*****Part 16****

7.1K 785 74
                                    



~ အချစ်ပြိုင်ပွဲ??

Kyung Soo မျက်လုံးတွေဝိုင်းစက်လာကာ တအံ့တသြ ပြန်မေးလိုက်သည်

Kim Jongin ဆိုသည့် သူ့ရှေ့က သူကြီးကတော့ လက်ကို ပိုက်ကာ ခပ်မိုက်မိုက် ရပ်ရင်း

~ Yap ?? အချစ်ပြိုင်ပွဲလေ ဘယ်လိုလဲပြိုင်ချစ်ရဲလား

Jongin ကပြုံးစစ နဲ့ မေးတော့ Kyung Soo တစ်ယောက် ဒေါ သတွေထွက်လာကာ

~ ချစ်စရာ လား ငါက မင်းကို အဟက် ငါက မင်းကို မုန်းနေတာ ကွ

Kyung Soo အပြောကြောင့် Jongin က ထပ်ကာ ရယ်လိုက်ရင်း

~ ဆိုလိုတာက Kyung Soo က ကိုယ်ကို ကြောက်တယ်ပေါ့ ကိုယ့်ကို ပြိုင်မချစ်ရဲဘူးပေါ့ ဟုတ်လား

~ စိတ်ကို မ၀င်စားတာ

Kyung Soo ပြောရင်း လှည့်ထွက်ခဲ့သည် ..ဘာတဲ့ အချစ်ပြိုင်ပွဲတဲ့ ရယ်စရာ ကောင်းတာ သူက ဒီလို ပြိုင်ပွဲမျိုးကို သူက အရူး ထပြီး ပြိုင်စရာလား

Kyung Soo ပွစိစိ နဲ့ ပြောရင်း လှည့်ထွက်လာခဲ့သည်

~Do Kyung Soo

နောက်ကနေ လှမ်းအော်လိုက်တဲ့ Jongin ကြောင့် Kyung Soo ယောင်ယမ်း ကာ ထပ်မံလှည့်ကြည့် လိုက်သည်

~ Kyung Soo က တကယ် ကိုယ့်ကို မပြိုင် ရဲဘူးပေါ့ ကျောင်းထဲက ကိုယ်က Kyung Soo ကို နိုင်လာတာ အားတောင် နာလာ ပြီ

Jongin စကား ကြောင့် ဒေါ သကြီး လွန်းတဲ့ Kyung Soo တစ်ယောက် ထုံးစ အတိုင်း ဒေါသတွေ ထွက်လာကာ ခြေလှမ်း ကြဲကြီး တွေနဲ့ လျောက်ရင်း Jongin နားလည်း ရောက်ရော

~ စိတ်ပြောင်း သွားပြီ မင်းစိန်ခေါ် တာကို ငါ သဘော တူတယ် အချစ်ပြိုင်ကြမယ်

Kyung Soo စကားကြောင့် Jongin ၀မ်းသာ အားရနဲ့ လက်ဖြောက် တစ်ချက် တီးလိုက်သည်
~ Ok လေ တစ်ပတ် အတွင်း ကိုယ် က မင်းကို ပိုချစ် ပြနိုင်တယ် ဆိုရင် တစ်လ အတွင်း ကိုယ့်ကို လက်ထပ် ရမယ် ဘယ်လို လဲ ??

~ ok ငါ သဘော တူတယ် ဒါမယ့် ငါက တစ်ပတ်အတွင်း မင်းကို ပိုချစ် ပြနိုင်တယ် ဆိုရင်တော့ အဲ့နေ့က နေ စပြီး မင်းက ငါ့ အရုပ် ဖြစ်သွားပြီ အဲ့နေ့က စပြီး မင်းတစ်ဘ၀ လုံးစာ အတွက် ငါ ပိုင်သွားပြီ

PLAYERS(Z+U)Where stories live. Discover now