PLAYERS
~Kyung Soo ဒါ ဒါတွေက
Kyung Soo တစ်ယောက် သူ့ အခန်းထဲ ပြန်ရောက်ရောက်ချင်း အ၀တ်ဘီဒိုကို ဆွဲဖွင့်ကာ ရှိရှိ သမျှသူ့ အ၀တ်တွေ ကို အိတ်ထဲပြန်သိမ်း နေတာကြောင့် Baek Hyun သူ Kyung Soo လက်ကို ဆွဲရင်း တားလိုက်ချင်းပင်
~ ငါ့ကို လွှတ်ပါ Baekhyun ah...ငါ ငါ ဒီကျောင်းမှာ ဆက်နေဖို့ တကယ် ကို အားမရှိတော့ဘူး ငါ့ ကို ကဲ့ရဲ့ ကြမယ့် မျက်လုံးတွေရဲ့ ဒဏ်ကို ငါ ခံနိုင်မယ် မထင်ဘူး
~ မဟုတ်သေးဘူး Kyung Soo ငါတို့ ရှိတာဘဲ မင်းကို ဘယ်သူမှ မထိစေရဘူးကွာ
ငြိမ်နေတဲ့ Suho Hyung ပါ ၀င်ပြောလေတော့ Kyung Soo ပြုံးလိုက်ရင်း
~ Hyung တို့ သိပါတယ် ကျွန်တော် က ဘယ်လောက်ခေါင်းမာပြီး ဆုံးဖြတ်ထားရင် မပြင်တတ်ဘူး ဆိုတာကို ကျွန်တော့် ကို မတား ကြပါနဲ့တော့နော်
Kyung Soo အပြောကြောင့် အကုန်လုံး ငြိမ်ကျသွားသည် Kyung Soo အကြောင်း ကိုလည်း သူတို့ အသိဆုံးပင် Kyung Soo ဆိုတဲ့ သူတို့ သူငယ်ချင်း က ဆုံးဖြတ်ပြီးပြီဆိုရင်လည်း ဘယ်တော့မှ မပြင်တတ်သလို လူတစ်ယောက်ကို စိတ်နာပီမုန်းပြီ ဆိုရင်လည်း အငြိုး ကြီးတတ်တယ် မဟုတ်လား
သူတို့ အကုန် စိတ်မကောင်း ဖြစ်ကြပေမယ့် နောက်ဆုံးတော့ ဘယ်လို မှ တားမရ ခဲ့တာကြောင့် အကုန်လုံး ၀မ်းနည်းစွာ နဲ့ နှုတ်ဆက်ခဲ့ကြသည်
ငိုနေတဲ့ သူတို့ကို ထွက်သွားမယ့် Kyung Soo ကတောင် အားပေးရင်း
* သေချာပေါက် မနက် ကျရင် Kim Jongin များ ဒီကို ရောက်လာခဲ့ရင် သူ့ကို ပြောပေးပါ ကျွန်တော် က ရောက်ရာ အရပ် ကနေ သူ့ကို မုန်းနေမယ် လို့ Friday 13 ကိုလည်း ဘယ်တော့မှ မေ့မှာ မဟုတ်လို့ အကြွေး လည်း ပြန်ယူဖို့ ပြန်လာခဲ့မယ်လို့ *
Kyung Soo စကား ကို နားထောင်ပြီး Jongdae တို့လည်း နာနာကျည်းကျည်း ပြုံးလိုက်သည် သုတို့တွေလည်း Kim Jongin ကို အရမ်း မုန်းပါသည်
~~~~~~~~~×××××××~~~~~~~~
~ Jongin လာပါကွာ သွားရအောင် အခန်း ပြန်ကြစို့ မနက်မှ ငါတို့ရော လိုက်ပြီး တောင်းပန်ပေးမယ်လေ
YOU ARE READING
PLAYERS(Z+U)
FanfictionZawgyi + Unicode အရာရာ တိုင်း ပြိုင်ဆိုင်မှု့တွေ ပြင်းထန်နေတဲ့ သူတို ့ ၂ယောက် အကြား တံခါးမခေါက်ဘဲ အချစ်ဆိုတဲ့ အရာ ၀င်ရောက်လာသော အခါ (DiKa/KAISOO) Cover Photo လန်းလန်းလေး လုပ်ပေးတဲ့ Real Tet (Thaeei Toun) ကိုလည်း ကျေးဇူးပါလို...