နွေမှာ နှင်းတွေ ကြွေကျပြီး ဆောင်းမှာ မိုးတွေ ရွာသွန်းခဲ့မယ်ဆိုရင် ဘာတွေ ဖြစ်လာမှာလဲ ??
~*•~*•~*•~*•~*•~
#နွေ#
မီးလို ပူတဲ့ အပူရှိန်တွေနဲ့ တငွေ့ငွေ့
တောက်လောင်နေတဲ့ ရာသီဥတုကြီးမှာ#နှင်း#
အအေးဓာတ်တွေခြုံလွှမ်းထားပြီး ဖြူစင်နူးညံ့တဲ့ ငွေရောင်မြူမှုန်လေးတစ်ပွင့်
ကြွေကျ လာခဲ့မယ် ဆိုရင် ??
နွေ နဲ့တူတဲ့ Jeon Jung Kook ဆိုတဲ့
ကောင်လေးတစ်ယောက် နှင်းနဲ့ တူတဲ့
Kim Tae Hyung ဆိုတဲ့ ကောင်မလေး
ယောင်ဆောင်ထားတဲ့ ကောင်လေးနှင့်
ဆုံစည်းခဲ့သောအခါJeon Jung Kook Pov:
*မင်း ငါ့ကို ပြုံးပြတဲ့ အခါတိုင်း
ငါမင်းကိုမုန်းတယ်*ဘာလို့လဲဆိုတော့ မင်းကို စွဲလမ်းရူးသွပ်တဲ့စိတ်တွေ ပိုမို ပြင်းထန်လာလို့
*မင်းနှုတ်ခမ်းက စကားလေးတွေ
ခြွေချလိုက်တိုင်း ငါမင်းကို မုန်းတယ်*ဘာလို့လဲဆိုတော့ မင်းအပြောလေးတွေမှာပဲ
နစ်မျောသွားပြီး ငါ့နှုတ်က စကားသံတွေ ဆွံ့အကုန်လို့*ငါမင်းကို မြင်တွေ့နေရတိုင်း
မင်းကို မုန်းတယ်*ဘာလို့လဲ ဆိုတော့ မင်းကို မြင်လေ ပိုပိုပြီး
ချစ်လာလေ ဖြစ်နေမိလို့Kim Tae Hyung Pov:
*ငါနဲ့တွေ့တိုင်း အမြဲစူပုတ်ပြီး အလိုမကျဖြစ်နေတတ်တဲ့ မင်းကိုချစ်တယ်*
*ငါနဲ့တွေ့တိုင်း အရယ်အပြုံးမရှိပဲ အမြဲမာထန်နေတဲ့ မင်းမျက်နှာလေးကို ချစ်တယ်*
*ငါ့ကိုပြောတိုင်း ဆူငေါက်တဲ့ စကားလုံးကလွဲပြီး ကျန်တာထွက်ကျမလာတဲ့ မင်းစကားသံလေးကိုလဲ ချစ်တယ်*
YOU ARE READING
"နွေမှာကြွေတဲ့နှင်း ဆောင်းမှာရွာတဲ့မိုး" [Completed]
Romanceနွေမှာ နှင်းတွေ ကြွေကျပြီး ဆောင်းမှာ မိုးတွေ ရွာသွန်းမယ်ဆိုရင် ??? မဖြစ်သင့်တဲ့ သူတွေ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အခြေအနေမှာ ဖြစ်လာလိမ့်မယ်လို့ ယူဆထားခြင်း မရှိတဲ့ အချစ်စစ်တစ်ခုဟာ ထူးဆန်းစွာ ပေါက်ဖွားလာခဲ့မယ်ဆိုရင် ???? (Taekook & JiYoon)