*****Part 20*****

6.6K 774 70
                                    

PLAYERS

Jongin ဆီ ရောက်လာတဲ့ Msg လေး တစ်စောင်ဟာ Jongin တစ်ကိုယ်လုံးရဲ့ အားတွေရော နှလုံးသား တစ်စုံ လုံးရောပါ ဆွဲနှုတ် ခံလိုက်  ရသလို ဖြစ်သွားသည်

အရုပ်ကျိုးပျက် အောက်ကို ထိုင်ချရင်း ပါးပြင်ပေါ် စီးကျ လာတဲ့ မျက်ရည်တွေကို မသုတ်မိ

ဖုန်းကို ကျစ်ကျစ် ပါအောင် ကိုင်ထားရင်း နှုတ်ခမ်း ထက်ကနေ သူ့  နာမည် ကို တသသ ရေရွတ်နေခဲ့ မိသည်

သူ သိခဲ့တယ်

သူ ရိပ်မိ ခဲ့တယ်

သူဟာ Kyung Soo မျက်နှာကို တစိမ့် စိမ့် ကြည့်နေခဲ့သူမို့ Kyung Soo မျက်နှာ ပေါ် က အပြောင်း အလဲ တချို့ ကို သူ မြင်ခဲ့တယ်

Kyung Soo သူ့ အပေါ် မှာ ရက်စက် ပြီး အခုလို လုပ်သွားနိုင်တယ် ဆိုတာလည်း သူကြိုတွေးမိတယ်

ဒါပေမယ့် ဉီးနှောက်က သတိ ပေးခဲ့သော်ငြား နှလုံးသား က Kyung Soo ကို ရူးလောက်အောင်ထိ သေလောက်အောင်ထိ  ချစ်ခဲ့သော် ကြောင့် ဉီးနှောက်ရဲ့ အမိန့်ကို  နှလုံးသား က လက်မခံ နိုင်သော အခါ

သူ Kyung Soo ကို သိပ်ချစ်တဲ့ စိတ်ကြောင့် အလျော့ ပေးထားပြီးသား ပါ

ဒါပေမယ့် ဒါပေမယ့် အခုလို လုပ်သွားတော့ သူ တကယ် ကို ခံနိုင်ရည် မရှိတော့ ဘဲ ရူးတော့ မယ် ထင်တယ်

~ Jongin Kim Jongin ဘာဖြစ်နေတာလည်း ပြောလေ

အရုပ် ကျိုး ပျက် ထိုင်ချ နေတဲ့ သူ့ကို မြင်တော့ ChanYeol တို့ အားမရစွာ မေးမိသည်

သူ့ ဆီက အဖြေ ကို မကြားရတော့ သူ့လက်ထဲက ဖုန်းကို ဆွဲယူ လိုက်သူက Sehun

ဖုန်းထဲက Msg ကို ဖတ်ပြီး ပေါက်ကွဲကာ ဖုန်းကို အဝေး သို ပစ်လိုက် မိသည် အထိ

~ Jongin ရာ မင်း အဲ့လောက်ထိ ခံစား မနေနဲ့ သူ့ ဘက်ကတောင် ပျက်နိုင်တာ မင်းကလည်း ပြတ်နိုင်ကြောင်း ပြလိုက်စမ်းပါ

Sehun အားမရစွာ ပြောတော့ Jongin က အားမရှိတဲ့ လေသံနဲ့

~ ငါမှ မပြတ်နိုင်တာ

~ ဒါမယ့် ဘာဆက်လုပ်မှာလဲ Kim Jongin အရူးရဲ့ နောက်ထပ် သတို့သား တစ်ယောက် ရောက်မလာ တဲ့  ပွဲကို မင်းက  ဘာ အရူး ထပြီး လုပ်ဉီး မှာလဲ သူတောင် လုပ်ရက်တာ မင်းမို့ကွာ
အနေအေးတဲ့ Kris Hyung က ပြောတော့ Jongin ဘာမှ ပြန်မပြောမိ သူ ဘာလုပ် ရမှာလဲ?? သူက ရော ဘာဆက်လုပ်လို့ ရမှာလဲ?? ဖိတ်ကြားထားတဲ့ ပရိသတ်တွေ အသိုင်းအ၀ိုင်းကြီးက သူတွေ ဆွေမျိုးတွေကို သူတို့ မိဘတွေ ဘယ်လို မျက်နှာ ပြရမှာလဲ ?? Kyung Soo က ထွက်ပြေးသွားတော့ မျက်နှာ မပြနိုင် ဖြစ်နေမယ့် Kyung Soo မိဘတွေရော ?? ပြီးတော့ သူရော ဘာဆက်လုပ်ကြရမှာလဲ??

PLAYERS(Z+U)Where stories live. Discover now