နက်နက်ရှိုင်းရှိုင်း
ချစ်ဖူးတဲ့ အချစ်တခု
အမုန်းသို့ အလွယ်တကူ
ကူးပြောင်းနိုင်ပါ့မလား Baby... ၊
တကယ်ဆို ကိုယ် မင်းကို
မုန်းလိုက်ချင်သည် ၊သို့ပေမဲ့ ....
I Wanna Hate
©©©©©©©©©©©
"တောက် ...."
နာကြဉ်းစိတ်၊ ခံပြင်းစိတ်နဲ့အတူ ဒေါသတကြီးပြုလုပ်လိုက်မိတဲ့ တောက်ခေါက်သံခပ်ကျယ်ကျယ်ကြောင့် ရလာတဲ့ ရလဒ်က ကိုယ့်ထံသို့ အံ့အားသင့်မှု ၊ ကြောက်လန့်မှုတွေ ရောပျွန်းနေတဲ့ မျက်ဝန်းအကြည့်တွေ ။
မိမိရှေ့မှာ ရှိနေတဲ့ ထိုလူသားသုံးယောက်က မိမိရဲ့ ယုံကြည်မှုတွေ ချစ်မြတ်နိုးမှုတွေကို ပေးအပ်ထားခဲ့မိတဲ့ အရင်းနှီးဆုံး လူသားတွေ ။
အခုတော့ .... အခုတော့
Jeon Jungkook
Kim Tae Hyung
Yoon Hae Yarသုံးယောက်ပေါင်းပြီး Park Jimin ဆိုတဲ့ ငါ့နောက်ကျောကို ဓားနဲ့ ထိုးခဲ့တာတဲ့လား ?
တယောက်က ကိုယ် အယုံကြည်ဆုံး အားအကိုးဆုံးဖြစ်ပြီး ဟိုးနှစ်များစွာကထဲက အလုပ်အတူတူ တွဲလုပ်လာတဲ့ ငယ်သူငယ်ချင်း။
တယောက်က ဖြူစင်တဲ့မော်ဒယ်မလေးလို့ ထင်ပြီး နှစ်သက်သဘောကျခဲ့မိတဲ့သူ ။ ကိုယ့်ရဲ့ သူငယ်ချင်းနဲ့ ချစ်သူတွေ ဖြစ်နေပြီ ထင်ပြီး အသာတကြည်တောင် နောက်ဆုတ်ပေးခဲ့လိုက်သေးတာ။
နောက်ဆုံးတယောက်ကတော့ ကိုယ့်ရဲ့ အချစ်တွေကို တကယ်ပေးအပ်လိုက်မိတာ သူပါလို့ ယုံကြည်ပြီးနောက် တကယ့်ကို မြတ်မြတ်နိုးနိုးနဲ့ ချစ်မိသွားခဲ့မိတဲ့သူ ၊ နှလုံးသားက သူမှသူ ဖြစ်တဲ့ အထိ ရူးသွပ်ခဲ့တာ။
"ဟက် အခုတော့ အားလုံးက တလွဲ"
ငါအမုန်းဆုံး၊ အရွံဆုံးဖြစ်တဲ့ အလိမ်အညာတွေကိုမှ ပိုက်ထွေးပြီး ငါအနားမှာ ရှိနေခဲ့ကြတာတဲ့လား။
မုန်းတယ် ...ငါ မင်းတို့ အကုန်လုံးကို မုန်းတယ် ။
ဒေါသမျက်လုံးတွေနဲ့ သုံးယောက်လုံးကို စိုက်ကြည့်နေရာမှ အကြည့်ကိုလွှဲလိုက်ကာ ရှေ့သို့ ဆက်မတိုးတော့ဘဲ သူတို့နဲ့ ဝေးရာသို့ သွားရန် လှည့်ပြန်မည်အလုပ်
ESTÁS LEYENDO
"နွေမှာကြွေတဲ့နှင်း ဆောင်းမှာရွာတဲ့မိုး" [Completed]
Romanceနွေမှာ နှင်းတွေ ကြွေကျပြီး ဆောင်းမှာ မိုးတွေ ရွာသွန်းမယ်ဆိုရင် ??? မဖြစ်သင့်တဲ့ သူတွေ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အခြေအနေမှာ ဖြစ်လာလိမ့်မယ်လို့ ယူဆထားခြင်း မရှိတဲ့ အချစ်စစ်တစ်ခုဟာ ထူးဆန်းစွာ ပေါက်ဖွားလာခဲ့မယ်ဆိုရင် ???? (Taekook & JiYoon)