အပိုင်း ၎

191 27 1
                                    

သူမဟာသူ့ရဲ့လူတွေကိုသတ်ပီးထွက်ပြေးခဲ့တယ်။မင်းသားလေးဆီကိုပေါ့။မင်းသားလေးရဲ့လူတယောက်အဖြစ်နဲ့နေဖို့ဆုံးဖြတ်ခဲ့တယ်။သူမဟာမင်းသားလေးရဲ့မိန်းမတဦးအနေနဲ့နေချင်ခဲ့တယ်။ကျားမျိုးနွယ်စုတွေရှုံးပီးမင်းသားလေးတို့အနိုင်ရခဲ့တယ်။ဒါပေမယ့်ကျးမျိုးနွယ်စုတွေဟာအချိန်မရွေးပြန်တိုက်ခိုက်လာနိုင်တယ်။
~~~~~~~~~~~~~~~~~~
Yeollie
Yeollieဟာသူမကိုမင်းသားလေးကခေါ်နေပေမယ့်လဲနောက်ကိုသာဆုတ်သွားခဲ့တယ်။
သူမရဲ့မျိုးနွယ်ဝင်တွေကတော့ သူမလေးကိုမင်းသားလေးရှေ့တွန်းပို့ခဲ့တယ်။
မင်းသားလေးဟာYeollieကို Phoenix Heart ကိုပေးခဲ့တယ်။တောင်ပိုင်းပြည်နယ်ကိုကာကွယ်ဖို့ပေါ့။တနည်းပြောရရင်မင်းသားလေးဟာသူ့ရဲ့မိဖုရားအဖြစ်တော်ကောက်လိုက်ခြင်းပင်။
မင်းဟာဒီစွမ်းအားကိုအသုံးပြုပီးပြည်သူတွေကိုကာကွယ်ရမယ်လို့ပြောခဲ့တယ်။
ကျွန်မမလုပ်နိုင်ဘူး။
ကျွန်မစွမ်းအားကိုမထိနိးချုပ်နိုင်ဘူး။
ကျွန်မကသာမာန်လူသားတဦးပါ
လူသားတွေဟာမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်နိုင်ကြတယ်။
Yeollieလဲမင်းသားလေးရဲ့သဘောကိုလက်ခံခဲ့တယ်။သူတို့နှစ်ယောက်ကြားမှာနှုတ်စကားနဲ့မပြောပေမယ့်ရင်ထဲကသိနေတဲ့ချစ်ခြင်းမေတ္တာတွေရှိနေခဲ့တယ်။သူမလေးဟာမီးစွမ်းအားကိုအသုံးမချတက်သေးသလိုမထိန်းလဲချုပ်နိုင်သေးဘူး။
ဒါပေမဲ့လဲမင်းသားလေးကတော့သူမလေးဘေးကနေသင်ကြားပေးနေခဲ့တယ်။
ဖီးနစ်ကတောင်ပိုင်းရဲ့အစောင့်ပဲ။နူးညံ့ပေမယ့်စွမ်းအားပြင်းတယ်။ဒါကြောင့်ဒီရတနာလေးထဲထည့်ထားခဲ့တာ။မင်းရဲ့နှလုံးသားကနေအာရုံပြုပီးမီးစွမ်းအားတွေကိုမင်းခန္ဓာကိုယ်အနှံ့ဖြန့်ကျက်ထားလိုက်ပါ။ထိန်းချုပ်လို့ရလာပါလိမ့်မယ်။မီးတောက်ကိုမင်းလိုသလိုထိန်းချုပ်လို့ရတယ်။သူမလေးဟာမီးတောက်ကိုထိန်းချုပ်နိုင်သွားတဲ့အတွက်ပျော်ရွှင်နေသလိုမင်းသားလေးဆီကိုလဲသူမလေးရဲ့အပျော်တွေကူးစက်ခဲ့တယ်။
မင်းသားလေးဟာသူမလေးကို
သူဟာသိကြားမင်းရဲ့သားတော်ပါလို့ပြောပြခဲ့တယ်။သိကြားမင်းကိုလဲတိုင်တည်ပီးချစ်သစ္စာတည်ခဲ့တယ်။ပြီးတော့သူမလေးဟာမင်းသားလေးရဲ့ရင်သွေးကိုဖွားမြင်ပေးပီးလောကကြီးကိုမိခင်သလွယ်စောင့်ရှောက်မယ်လို့ပြောခဲ့တယ်။မင်းသားလေးဟာချစ်မြတ်နိုးစွာနဲ့ပဲသူမလေးကိုထွေးပွေ့ထားခဲ့တယ်။
ဒါကိုမင်းသားလေးဆီအရောက်လာခဲ့တဲ့
Min ah ကမြင်သွားခဲ့ပီးသူမရဲ့ဒေါသတွေဟာအသက်ပြန်ဝင်ခဲ့တယ်။မနာလိုမုန်းတီးမှုတွေဖြစ်တည်လာခဲ့တယ်။
~~~~~~~~~~~~~~~~~|~
ဒါဆိုမင်းသားလေးကYeollieကိုချစ်သွားတာပေါ့နော်။
မင်းသားလေးဟာသူမကိုတချိန်လုံးကြည့်နေခဲ့တာလေ။သိကြားမင်းကသူ့သားကိုလူသားတွေကိုအုပ်ချုပ်ဖို့လွှတ်လိုက်တာလေ။ဒါပေမယ့်မင်းသားလေးကYeollieရဲ့မျက်ရည်ကြောင့်ခံစားခဲ့ရတယ်။
ဟင် ဒါပေမယ့် Min ah ကတော့မင်းသားလေးကိုချစ်နေတာလေ။
အဲ့ဒါကပြသာနာတခုပဲလေ။
ချစ်တယ်ဆိုတာကောင်းကင်ဘုံရဲ့ဆန့်ကျင်ရာပဲ။ဆုတောင်းတွေဟာမပြည့်ပါဘူး။
~~~~~~~~~~~~~~~~~~
Min ah ကသူ့မျိုးနွယ်စုတွေဆီပြန်သွားခဲ့တယ်လေ။
ပြောသံကြားတာကတော့အဲ့ကောင်မလေးဆီမှာမင်းသားလေးရဲ့ရင်သွေးရှိနေပီတဲ့။
Min ah ကရင်သွေးဆိုတဲ့အသံကြားပီးသူမရဲ့အမုန်းတရားကပိုကြီးထွားလာခဲ့တယ်။
သူမဟာဆုံးဖြတ်ချက်တခုကိုလဲချခဲ့တယ်။
မင်းသားလေးလုပ်ခဲ့သလိုမင်းသားလေးဆီကနေအဖိုးတန်ဆုံးအရာတခုကိုပြန်ယူမယ်လို့ပေါ့။

မြင့်မြတ်နှလုံးသားပိုင်ရှင်Hikayelerin yaşadığı yer. Şimdi keşfedin