Episode-16
~ခုကျတော့ အရင်ကလောက်တော့ မဟုတ်တော့ဘူး။ဒါမဲ့...နည်းနည်းတော့ စိတ်ဝင်စားသေးတယ်။ချစ်တာတော့ မဟုတ်ဘူး။ငါပြောချင်တာက Kai က အရပ်ရှည်တယ်။ရုပ်လည်းချောတယ်။အသားအရည်ကလည်း Sexy ကျတယ်။အဲ့တော့ ဘာပဲဖြစ်ဖြစ် ငါလည်း မိန်းကလေးဆိုတော့ ဒီလိုယောက်ျားလေးမျိုးကို စိတ်ဝင်စားမိတာပေါ့။ချစ်တာ မဟုတ်ဘူး။ငါပြောတာ နားလည်တယ်မလား Soo...
Baekkie ကသာ အားတက်သရော ရှင်းပြနေပေမဲ့ Soo ကတော့ အူကြောင်ကြောင်မျက်နှာဖြင့်သာ ကြည့်နေပြီး အဝတ်အစားတွေကို နေရာတကျ ထားလိုက်သည်။
~ဟီး...နင်ပြောတာကို အမှန်တိုင်းပြောရရင် နားမလည်ဘူး။ထားပါတော့ဟာ။ငါပင်ပန်းလို့ ရေချိုးလိုက်ဦးမယ်။ပြီးရင် နင့်ကို Channie နဲ့ တရားဝင် မိတ်ဆက်ပေးမယ်။သေသေချာချာပေါ့။
~နင်မမိတ်ဆက်လည်း နင်အရင်တုန်းက ခဏခဏ ပြောပြလို့ နင့်ချစ်သူအကြောင်း နားရည်ဝနေပါပြီ။ဒါနဲ့ နင့်ကို သူက စဝန်ခံတယ်လို့ ကြားတယ်။နင့်ကို ဘယ်ကနေ ဘယ်လို ချစ်သွားတာတဲ့လဲ။ငါ အဲ့အချက်ကိုတော့ စိတ်ဝင်စားတယ်။
~အဲ့တာတော့ ငါလည်း မသိဘူး။နောက်မှ မေးကြည့်ရမယ်။ငါရေချိုးတော့မယ်။တော်တော်ပင်ပန်းနေပြီ။
~အင်း...
Soo နဲ့ Baekkie ရေချိုး၊အဝတ်အစားလဲပြီးတော့ Yeol တို့ဘက်ကို ထွက်လာသည်။Yeol တို့ကလည်း Soo တို့ဘက် ထွက်လာသည်မို့ လမ်းတစ်ဝက်မှာ တွေ့ကြသည်။
~Kyungie...ကိုယ့်ဆီ လာတာလား။
~အွန်း...Channie ကို Baek နဲ့ သေသေချာချာမိတ်ဆက်ပေးမလို့လေ။Jongin နဲ့လည်း သေချာ မမိတ်ဆက်သေးရဘူးလေ။
~ကိုယ်ကတော့ Kyungie ကို လွမ်းလို့ လာတွေ့တာကို။Kyungie ကတော့ ကိုယ့်ကိုမလွမ်းဘူးပေါ့။
~အာ...အဲ့လိုတော့ မဟုတ်ပါဘူး။Soo လည်း လွမ်းတာပေါ့။ဒါ...Soo ငယ်ငယ်ကတည်းက သူငယ်ချင်း Byun Baekkie။သူကျောင်းပြောင်းသွားလို့ Channie တောင် Soo တို့ အခန်းပြောင်းလာတာလေ။မှတ်မိတယ်မလား။Jongin နင်ရော မှတ်မိလား။
ČTEŠ
Crush
RomanceWritten by Eingyin Kaisoo Soo ဆိုသော ဝတုတ်မလေးနဲ့ သူမချစ်ရသော Park Chanyeol ဆိုတဲ့ ကောင်လေးကြားမှာ ဘာတွေဖြစ်လာမှာလဲ။ Yeol ကရော Soo ဆိုတဲ့ ကောင်မလေးကို စိတ်ဝင်စားမည်လား။