ရောင်စုံအိမ်မက်တစ်ခု
ပြိုကွဲသွားချိန်မျှော်လင့်ခြင်းနှလုံးသား
ကြေမွလေတော့ဒီအချိန်မှာ
ကျန်တာမလိုအပ်ပါဘူးစာနာနားလည် ဖေးကူသူ
ကြည်ဖြူစွာနဲ့ ကမ်းလင့်ပေးမဲ့
လက်တစ်စုံပဲ လိုချင်တယ် ...•°<<•°<<•°<<•°<<•°<<•°<<•°<<•°
မင်း ...... မင်းက ??
Gwiyomi !! ... maja ??
တစ်စုံတစ်ခုကို အထင်အရှား မှတ်မိသွားလေသောအခါ တိကျပိုင်နိုင်စွာဖြင့် ပြတ်သားစွာ ပေါ်ထွက်လာသည့် စူးရှကျယ်လောင်သည့် အသံက တိတ်ဆိတ်ငြိမ်သက်နေခဲ့တဲ့ နေရာနဲ့ အချိန်ကာလတစ်ခုကို လေအဟုန်ကဲ့သို့ မဆိုင်းမတွ ဖြိုခွင်းလိုက်သည်...။
ကန်ဘောင်ပေါ်ရှိ ကျောက်ရုပ်ပမာ မတုန်မလှုပ်နဲ့ ရပ်နေတဲ့ လူသားမှာတော့ ၀ိုင်းစက်ပြီး ကျယ်ဝန်းလှတဲ့ မျက်လုံးအိမ်မှာ ပေါ်လွင်နေတဲ့ ကြောက်ရွံ့မှုတွေက
အထင်းသား ...။သူဟာ Gwiyomi ဆိုတာကို နှုတ်ဖြင့်ထုတ်ဖော်ဝန်ခံစရာ မလိုလောက်အောင်ပင် မူပျက်နေသည့် သူ့သွင်ပြင်သဏ္ဌာန်က ဖော်ပြနေသည် ...။
စိတ်ထဲတွင်တော့
" သူ ... သူ ... မှတ်မိသွားပီ ... ငါ ... ငါဘယ်လို လုပ်ရမလဲ ?? "
ထိတ်လန့်စွာ တောင်တွေးမြောက်တွေးဖြင့် မည်သို့မည်ပုံ ဖြေရှင်းရမလဲ အဖြေရှာရင်း တဖက်ကလဲ
"ဟွင်း ငါ့ကို nickname ပေးထားတာကလဲ Gwiyomi တဲ့လား "
ဟု အတွေးတချက်က မသိမသာ ၀င်လာလိုက်သေးသည် ....။
အတွေးတွေ လွင့်မြောရင်းက အသိနှင့် ခန္ဓာပြန်ကပ်ချိန်မှာတော့
ဘယ်အချိန်ထဲက ကန်ဘောင်ပေါ် ပြေးတက်လာလိုက်မှန်းမသိသည့် ... သူ ...က ရှေ့တည့်တည့်မှာ ။ပြီးတော့ ရုတ်တရက် လက်ကို လှမ်းကာဆွဲကိုင်လိုက်သည့် သူ့ရဲ့လက်တစ်ဖက်က ...အေးစက်စွာ...။
"ဒီမှာ ကြာကြာနေရင်
တခြားသူတွေ မြင်သွားလိမ့်မယ်
လာ ... ငါ့နောက် လိုက်ခဲ့ "
YOU ARE READING
"နွေမှာကြွေတဲ့နှင်း ဆောင်းမှာရွာတဲ့မိုး" [Completed]
Romanceနွေမှာ နှင်းတွေ ကြွေကျပြီး ဆောင်းမှာ မိုးတွေ ရွာသွန်းမယ်ဆိုရင် ??? မဖြစ်သင့်တဲ့ သူတွေ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အခြေအနေမှာ ဖြစ်လာလိမ့်မယ်လို့ ယူဆထားခြင်း မရှိတဲ့ အချစ်စစ်တစ်ခုဟာ ထူးဆန်းစွာ ပေါက်ဖွားလာခဲ့မယ်ဆိုရင် ???? (Taekook & JiYoon)