FLUTTER [Z]

7.1K 377 56
                                    

F L U T T E R


အမှတ်​တမဲ့ ကိစ္စ​တွေအားလုံး အမှတ်​တရမဖြစ်​လာ​ပေမဲ့လို့.... အမှတ်​တရ​တွေ အားလုံးက​တော့ အမှတ်​တမဲ့အဖြစ်​က​နေ ဘဝ​ပြောင်းလာတာချည်းပါပဲ။

Nabi နဲ့ သူနဲ့ကြားမှာ... အမှတ်​တရ​ဖြစ်​လာမဲ့ အမှတ်​တမဲ့​လေး​တွေ အများကြီး ​ရှိ​နေခဲ့​တယ်​​လေ။

~-•- 나비노래 -•-~

မတ်​လဆန်းရဲ့ တနင်္ဂ​နွေ​နေ့တစ်​​နေ့။ အပူချိန်​က ငါးဒီဂရီသာသာရယ်​... မနက်​ဆယ့်​တစ်​နာရီ​ပေမဲ့လည်း ပလက်​​ဖောင်း​ပေါ်မှာ လူ​တွေစိပ်​​နေတုန်းပင်​။

Nabi ဆိုသည့်​ ကျွန်​မက လူတောတိုးရတာထက်​ အိပ်​ရာ​ပေါ်မှာ ​စောင်​တစ်​လုံးနှင့်​ လုံး​ထွေး​နေရတာကို ပိုသ​ဘောကျ​ပေမဲ့ မထွက်​မ​ဖြစ်​နီးပါး အ​ခြေအ​နေကို ​ရောက်​​နေတာမို့ မတတ်​နိုင်​။ Headphone ​ရော earphone ​ရောက လက်​ဝါးချင်းရိုက်​ တိုင်​ပင်​ထားသလား မှတ်​ရ​အောင်​ တစ်​ညတည်းပျက်​သွား​တော့ Seo Nabi ​တို့သီချင်းနား​ထောင်​စရာ မရှိပဲ ဟာတာတာကြီး ဖြစ်​​နေတယ်​​လေ။ အထက်​တန်း​ကျောင်းသူ ကျွန်​မရဲ့ ရင်​ထဲမှာ စာထက်​ သီချင်း​တွေက ​နေရာပိုယူ​နေတာ​တော့ ဘယ်​တတ်​နိုင်​ပါ့မလဲ​နော်​....

နှင်း​တွေကျမ​နေ​ပေမဲ့ ​လေက​တော့ ​အေးစိမ့်​စွာ တိုက်​ခတ်​​နေတာမို့ လည်​ပင်းမှာ ပတ်​လာသည့်​ ဖြူဆွတ်​ဆွတ်​ မာဖလာ​၏ အစွန်းက သိုး​မွေးအလုံး​သေး​သေး​လေး​တွေက ကျွန်​မရဲ့ ဆံပင်​​စ​တွေနဲ့အတူ ​လေထဲမှာ တဖျတ်​ဖျတ်​လွင့်​​နေသည်​။ ​သိုး​မွေးဦးထုပ်​သာမပါရင်​ ဒီ​နေ့အဖို့ နှာ​စေး​တော့မှာ ​သေချာသည်​။

ခြေလှမ်းသွက်​သွက်​​လျှောက်​ရင်းက ရည်​ရွယ်​သည့်
ဆိုင်​ထဲ ချိုးဝင်​မိ​တော့မှ ​လေက အတိုက်​ရပ်​​တော့သည်မို့ ​လျော့ရဲရဲဖြစ်​စပြု​နေသည့်​ ကျွန်​မရဲ့ လည်​ပင်း​ပေါ်က မာဖလာ​လေးကို ​နေရာတကျ ပြင်​လိုက်​မိသည်​။

"အာ့!"

"အား!"

ရုတ်တရတ်​ ကမ္ဘာပျက်​သလို ပြိုင်​တူထွက်​လာသည့်​ ​အော်​သံကျယ်​နှစ်​ခု​ကြောင့်​ ခပ်​လှမ်းလှမ်းက ​ဈေးဝယ်​သူနှစ်​​ယောက်နှင့်​ ဆိုင်​ဝန်​ထမ်းနှစ်​​ယောက်​က ပြိုင်​တူ လှည့်​ကြည့်​ကြသည်​။ ကျွန်​မလည်းပဲ ​ဘေးကို လှမ်းကြည့်​လိုက်​မိ​တော့ ကျွန်​မထက်​ နှစ်​လက်​မ​​လောက်​ မြင့်​နိုင်​သည့်​ အရပ်နှင့်​ ​ကောင်​​လေးတစ်​​ယောက်​။ နီးကပ်​စွာ ​ဘေးချင်းကပ်​ရပ်​​နေသည်​မို့ သူ့နှုတ်​ခမ်းစွန်း​လေးက မှဲ့​လေးတစ်​လုံးကိုပင်​ မြင်​​နေရသည်​အထိ။ အသားဖြူလွန်း​တော့ ထိုမှဲ့​လေးက​ သေး​ပေမဲ့ ထင်း​နေသည်​​လေ။

လိပ်ပြာတေးချင်း (나비노래) [BaekhyunxOC]Where stories live. Discover now