တစ်လျောက် နှစ်ယောက်သား ဘာစကားမှ မဆိုမိပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို အနိုင်ယူ ရမယ် ဆိုတာ တွေးရင်း အာရုံ များနေကြသည်
ဒီကြားထဲ Kyung Soo မကျေနပ်တာ တစ်ခု က အရပ်ပင်..သူက ခါတိုင်းဆို ပုမှန်း မသိသာ ပေမယ့် အခုလို Kim Jongin နဲ့ ယှဉ်လိုက်ချိန်မှာတော့ သူက ခေါင်းတစ်လုံး စာလောက် ပုနေလေသည်
YOU ARE READING
PLAYERS(Z+U)
FanfictionZawgyi + Unicode အရာရာ တိုင်း ပြိုင်ဆိုင်မှု့တွေ ပြင်းထန်နေတဲ့ သူတို ့ ၂ယောက် အကြား တံခါးမခေါက်ဘဲ အချစ်ဆိုတဲ့ အရာ ၀င်ရောက်လာသော အခါ (DiKa/KAISOO) Cover Photo လန်းလန်းလေး လုပ်ပေးတဲ့ Real Tet (Thaeei Toun) ကိုလည်း ကျေးဇူးပါလို...