Episode 26 - Epilogue & Extra

5.7K 439 112
                                    

နွေမှာ နှင်း​တွေ ​ကြွေကျပြီး
ဆောင်းမှာ မိုး​တွေ ရွာသွန်းခဲ့မယ်​ဆိုရင်
ဘာ​တွေ ဖြစ်​လာမှာလဲ ??

မဖြစ်သင့်တဲ့သူတွေ . . .
မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အခြေအနေမှာ. .
ဖြစ်လာလိမ့်မယ်လို့ ယူဆထားခြင်းမရှိတဲ့ . . .
အချစ်​စစ်​တစ်​ခုဟာ ထူးဆန်းစွာ
ပေါက်ဖွားလာခဲ့မယ် ဆိုရင် ???

~*•~*•~*•~*•~*•~

#နွေ#

မီးလို ပူတဲ့ အပူရှိန်​​တွေနဲ့ တ​ငွေ့​ငွေ့​တောက်​​လောင်​​နေတဲ့ ရာသီဥတုကြီးမှာ

#နှင်း#

အ​အေးဓာတ်​​တွေခြုံလွှမ်းထားပြီး ဖြူစင်​နူးညံ့တဲ့ ​ငွေ​ရောင်​မြူမှုန်​​လေးတစ်​ပွင့်​​ ကြွေကျ လာခဲ့မယ်​ ဆိုရင်​ ??

နွေ နဲ့တူတဲ့ Jeon Jung Kook ဆိုတဲ့ ​ကောင်​​လေးတစ်​​ယောက်​ နှင်းနဲ့ တူတဲ့ Kim Tae Hyung ဆိုတဲ့ ​ကောင်​မ​လေး​ယောင်​​ဆောင်​ထားတဲ့ ​ကောင်​​လေးနှင့်​ ဆုံစည်းခဲ့​သောအခါ

Jeon Jung Kook Pov:

*မင်း ငါ့ကို ပြုံးပြတဲ့ အခါတိုင်း ငါမင်းကိုမုန်းတယ်​*

ဘာလို့လဲဆို​တော့ မင်းကို စွဲလမ်းရူးသွပ်​တဲ့စိတ်​​တွေ ပိုမို ပြင်းထန်​လာလို့

*မင်းနှုတ်​ခမ်းက စကား​လေး​တွေ ​ခြွေချလိုက်​တိုင်း ငါမင်းကို မုန်းတယ်​*

ဘာလို့လဲဆို​တော့ မင်းအ​ပြော​လေး​တွေမှာပဲ နစ်​​မျောသွားပြီး ငါ့နှုတ်​က စကား​သံတွေ ဆွံ့အကုန်​လို့

*ငါမင်းကို မြင်​​တွေ့​နေရတိုင်း မင်းကို မုန်းတယ်​*

ဘာလို့လဲ ဆို​တော့ မင်းကို မြင်​​လေ ပိုပိုပြီး ချစ်​လာ​လေ ဖြစ်​​နေမိလို့

.

.

.

.

"နွေမှာကြွေတဲ့နှင်း ဆောင်းမှာရွာတဲ့မိုး" [Completed]Opowieści tętniące życiem. Odkryj je teraz