Episode 14 - Sweetiest Kiss

6.3K 593 160
                                    

Kiss! အနမ်း ??
ချိုမြိန်ရစ်မူး
ညို့ယူဆွဲငင်သော အနမ်း ..။
အချစ်နွံထဲနစ်ရင်း
လမ်းပျောက်စေသော အနမ်း ..။
ချစ်ရသူပေးသော
ထိုအနမ်း
အဘယ့်အတွက်ကြောင့်
အရမ်း ချိုမြိန်လေသလဲ ?

😘"It is Sweetiest Kiss"😘

💝 💝 💝 💝 💝 💝 💝 💝


"ဒေါက် ... ဒေါက် "

အဆက်မပြတ် တဒေါက်ဒေါက်နဲ့ ခေါက်နေတဲ့ အခန်းတံခါးခေါက်သံကြောင့်

"မပြန်သေးဘဲ ဘာလာလုပ်ပြန်တာလဲ ဘာပြောစရာရှိသေးလို့လဲကွာ ??"

တံခါးကိုခပ်ပြင်းပြင်းလေးဆွဲဖွင့်ရင်း
TaeHyung အမှတ်နဲ့ ဟောက်လိုက်မိသည်။

"Jimin !! "

TaeHyung မဟုတ်ဘဲ Jimin ကိုတွေ့ချိန်မှာတော့
အထင်နဲ့အမြင်လွဲသွားသည်မို့ အနည်းငယ် အမူအရာပျက်သွားသယောင်ဖြစ်ကာ အသံခပ်အုပ်အုပ်ဖြင့်သာ သူ့နာမည်ကို ရွတ်လိုက်မိသည် ...။

Jimin ပုံစံက တစုံတရာ အလိုမကျသည့်ဟန် တခုခုကို သိလိုစိတ်ပြင်းပြနေသည့် အရိပ်အရောင်တွေနဲ့မို့ အခန်းထဲကထွက်သွားသည့် TaeHyung ကို သူတွေ့မိလိုက်ပြီဆိုတာ ပြေးကြည့်စရာမလို မေးကြည့်စရာမလိုဘဲ သေချာနေသည်လေ။

"၀င် ... ၀င်... ခဲ့လေ "

အထဲကိုဝင်ဖို့ ခေါ်လိုက်ချိန်မှာ ကတုန်ကယင်နဲ့ အထစ်ထစ်ဖြစ်ချင်နေတဲ့ အသံကြောင့် ကိုယ့်ကိုယ်ကို နားရင်းပိတ်အုပ်ပစ်ချင်စရာ။

အပြစ်လုပ်ထားသူလို အိုးမလုံ အုံပွင့်ပြ နေသယောင် ဖြစ်နေသည်မဟုတ်လား။

လိမ်တာညာတာမကြိုက်သည့် Jimin ရှေ့မို့ အတန်ငယ် ရှိန်နေတာလည်းဖြစ်မည်။

"ဟိုModel Yoon Hae Yar က ဘာလာလုပ်တာလဲ ??"

ထင်တဲ့အတိုင်းပင်။ အခန်းထဲရောက်မဆိုက် Jimin မေးလိုက်သည့်မေးခွန်းက။

"ငါခေါ်ထားတာ"

စဉ်းစားထားတဲ့အတိုင်း နှုတ်က လွှတ်ကနဲထွက်သွားတော့ Jimin က မျက်လုံးပင့်ပြီး ကြည့်လာတယ်။

"နွေမှာကြွေတဲ့နှင်း ဆောင်းမှာရွာတဲ့မိုး" [Completed]Donde viven las historias. Descúbrelo ahora