Crush Episode(1)

3.5K 191 6
                                    

အချစ်​ဆိုတဲ့ စကားလုံးကို လူ​တွေက အမျိုးမျိုး သတ်​မှတ်​ကြတယ်​။တစ်​ချို့က ​ပေးဆပ်​မှု၊တစ်​ချို့က​တော့ ရယူပိုင်​ဆိုင်​မှု။အချိန်​​တွေကြာလာတာနဲ့အမျှ အချစ်​ရဲ့ အဓိပ္ပါယ်​​တွေက ပိုပိုများလာတယ်​။

အချစ်​ဆိုတာ ​မွေးကတည်းက သင်​ယူစရာမလိုဘဲ တတ်​​မြောက်​လာရတဲ့ ဘာသာရပ်​တစ်​ခု။ပထမဆုံးအ​နေနဲ့ ငယ်​ရွယ်​စဉ်​ဘဝက မိဘကိုချစ်​မယ်​။မောင်​နှမကိုချစ်​မယ်​။အသက်​အနည်းငယ်​ကြီးလာ​တော့ သူငယ်​ချင်းကိုချစ်​တယ်​။အရွယ်​​ရောက်​လာတဲ့ အချိန်​မှာကျ​တော့ သူစိမ်းတစ်​​ယောက်​အ​ပေါ်ချစ်​တတ်​လာမယ်​။

ဆယ့်​ငါး၊ဆယ့်​​ခြောက်​ ဆိုတာ စိတ်​ကစားတတ်​တဲ့အရွယ်​တဲ့။ဟုတ်​ပါတယ်​။အဲ့အသက်​အရွယ်​မှာဆို ဘယ်​သူမဆို အနည်းဆုံးချစ်​မိသူတစ်​​ယောက်​၊မချစ်​ဘူးဆိုရင်​​တောင်​ သ​ဘောကျမိသူ​တော့ရှိမှာပဲ။ရှင်းရှင်း​ပြောရရင်​ crush တစ်​​ယောက်​​တော့ရှိမှာ ​သေချာတယ်​။မရှိရင်​​တော့ နှလုံးသားမရှိသူလို့ပဲ စွပ်​စွဲပါရ​စေ။

Soo လည်း crush ရှိခဲ့ဖူးတယ်​။အခုထိလည်း ရှိ​နေတုန်းပါပဲ။ဒါ​ပေမဲ့ အဲ့ရှိခဲ့ဖူးတဲ့ crush ဆိုတာ တစ်​​ယောက်​တည်းပဲ။စရင်​ခုန်​တတ်​တဲ့အချိန်​ကတည်းက crush မိခဲ့တာ သူတစ်​​ယောက်​တည်းပါ။သူ့နာမည်​က Chanyeol တဲ့။Soo ကို​တော့ သူက ချစ်​မယ်​မထင်​ပါဘူး​လေ။ချစ်​ဖို့​နေ​နေသာသာ သတိ​တောင်​ ထားမိမယ်​မထင်​ဘူး။

Soo နဲ့ သူ စသိခဲ့တာ အလယ်​တန်​ဒုတိယနှစ်​ထဲကပါ။သူက အရမ်းအ​ချောကြီး​တော့ မဟုတ်​​ပေမဲ့ နည်းနည်း​တော့ နာမည်​ကြီးတယ်​။အရပ်​ကလည်း ရှည်​လိုက်​တာမှ မိုးထိုး​နေတာပဲ။Soo နဲ့ဆို လုံးဝ it ဆိုတဲ့အတိုင်းပဲ။အသား​လေးကလည်း ဖြူ လိုက်​တာမှ။စာကလည်း ​တော်​သလားမ​မေးနဲ့။စာ​မေးပွဲတစ်​ခုပြီးလို့ တစ်​​ကျောင်းလုံးပထမ ဘယ်​သူလဲ ​မေးရင်​ သူပဲ။Soo က​တော့လား။ဘယ်​​တော့ကြည့်​ကြည့်​ ​နောက်​ဆုံးက​နေရင်​ တစ်​ပဲ။

Soo တစ်​​ယောက်​ ​ကျောင်းကို ​စော​စောလာပြီး​တော့ ထုံးစံအတိုင်းပဲ Yeol Locker ​လေးထဲမှာ Lollipop ​လေးထည့်​ပြီး သူမအခန်းဆီပြန်​လာတယ်​​လေ။ဖြစ်​ချင်​​တော့ Yeol ကလည်း​ကျောင်း​စော​စောလာတာနဲ့ Soo. တစ်​​ယောက်​ Lollipop လာ​ပေးတာ မမြင်​​ပေမဲ့ Soo ​ခေါင်းမှာစည်းထားတဲ့ ပုဝါ​လေး လွင့်​ကျလာတာ​တွေ့လိုက်​ပြီး Soo ကိုလှမ်း​ခေါ်လိုက်​တယ်​။

CrushWhere stories live. Discover now