Jongin တစ်ယောက် Soo ကို သူမအခန်းထိ ပြန်လိုက်ပို့ပေးပြီး သူ့အတန်းဖက် ပြန်လာခဲ့တယ်။Soo သူမနေရာလေးမှာ ထိုင်နေရင်း လူတစ်ယောက်ဝင်လာတိုင်း Yeol များ ဖြစ်မလားဆိုပြီး စောင့်မျှော်နေပေမဲ့ မုန့်စားကျောင်းတက်သည်အထိ Yeol က ပေါ်မလာသောကြောင့် Soo အခန်းထဲက ထွက်မလို့ပြင်ကာ ထလိုက်တော့မှ Yeol က အခန်းထဲဝင်လာပြီး သူ့နေရာဖြစ်တဲ့ Soo ဘေးက ခုံမှာ ထိုင်လိုက်တယ်။ပြီးတော့ Soo စားပွဲပေါ် တင်ထားတဲ့ ရေဘူးကို သောက်လိုက်ပြီး အမောဖြေနေတုန်း
Soo:Yeol နင်ဘာလို့ အဲ့လောက်ကြာနေတာလဲ။
Yeol:Hanna ပေါ့ဟာ။ငါ့ကို Special Class ကို အတင်းပြန်ပြောင်းခိုင်းနေလို့။အဲ့တာ မနည်းငြင်းပြီး ထွက်ပြေးလာရတယ်။
Soo သူမ လွယ်အိတ်ထဲက တစ်ရှုးထုတ်ပြီး Yeol ကို ပေးလိုက်ကာ
Soo:နင့်မျက်နှာမှာ ချွေးတွေချည်းပဲ။သုတ်လိုက်ဦး။
Yeol တစ်ရှုးကို Soo ဆီပြန်ပေးလိုက်ပြီး
Yeol:ငါအခု ချွေးထွက်ရတာ နင့်ကြောင့်ဆိုတော့ နင်ပဲသုတ်ပေး။
Soo ရယ်လိုက်ပြီး
Soo:ငါနဲ့ဘာဆိုင်လို့လဲဟ။
Yeol:ဆိုင်တာပေါ့။ငါနင့်ကြောင့် Hanna ကျောင်းပြောင်းဖို့ ပြောတာကို ငြင်းပြီး ထွက်ပြေးလို့ အခုလို ချွေးထွက်တာပေါ့။
Soo လည်း သူ့ကို ကလေးဆန်ဆန်ပြောနေတဲ့ Yeol ပုံစံကြောင့် ပြုံးလိုက်မိပြီး Yeol မျက်နှာက ချွေးတွေ သုတ်ပေးဖို့ လုပ်တော့ Yeol က မျက်လုံးလေးမှိတ်ပြီး စောင့်နေလေရဲ့။
Soo တစ်ယောက် Yeol ကို ချွေးသုတ်ပေးနေတုန်း သူမတို့ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေတဲ့ အတန်းထဲက လူတွေကို သတိထားမိလာပြီး သူမပါးလေးရဲသွားကာ Yeol မျက်နှာမှ ချွေးသုတ်ပေးနေတဲ့ သူမလက်တွေကို အောက်ချလိုက်ပြီး မျက်လုံးဖွင့်ကြည့်လာတဲ့ Yeol လက်ထဲကို တစ်ရှုး အသစ်တစ်ရွက် ထည့်ပေးလိုက်ပြီး
Soo:နင့်ဘာသာ သုတ်တော့။
Yeol လည်း သူ့မျက်လုံးတည့်တည့်ကို မကြည့်ဘဲ ခေါင်းကို အောက်ငုံ့ပြောနေတဲ့ Soo ကို သူ့လက်ဖြင့် ခေါင်းကို မော့စေလိုက်တယ်။ပြီးတော့ Soo ပါးလေးတွေ ရဲနေတာကြောင့် နှာဖူးကို သူ့လက်တင်ကာ စမ်းကြည့်လိုက်တော့ Soo က သူ့နှာဖူးပေါ်က Yeol လက်ကို ပုတ်ထုတ်လိုက်ပြီး
YOU ARE READING
Crush
RomanceWritten by Eingyin Kaisoo Soo ဆိုသော ဝတုတ်မလေးနဲ့ သူမချစ်ရသော Park Chanyeol ဆိုတဲ့ ကောင်လေးကြားမှာ ဘာတွေဖြစ်လာမှာလဲ။ Yeol ကရော Soo ဆိုတဲ့ ကောင်မလေးကို စိတ်ဝင်စားမည်လား။