အချစ်ဆိုတဲ့ စကားလုံးကို လူတွေက အမျိုးမျိုး သတ်မှတ်ကြတယ်။တစ်ချို့က ပေးဆပ်မှု၊တစ်ချို့ကတော့ ရယူပိုင်ဆိုင်မှု။အချိန်တွေကြာလာတာနဲ့အမျှ အချစ်ရဲ့ အဓိပ္ပါယ်တွေက ပိုပိုများလာတယ်။
အချစ်ဆိုတာ မွေးကတည်းက သင်ယူစရာမလိုဘဲ တတ်မြောက်လာရတဲ့ ဘာသာရပ်တစ်ခု။ပထမဆုံးအနေနဲ့ ငယ်ရွယ်စဉ်ဘဝက မိဘကိုချစ်မယ်။မောင်နှမကိုချစ်မယ်။အသက်အနည်းငယ်ကြီးလာတော့ သူငယ်ချင်းကိုချစ်တယ်။အရွယ်ရောက်လာတဲ့ အချိန်မှာကျတော့ သူစိမ်းတစ်ယောက်အပေါ်ချစ်တတ်လာမယ်။
ဆယ့်ငါး၊ဆယ့်ခြောက် ဆိုတာ စိတ်ကစားတတ်တဲ့အရွယ်တဲ့။ဟုတ်ပါတယ်။အဲ့အသက်အရွယ်မှာဆို ဘယ်သူမဆို အနည်းဆုံးချစ်မိသူတစ်ယောက်၊မချစ်ဘူးဆိုရင်တောင် သဘောကျမိသူတော့ရှိမှာပဲ။ရှင်းရှင်းပြောရရင် crush တစ်ယောက်တော့ရှိမှာ သေချာတယ်။မရှိရင်တော့ နှလုံးသားမရှိသူလို့ပဲ စွပ်စွဲပါရစေ။
Soo လည်း crush ရှိခဲ့ဖူးတယ်။အခုထိလည်း ရှိနေတုန်းပါပဲ။ဒါပေမဲ့ အဲ့ရှိခဲ့ဖူးတဲ့ crush ဆိုတာ တစ်ယောက်တည်းပဲ။စရင်ခုန်တတ်တဲ့အချိန်ကတည်းက crush မိခဲ့တာ သူတစ်ယောက်တည်းပါ။သူ့နာမည်က Chanyeol တဲ့။Soo ကိုတော့ သူက ချစ်မယ်မထင်ပါဘူးလေ။ချစ်ဖို့နေနေသာသာ သတိတောင် ထားမိမယ်မထင်ဘူး။
Soo နဲ့ သူ စသိခဲ့တာ အလယ်တန်ဒုတိယနှစ်ထဲကပါ။သူက အရမ်းအချောကြီးတော့ မဟုတ်ပေမဲ့ နည်းနည်းတော့ နာမည်ကြီးတယ်။အရပ်ကလည်း ရှည်လိုက်တာမှ မိုးထိုးနေတာပဲ။Soo နဲ့ဆို လုံးဝ it ဆိုတဲ့အတိုင်းပဲ။အသားလေးကလည်း ဖြူ လိုက်တာမှ။စာကလည်း တော်သလားမမေးနဲ့။စာမေးပွဲတစ်ခုပြီးလို့ တစ်ကျောင်းလုံးပထမ ဘယ်သူလဲ မေးရင် သူပဲ။Soo ကတော့လား။ဘယ်တော့ကြည့်ကြည့် နောက်ဆုံးကနေရင် တစ်ပဲ။
Soo တစ်ယောက် ကျောင်းကို စောစောလာပြီးတော့ ထုံးစံအတိုင်းပဲ Yeol Locker လေးထဲမှာ Lollipop လေးထည့်ပြီး သူမအခန်းဆီပြန်လာတယ်လေ။ဖြစ်ချင်တော့ Yeol ကလည်းကျောင်းစောစောလာတာနဲ့ Soo. တစ်ယောက် Lollipop လာပေးတာ မမြင်ပေမဲ့ Soo ခေါင်းမှာစည်းထားတဲ့ ပုဝါလေး လွင့်ကျလာတာတွေ့လိုက်ပြီး Soo ကိုလှမ်းခေါ်လိုက်တယ်။
YOU ARE READING
Crush
RomanceWritten by Eingyin Kaisoo Soo ဆိုသော ဝတုတ်မလေးနဲ့ သူမချစ်ရသော Park Chanyeol ဆိုတဲ့ ကောင်လေးကြားမှာ ဘာတွေဖြစ်လာမှာလဲ။ Yeol ကရော Soo ဆိုတဲ့ ကောင်မလေးကို စိတ်ဝင်စားမည်လား။