တကယ်ပဲ မဆုံနိုင်အောင် ဝေးရတော့မှာလား
ချစ်ရသူ...နောက်ဆုံးတနေ့မှာ ခုလိုပဲ ဝေးကွာရမယ်မှန်းကြိုသိခဲ့ရင် ကိုယ်လေ မချစ်ဘဲ နေခဲ့မိမှာပါ
နှလုံးသားရဲ့ ဆန္ဒကိုတော့ အတင်းမျိုသိပ်ထားခဲ့ရင်းနဲ့ပေါ့။
______________So Far Away ____________
အခန်းထဲသို့ အကြမ်းပတမ်း တွန်းလွှတ်ကာ ခံရပြီးနောက် မထင်မှတ်စွာဖြင့် လူတစ်ကိုယ်လုံးက သူ့ရဲ့သဘောဆန္ဒအတိုင်း အခန်းအတွင်းသို့ ကရောသောပါးရောက်သွားခဲ့သလို အရှိန်နဲ့ဝင်ရောက်သွားတာမို့ ဟန်ပျက်ကာ ယိုင်နဲ့သွားတဲ့ ခြေထောက်ကြောင့် မားမားမတ်မတ်ပြန်မရပ်နိုင်သေး၍ အနားမှာရှိတဲ့ ထိုင်ခုံ လက်တန်းပေါ်ကိုသာ အသာလက်ထောက်ကာ အားယူလိုက်မိသည်....။
ထိုအခိုက် နားထဲမှာ ကြားလိုက်တာကတော့ အနောက်ဘက်ကနေ တံခါးကို ဆောင့်ပိတ်လိုက်တဲ့ အသံ...။
ပီးနောက် ကျွန်မလက်မောင်းရင်းကနေ အားကြီးနဲ့ ဆုပ်ကိုင်ပြီး သူ့ဘက်သို့ ဆွဲလှည့်ကာ ပွေ့ဖက်ထားလိုက်လေတဲ့ အကြင်သူ။
ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံးကတော့ သူ့ရင်ခွင်အတွင်း လုံးလုံးလျားလျားကို သက်ဆင်းလို့...။ထို့သို့ ဖြစ်သွားတဲ့အချိန်မှာတော့ ကျွန်မ အကြည့်တွေက နီးကပ်လွန်းလှတဲ့အနေအထားရှိနေတဲ့ သူ့ မျက်နှာတော်လေး ထံ၌သာ...။
စူးရှတောက်ပပြီး လှပလွန်းတဲ့ သူ့မျက်ဝန်းလေးက အခုတော့ ကျားရဲတကောင်ရဲ့ အသွင်သဏ္ဌာန်မျိုး အရိုင်းဆန်နေတယ်...။
သူ့မျက်ဝန်းတွေထဲမှာ မြင်ယောင်နေတာက သူဟာ အခုတော့ ကျွန်မ မရင်းနှီးခဲ့ဖူးတဲ့ သူစိမ်းတစ်ယောက်ပမာ စိမ်းကားစွာ အေးစက်လွန်းလှတဲ့ ခံစားချက်ကိုပေးတယ်..။
နွေးထွေးချိုမြိန်မှုနဲ့ လားလားမှ မသက်ဆိုင်တော့တဲ့အလား ခါးသက်လွန်းလှတဲ့ အနက်အဓိပ္ပာယ်ကိုဆောင်တယ်...။
ဒါ့ကြောင့် သူ့မျက်ဝန်းအကြည့်နဲ့ ဝေးရာကိုရှောင်ဖယ်ဖို့ ကြိုးစားကာ အကြည့်တွေကိုတခြားပို့လွှတ်ရင်း မျက်နှာလွှဲလိုက်ချိန်မှာတော့ ကျွန်မမျက်နှာကို သူ့လက်ဖ၀ါးနဲ့ခပ်တင်းတင်းဆွဲလှည့်ပြီး ရုတ်တရက်ဆိုသလို သူ့နှုတ်ခမ်းဖူးဖူးလေးက ကျွန်မနှုတ်ခမ်းပေါ်သို့ ခပ်ကြမ်းကြမ်းကျရောက်လာတယ်...။
CZYTASZ
"နွေမှာကြွေတဲ့နှင်း ဆောင်းမှာရွာတဲ့မိုး" [Completed]
Romansနွေမှာ နှင်းတွေ ကြွေကျပြီး ဆောင်းမှာ မိုးတွေ ရွာသွန်းမယ်ဆိုရင် ??? မဖြစ်သင့်တဲ့ သူတွေ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အခြေအနေမှာ ဖြစ်လာလိမ့်မယ်လို့ ယူဆထားခြင်း မရှိတဲ့ အချစ်စစ်တစ်ခုဟာ ထူးဆန်းစွာ ပေါက်ဖွားလာခဲ့မယ်ဆိုရင် ???? (Taekook & JiYoon)