တိုးတိုးလေးပေမဲ့
ဝိုးတိုးဝါးတားထက်မက
ကြားရတယ် ...ရိုးရိုးလေး ပေမဲ့
အမျိုးမျိုးသော ခံစားချက်တွေ
ပေါင်းစုံလို့ ဖြစ်တည်နေတယ် ...တစ်ခုလောက်တော့ မေးချင်ပါတယ်
ဝဲဘက်နှလုံးအုံက
မင်းဘာကြောင့် အဲ့သလောက်
ခုန်လှုပ်နေရတာလဲကွယ် ...?Why my heart beat so much ?
•°<<•°<<•°<<•°<<•°<<•°<<•°<<•°
အကြောင်းစုံရှင်းပြရင်း ဇာတ်ကြောင်းပြန်လို့ ပြီးသွားသည့်နောက် မောပန်းသွားဟန်ဖြင့် ကျွန်တော့်ရဲ့ စကားပြောခြင်းကို အဆုံးသတ်လိုက်သည့်အခါမှာတော့
မာနမင်းသားလေး တာဝန်ခံ Jeon ထံမှ သက်ပြင်းချသံ တိုးတိုးကြားမိသည် ...။အဲ့နောက် ပြစ်တင်ပြောဆိုဖို့ အားယူလိုက်သည့် သူ့ရဲ့အသွင် ...
ထို့နောက်တော့ နှုတ်ခမ်းပါးပါးကနေ ခရားရေလွှတ် တောက်လျှောက် စီးကျလာတဲ့ စကားတွေက
"မင်းက မင်းရဲ့ အချစ်ဆုံးသူငယ်ချင်းကြီး
Yoon Hae Yar ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ပေးချင်လို့ အခုလို မိန်းကလေးလို သဏ္ဌာန်လုပ် သရုပ်ဆောင်လိုက်ယုံနဲ့
ငါတို့ကို လိမ်လို့ ညာလို့ရပြီး အရာရာအဆင်ပြေသွားလိမ့်မယ်လို့
ထင်နေတာလား ?? "" ဟမ် ပြောစမ်းပါ "
"အခုကိစ္စမှာ လူသိရှင်ကြား ဖြစ်ရပ်မှန်သာ ပေါ်သွားကြည့် မင်းတို့နှစ်ယောက်တင် အိမ်မက်တွေ ပျက်သုဉ်းမှာ မဟုတ်ဘူး ငါတို့ရော ငါတို့နှစ်ယောက်ရောပဲ "
"ပထမဆုံးအနေနဲ့ အဓိက နစ်နာဆုံးရှုံးရမှာ ငါတို့ Agency"
"ငါတို့ Agency ရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာ ဘယ်လိုမှ အဖက်ဆယ်လို့ ရတော့မှာ
မဟုတ်ဘူး ""ခုဆို မင်းတို့နှစ်ယောက် ပထမပွဲမှာ အောင်မြင်ပြီးနောက် "Searching For Star " အစီအစဉ်ကနေတဆင့် မင်းတို့ကို လူသိများနေပီဆိုတာ သိရဲ့လား "
"လူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်လာသလို မင်းကို နှစ်သက်သဘောကျတဲ့ Entertainment တွေလဲ ရှိလာပြီ "
VOCÊ ESTÁ LENDO
"နွေမှာကြွေတဲ့နှင်း ဆောင်းမှာရွာတဲ့မိုး" [Completed]
Romanceနွေမှာ နှင်းတွေ ကြွေကျပြီး ဆောင်းမှာ မိုးတွေ ရွာသွန်းမယ်ဆိုရင် ??? မဖြစ်သင့်တဲ့ သူတွေ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အခြေအနေမှာ ဖြစ်လာလိမ့်မယ်လို့ ယူဆထားခြင်း မရှိတဲ့ အချစ်စစ်တစ်ခုဟာ ထူးဆန်းစွာ ပေါက်ဖွားလာခဲ့မယ်ဆိုရင် ???? (Taekook & JiYoon)