ကျွန်မတို့ နှစ်ယောက် စီးနင်းလိုက်ပါလာသည့် Taxi ကားဖြူလေးက J&J Model Agency ရှေ့ရောက်လာပြီး ကားရပ်လိုက်တော့ Driver ဦးလေးကြီးကို ကျသင့်ငွေရှင်းပေးပြီး ကားပေါ်မှ ဆင်းလိုက်သည်. . . ။မြင့်မားသော အထပ်အလွှာပေါင်းများစွာနှင့် ခန်းနားထည်ဝါလှပသော J&J Agency အဆောက်အဦးရှေ့ ခြေချမိသည်နှင့် တပြိုင်နက် တဒုတ်ဒုတ် ပိုခုန်လာတဲ့ ရင်ခုန်သံတွေနှင့် တရိပ်ရိပ်ယိုင်ထိုးပြီး တုန်ချင်လာတဲ့ ကြောက်ဒူးတွေကြောင့် စိတ်ကို မနည်းဖြေလျော့ကာ အားတင်းနေရပေသည်. . . ။
Agency ထဲ မ၀င်ခင် စိတ်လျော့တဲ့အနေနဲ့ လေကို အားရပါးရ ရှူရှိုက် အသက်ကို၀၀ရှူသွင်းပြီး အားမွေးရင်းက
"Tae မကြာခင်မှာ Interview ဖြေရတော့မယ် ဘယ်လို ခံစားနေရလဲဟင် ?? "
"Hae တော့ ရင်တွေ အရမ်းခုန်နေပြီ သိလား"
Tae ရော ကျွန်မလိုပဲ ရင်တွေခုန်နေမလား စိတ်တွေလှုပ်ရှားနေလေမလား အဖော်စပ်တဲ့အနေနဲ့ သိချင်စိတ်လေးနဲ့ မေးလိုက်တော့
"Nadu !! ~~
အင်တာဗျူးမဲ့သူတွေရှေ့ တလွဲတွေ ဖြစ်ကုန်မလား အမှားတွေလျှောက်ပြောမိမလား စိတ်ပူလို့ ဂနာမငြိမ်ဖြစ်လာပြီ"Tae လဲ ကျွန်မလိုပဲ စိတ်လှုပ်ရှားနေတာကို မနည်းစိတ်ထိန်းထားတဲ့ပုံလေးနဲ့ ကျွန်မလက်ကို လာဆုပ်ကိုင်ရင်း ပြောတယ်
ကျွန်မလဲ Tae ရဲ့ လက်လေးကို ပြန်အုပ်မိုးပြီး ဆုပ်ကိုင်လိုက်ရင်း
"အင်းနော် တလွဲတွေဖြစ်မှာကို စိုးရိမ်တယ်"
"ဒါပေမဲ့ ဘာမှစိတ်မပူပါနဲ့ Hae တို့ အကောင်းဆုံးလုပ်နိုင်မှာပါ ဟုတ်တယ်မလား"
Ajar Ajar Fighting !!
စိတ်ဓာတ်ခွန်အား မြှင့်တင်လိုက်တော့ မျက်လုံးလေးတွေလဲ အရောင်ပြန်တောက်လာပြီး ယုံကြည်မှုလေးတွေ ပြန်လည်နှိုးထလာသလို ခံစားလိုက်ရသည်။
Ajar Ajar Fighting !!
Tae လဲ လက်သီးလေးဆုပ်ပြီး ကျွန်မပြောသလို လိုက်ပြောရင်း တစ်ယောက်ကို တစ်ယောက်ပြုံးပြုံးလေးနဲ့ ကြည့်ပြီး အားပေးနေမိကြသည်။
YOU ARE READING
"နွေမှာကြွေတဲ့နှင်း ဆောင်းမှာရွာတဲ့မိုး" [Completed]
Romanceနွေမှာ နှင်းတွေ ကြွေကျပြီး ဆောင်းမှာ မိုးတွေ ရွာသွန်းမယ်ဆိုရင် ??? မဖြစ်သင့်တဲ့ သူတွေ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အခြေအနေမှာ ဖြစ်လာလိမ့်မယ်လို့ ယူဆထားခြင်း မရှိတဲ့ အချစ်စစ်တစ်ခုဟာ ထူးဆန်းစွာ ပေါက်ဖွားလာခဲ့မယ်ဆိုရင် ???? (Taekook & JiYoon)