Crush Episode(12)

755 75 2
                                    

Episode-12

~ဘာလို့လဲဆို​တော့....ငါ...နင့်​ကို ချစ်​တယ်​ Kyung Soo။ဟုတ်​တယ်​...ငါနင့်​ကို ချစ်​​နေမိပြီ​။ငါ နင်​နဲ့ Kai ကို အတူတူ တွဲမြင်​​နေရတာ မကြိုက်​ဘူး။

~Yeol...နင်​ ​​နောက်​​နေတာမလား။

~ဟင့်​အင်း။ငါမ​နောက်​ဘူး။ငါတကယ်​​ပြော​နေတာ။အစတုန်းက​တော့ ငါ့ကိုယ်​ငါ ​သေချာမသိခဲ့​ပေမဲ့ အခု​တော့ ​သေချာသွားပြီ။ငါနင့်​ကို ချစ်​တယ်​။

Yeol ရဲ့ အတည်​​ပြော​နေသည့်​ ပုံစံ​ကြောင့်​ Soo အံ့သြလာရသည်​။မျက်​လုံး​လေးကလည်း နဂိုထက်​ပင်​ ပြူးလာရသည်​။ခြေဖျား၊လက်​ဖျား​လေး​တွေပင်​ ​အေးစက်​လာသည်​။ပါးစပ်​​လေးကလည်း ဟလို့။Yeol က​တော့ Soo ဖြစ်​​နေသည့်​ပုံစံ​လေး​ကြောင့်​ သ​ဘောတကျရယ်​လိုက်​ရင်း Soo ရဲ့ နှာ​ခေါင်းလုံးလုံး​လေးကို ဆွဲကာ

~ငါ​ပြောတဲ့စကားက ဒီ​လောက်​ အံသြစရာ ပါလို့လား။

Soo...Yeol ဆွဲလိုက်​သည်​​ကြောင့်​ နာသွားသည့်​ သူ့နှာ​ခေါင်းလုံးလုံး​လေးကို ပွတ်​လိုက်​ပြီး Yeol အား ​မော့ကြည့်​လာကာ

~ပါတာ​ပေါ့။Yeol က စာ​တော်​တယ်​၊​ရုပ်​​ချောတယ်​။Soo က စာညံ့တယ်​။ရုပ်​ကလည်း မ​ချောဘူး။ဝကလည်း ဝ​သေးတာကို။အဲ့တာကို Yeol က Soo ကို ချစ်​တယ်​ဆို​တော့ မအံသြဘဲ ​နေမလား။

နှုတ်​ခမ်း​လေး ပွစိပွစိဖြင့်​ ​ပြော​နေသည့်​ Soo ကို Yeol ဖက်​လိုက်​ပြီး

~Soo...ငါနင့်​ကို ချစ်​တယ်​ဆိုတာ အ​ပေါ်ယံရုပ်​ရည်​ကို ကြည့်​ပြီး ချစ်​ခဲ့တာမှ မဟုတ်​တာ။ငါချစ်​တာ Do Kyung Soo ဆိုတဲ့ နင့်​ကို​လေ။နင်​ရဲ့ ခန္ဓာကိုယ်​ကိုမှ မဟုတ်​တာ။အဲ့တာ​ကြောင့်​မို့ အံ့သြမ​နေနဲ့​နော်​။

~ဒါ​ပေမဲ့​လေ...ငါတကယ်​ မယုံနိုင်​ဘူး။

Soo ​တွေး​တွေးဆဆ​လေးဖြင့်​ ​ပြော​တော့ Yeol ပြုံးကာ Soo နဖူး​လေးကို နမ်းလိုက်​ပြီး Soo မျက်​လုံးတည့်​တည့်​ကို ကြည့်​ကာ

~ခု ယုံပြီးမလား။ငါ့ကို စဉ်းစား​ပေး​နော်​ Soo။အခု​တော့ အိမ်​ထဲဝင်​​တော့။မနက်​ကျ ငါ လမ်းထိပ်​ကပဲ ​စောင့်​​နေမယ်​။

CrushWhere stories live. Discover now