PLAYERS
Jongin သူဉီးထုပ်ကို အတင်း ဆွဲချွှတ်လိုက်တဲ့ အချိန်မှာတော့ တင်းထားတဲ့ အသည်း ပုံ နှုတ်ခမ်း လေး တစ်စုံ ရယ် ရင်းနှီး လွန်းနေတဲ့ မျက်လုံး ၀ိုင်းဝိုင်းလေးတွေ ကြောင့် သူ ရုတ်တရက် ကြောင်သွား ရသည်
~ Do Kyung Soo
ပါးစပ် ဖျားကနေ သူ့ နာမည် ကိုလည်း ခေါ်ရော ဘယ်ချိန်ကတည်းက အခွင့်အရေး ကို ချောင်းနေတယ် မသိသော Kyung Soo က သူ့ ကို တွန်းလိုက်တာကြောင့် သူ အရှိန်မထိန်း နိုင် ဖြစ်ပြီး နောက်ကို ဖင်ထိုင်လျက် လဲကျသွားသည်
လူတွေဝိုင်းကြည့်နေပေမယ့် CEO တွေ ဘာတွေ ဂရု မစိုက်နိုင်ဘဲ ပြေးသွားတဲ့ ကောင်လေးနောက် သူလည်း အပြေးလိုက်လာခဲ့သည်
* ပြေးထားပါ Do Kyung Soo မကြာခင် အမိ ဖမ်းပြမယ် *
*****×××××××*******
~ Aishhi မောလိုက်တာ သူ က ဘယ်က ဘယ်လို
Kyung Soo သူ ကားပေါ် ရောက်ရောက်ချင်း အမောဖြေကာ ရေသန့်ဘူး တစ်ဘူး ကို ယူပြီး မော့သောက်လိုက်သည်
ဒီအချိန်မှာ တဒိတ်ဒိတ် ခုန်နေသော သူ့ နှလုံး ခုန်သံက ရေသောက်ရုံ နဲ့ အမော မပြေ နိုင်သေး
ဘေးနားက ဖုန်းလေး ကို ကောက်က Baek Hyun ဆီကို ဖုန်းဆက်ကြည့်တော့ သူက Company မှာ ဆိုဘဲ .....နောက်ဆုံးတော့ Kyung Soo လည်း တပ်ခေါက်ကာ အိမ်ပြန်ခဲ့ရသည်
* ဘယ်လိုဘဲဖြစ်ဖြစ် ဒီနေ့ လှုပ်ရှား လို့က မဖြစ်သေးဘူး မလား ဟို တစ်ယောက် ရိပ်မိသွား နိုင်တယ်လေ ဒါပေမယ့် ခက်တာက ရိပ်မိနေပြီလားတောင် မသိ *
~~~~~~~××××××~~~~~~~
Jongin သူ ပြုံးဖြီး နေတဲ့ မျက်နှာနဲ့ Company ထဲဝင်လာတော့ အကုန်လုံးက သူ့ကို ကြည့်နေကြလေရဲ့
ခက်တာက သူမှ မျက်နှာပိုး မသတ်နိုင်သေးတာ
သူ အရမ်းကို မျှော်လင့်ကာ တွေ့ချင်နေတဲ့ သူကို ရုတ်တရက်ကြီး တွေ့လိုက်ရတဲ့ ခံစား ချက်
Do Kyung Soo ရ ဒီတစ်ခါတော့ ငါ မင်း ကို အနိုင် ကစား မှာနော်
စိတ်ထဲကတေ ခပ်တိုးတိုး ပြောရင်း Company Caseတွေကိုတက်တက် ကြွကြွ လုပ်နေမိသည်
အခု သူ ဆုံးရှူံး ထားတဲ့ မြေနေရာ ကလည်း D.O. ဆိုတဲ့ သူ့ရဲ့ ချစ်တုံး ၀ယ်သွားတာ ဆိုတော့ သူ စိတ်မတိုတော့ ဘူးလေ
YOU ARE READING
PLAYERS(Z+U)
FanfictionZawgyi + Unicode အရာရာ တိုင်း ပြိုင်ဆိုင်မှု့တွေ ပြင်းထန်နေတဲ့ သူတို ့ ၂ယောက် အကြား တံခါးမခေါက်ဘဲ အချစ်ဆိုတဲ့ အရာ ၀င်ရောက်လာသော အခါ (DiKa/KAISOO) Cover Photo လန်းလန်းလေး လုပ်ပေးတဲ့ Real Tet (Thaeei Toun) ကိုလည်း ကျေးဇူးပါလို...