မှန်ထဲမှာ ပေါ်နေတဲ့ ကိုယ့်ရုပ်ကို မြင်ပြီး
"အဲ့တာဘယ်သူလဲဟင် ??? " လို့ မေးယူရလောက်အောင် အံသြလွန်းလို့ ပြောစရာစကားတောင် လျောလျောရှူရှူ ထွက်ကျမလာတော့ဘဲ နှုတ်ဖျားတင်တစ်နေကာ ဆွံအသွားသည်။"Tae ဘယ်လိုနေလဲ Hae ရဲ့ မိတ်ကပ်ပညာအစွမ်းကို ယုံပြီလား ?? "
Hae Yar မှန်ထဲက Tae ပုံကို ပြုံးပြုံးလေးလှမ်းကြည့်ပြီး မေးနေပေမဲ့
Tae ကတော့ တုတ်တုတ်မှ မလှုပ်။"Tae"
". . . . . "
"Tae"
". . . . ."
"Tae"
". . . . ."
"Kim Tae Hyung !!!!!!!!!!!!!!"
ဟင် ^^ "Wae? Wae ? Hae ဘာလဲဟင် ??"
မှန်ထဲမှာပေါ်နေတဲ့ ကျွန်တော်မဟုတ်တဲ့ ကျွန်တော်ဖြစ်နေတဲ့ ကောင်မလေးရဲ့ပုံကိုသာ ငေးကြည့်ရင်း မျောပါပြီး ကမ္ဘာလောကနဲ့ အဆက်အသွယ် ပြတ်သွားတာ Hae ရဲ့ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်သံကြားတော့မှပဲ အလန့်တကြားဖြစ်ပြီး လက်ရှိလောကကို ပြန်ရောက်လာတော့တယ်. . .။
"အမလေး ခေါ်သံမကြား အော်သံမကြားနဲ့
ပြုံးပြုံးကြီးလုပ်ပြီး မှန်ကို ပေါက်ထွက်မတတ်ကြည့်နေလိုက်တာများ အသက်ရော ရှိမှရှိသေးရဲ့လားလို့ ""ကိုယ့်ရုပ်ကို မမြင်ဖူးတဲ့ အတိုင်းပဲ "
Hae ကတော့ ထုံးစံအတိုင်း တဗျစ်တောက်တောက် လုပ်ရင်း ပြောနေလေပြီ
Hae ပြောလဲ ပြောချင်စရာပဲလေ မှန်ထဲမှာထင်ဟပ်နေတဲ့ ပုံရိပ်လေးက ကျွန်တော်လို့ကို မထင်ရအောင် အရမ်းချစ်ဖို့ကောင်းတဲ့ ကောင်မလေးပုံစံနဲ့ တည်ရှိနေတော့ တကယ့်ကို တခါမှ မမြင်ဖူးတဲ့ သူတစ်ယောက်ကို ကြည့်နေရသလို နစ်မျောသွားမိတာ
အဲ့တာကြောင့်
"ကိုယ့်ရုပ်ဆိုပေမဲ့ ဒီလိုပုံစံ တခါမှ မမြင်ဖူးဘူးလေ"
"ဒါ Tae ဟုတ်ရောဟုတ်ရဲ့လားဟင် ??"လို့
မယုံတ၀က် ယုံတ၀က်နဲ့ မေးလိုက်တော့ Hae က တခစ်ခစ်နဲ့ ရယ်တော့တာပဲ. . . .။
^
^
^
ပြန်စဉ်းစားကြည့်ရရင် မိတ်ကပ်စပြင်ကထဲက မျက်နှာပေါ်ဟိုတို့ ဒီလိမ်းလုပ်နေတာကို ကြည့်ရင်း ကြာတော့ ပျင်းလာတာနဲ့ ကြိုက်သလိုသာပြင်ဆိုပြီး Haeလက်ထဲကို မျက်နှာတစ်ခုလုံး ဝါးကွပ်အပ်ကာ အပီအပြင် အိပ်လိုက်တာ ခုနိုးလဲနိုးလာရော လူအသစ်ဖြစ်ပြီး ကမ္ဘာအသစ်ရောက်သွား
သလိုပဲ အံ့သြသင့်စေတဲ့ ခံစားချက်က အနှိုင်းမဲ့စေပြန်တယ်. . . ။
YOU ARE READING
"နွေမှာကြွေတဲ့နှင်း ဆောင်းမှာရွာတဲ့မိုး" [Completed]
Romanceနွေမှာ နှင်းတွေ ကြွေကျပြီး ဆောင်းမှာ မိုးတွေ ရွာသွန်းမယ်ဆိုရင် ??? မဖြစ်သင့်တဲ့ သူတွေ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အခြေအနေမှာ ဖြစ်လာလိမ့်မယ်လို့ ယူဆထားခြင်း မရှိတဲ့ အချစ်စစ်တစ်ခုဟာ ထူးဆန်းစွာ ပေါက်ဖွားလာခဲ့မယ်ဆိုရင် ???? (Taekook & JiYoon)