လွဲမှားခြင်းများစွာနှင့်
အစပြုခဲ့သော ဇာတ်လမ်းတစ်ပုဒ်
လွဲရင်း လွဲရင်း ...
အလွဲများနဲ့ မွေ့ပျော်နေမိပြီဆိုရင်တော့
သေချာပါသည်...
နောင်လဲ ဆက်ကာ လွဲနေရှာဦးရော့မည် ...။::•::•::•::•::•::•::•::•::•::•::
{ သူက သူက Jeon Jungkook တဲ့လား ?? ဘယ်လိုလုပ်ပြီး ??
Ahh!! Kim Tae Hyung မင်းကတော့ကွာ ဘယ်လိုတောင် လွဲရတာလဲ ??}သူအခန်းထဲဝင်လာတော့ Secretary အချေလေးက ဘာလာလုပ်ပါလိမ့်လို့တောင် ထင်နေမိတာ...။
ဒါပေမဲ့ တာဝန်ခံ Park က သူ့ကို မိတ်ဆက်ပြီးပြီးချင်း Jeon Jungkook ဆိုတဲ့သူ .. သူ့မျက်လုံးတွေက ကျွန်တော်ဆီရောက်လာခဲ့တာကို သိတာပေါ့ ..။
" ဘာတဲ့ Secretary ဟုတ်စ !!
ခုတော့ ဘယ်လိုလဲ သိပြီလား ?? " ဆိုတဲ့ အထာနဲ့ ကြည့်နေတာကြီးကို ... ။ကျွန်တော့်မှာ အံ့သြသင့်လွန်းလို့ ...ပါးစပ်အဟောင်းသားနဲ့ သူ့ကိုပဲ ပြန်ငေးကြည့်နေမိတာ ...
အသက်ရှူဖို့တောင် မေ့လျော့နေမိခဲ့သည်ထင်...။ဒီလောက် မျက်နှာထားတင်းတင်းနဲ့ အချေကိုယ်တော်ချောကိုမှ Secretary လို့ ထင်ယောင်ထင်မှားဖြစ်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်သာ လူကဲခတ်တော်လွန်းလို့ ဆိုပြီး ရွှေတံဆိပ်တွေနဲ့ ဆုချလိုက်ချင်တော့သည်..။
ဒါပေမဲ့ Owner လို့မထင်ဘဲ Secretary လို့ တွေးမိစေခဲ့တဲ့ တရားခံက Hae ~~
Yoon Hae Yar !!"Jeon Jungkook က Paris မှာတဲ့" ဆိုပီး ဘယ်က ကြားလာမှန်း မသိတဲ့ သတင်းအမှားကြီးကို ဒင်းပြောခဲ့တာ ...။ ဒါကြောင့် Paris မှာပဲရှိနေလောက်သေးရဲ့ ပြန်မရောက်လောက်သေးပါဘူးလို့ပဲ တွေးခဲ့မိတာပေါ့...။
အဲ့သတင်းအမှားကို အခြေခံပြီးဖြစ်လာတဲ့ အလွဲတွေကြောင့်မို့ စိတ်တိုတိုနဲ့ အချဉ်ပေါက်လာပြီး Hae ကို စူပုတ်ပုတ်လုပ်ကာကြည့်လိုက်တော့
သူ...တာဝန်ခံ Park Jimin ကို
နှာဘူးArjushi ဆိုပြီး လွဲတုန်းက ကျွန်တော်က အခွင့်သာခိုက်ဆိုပြီး ပိတ်ဟောက်ခဲ့တယ် ...။အခု ကျွန်တော်ကလဲ Secretary ဆိုပြီးလွဲမိတော့ ကျွန်တော် အငေါက်ခံရမဲ့ အလှည့်ဆိုပြီး သူကလဲ စူပုတ်ပုတ်နဲ့ ပြန်ကာ ကြည့်လာတော့ နှစ်ယောက်သား မကျေမချမ်းဖြင့် အလွဲများကို ရင်ဝယ်ပိုက်ရင်း မျက်လုံးချင်း အသံတိတ်စစ်ပွဲသာ ကျင်းပဖြစ်ခဲ့ရတော့သည်...။
ESTÁS LEYENDO
"နွေမှာကြွေတဲ့နှင်း ဆောင်းမှာရွာတဲ့မိုး" [Completed]
Romanceနွေမှာ နှင်းတွေ ကြွေကျပြီး ဆောင်းမှာ မိုးတွေ ရွာသွန်းမယ်ဆိုရင် ??? မဖြစ်သင့်တဲ့ သူတွေ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အခြေအနေမှာ ဖြစ်လာလိမ့်မယ်လို့ ယူဆထားခြင်း မရှိတဲ့ အချစ်စစ်တစ်ခုဟာ ထူးဆန်းစွာ ပေါက်ဖွားလာခဲ့မယ်ဆိုရင် ???? (Taekook & JiYoon)