Crush Episode(5)

1.3K 141 4
                                    

မနက်မိုးလင်းတော့ Soo ရယ်၊Yeol ရယ်၊Kai ရယ် Soo တို့အိမ်မှာပဲ မနက်စာစားပြီးတော့ ကျောင်းသွားဖို့ တူတူထွက်လာတော့ လမ်းမှာ Soo ရော၊Yeol ရော စကားတစ်ခွန်းမှမပြောဘဲပြုံးစိစိဖြင့်သာ ဖြစ်နေကြသောကြောင့် Kai ကြားက ကြောင်တောင်တောင်ဖြစ်နေတာပေါ့။Kai ညက သူအခန်းထဲသွားအိပ်မှ Yeol နဲ့ Soo တစ်ခုခုများ ဖြစ်ခဲ့သေးလား ဆိုပြီး စိတ်ပူနေတာပေါ့။နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ

Kai:Soo နဲ့ Chanyeol နင်တို့စကားမပြောဘဲနဲ့ ဘာကိစ္စပြုံးစိစိမျက်နှာတွေ ဖြစ်နေကြတာလဲ။ငါမသိဘဲနဲ့များ နင်တို့တစ်ခုခု...

Soo:ဘာတစ်ခုခုလဲ။ချောကလက်စုတ်နော်။ပေါက်တတ်ကရတွေ လျှောက်မပြောနဲ့နော်။ငါ့ဘာသာ ပျော်စရာတစ်ခုရှိလို့ အဲ့ကိစ္စကို ပြန်တွေးပြီး ပြုံးနေမိတာပါနော်။

Yeol:ငါလည်း အဲ့လိုပဲ။ပျော်စရာကိစ္စရှိလို့ပါကွာ။

Kai:အင်းပါ ပြီးတာပဲ။ဒါနဲ့ Soo ငါ့မွေးနေ့ရောက်တော့မယ်နော်။လက်ဆောင် ဘာပေးမှာလဲ။

Soo:နင် ဘာလိုချင်တာလဲ ပြောလေ။ငါပေးမယ်။

Kai:တကယ် ငါလိုချင်တာပေးမှာလား။

Soo:အင်း တကယ်နင်လိုချင်တာပေးမယ်။

Kai:Soo ကတိနော်။

Soo ရယ်ကာ ခေါင်းညှိပ်ပြလိုက်ပြီး

Soo:ကတိပါရှင်။

Yeol'pov:ဒီကောင် Dyo ဆီက ဘာတောင်းမို့လဲ မသိဘူး။Dyo ကို ဖွင့်ပြောတော့မှာလား မသိဘူး။ဟာကွာ....ဘာလို့ စိတ်ထဲမှာ ဒီလောက်ရှုပ်နေရတာလဲ မသိဘူး။

Yeol:Dyo မနေ့က ငါရှင်းပြနားလည်လား။

Soo:နားလည်ပါတယ်ဟ။ကျန်တဲ့ပုစ္ဆာလေးတွေ ဒီနေ့ရှင်းပြနော်။

Yeol:Omm နေ့လည်မုန့်စားကျောင်းဆင်းရင် ငါနင့်ဆီလာခဲ့မယ်နော်။ငါ့မှာ သူငယ်ချင်းဆိုလို့ နင်နဲ့ ဒီကောင်ပဲရှိတာ။

Soo:ငါ့မှာလည်း အခင်ဆုံးဆိုလို့ နင်ရယ်၊ဒီချောကလက်တုံးကြီး၊Baekkie ရယ် နဲ့ နောက်တစ်ယောက်ပဲရှိတာ။

Kai:ငါ့ကျတော့ ချောကလက်တုံးတဲ့။ပြူးမ အကျင့်ကို မကောင်းဘူး။ဒါနဲ့ နောက်တစ်ယောက်ဆိုတာ ဘယ်သူလဲ။ငါတို့မသိတဲ့သူလား။ယောက်ျားလေးလား။

CrushWhere stories live. Discover now