ညနေ ကျောင်းဆင်းတော့ Kai ကျောင်းတံခါးပေါက်မှာ စောင့်နေတာပေါ့။Soo လည်း အရင်ကလို Yeol ကိုစောင့်ပြီး ဓာတ်ပုံခိုးရိုက်ချင်ပေမဲ့ Kai ရှိနေတာကြောင့် အတန်းဆင်းတာနဲ့ ကျောင်းတံခါးပေါက်ကို လာခဲ့ရတယ်။Soo လည်း Kai နောက်သွားကာ နောက်က ရိုက်လိုက်ပြီး
Soo:Choco သွားမယ်။
Kai:အဲ့တာ ဒီတိုင်းပြောလည်းရရဲ့သားနဲ့။သူများအသားကို နာအောင်လုပ်တယ်။Soo အစုတ်ပလုတ်။
Soo Kai နားရွက်ကို ဆွဲလိုက်ပြီး
Soo:ဘာ Soo အစုတ်ပလုတ်။နင်အဲ့လိုပဲပြောရလား Kim Jongin ကိုယ့်ထက်အကြီးကို မရိုမသေနဲ့။
Kai:Yarr Soo ငါ့ကို လွှတ်ပေးဟာ။ကျောင်းရှေ့ကြီးမှာ သူများတွေကြည့်ကုန်
Kai ပြောလို့မဆုံးသေးဘူး ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိတဲ့ Yeol က မျက်နှာရှစ်ခေါက်ချိုးနဲ့ Kai ကို ဂုတ်ကနေကိုင်ပြီး Soo နားရွက်ဆွဲထားရာမှ လွတ်အောင်လုပ်ပေးလိုက်တယ်။ပြီးတော့လည်း သူမဟုတ်သလို ပြန်ထွက်သွားတယ်။Soo လည်း ပထမကြောင်နေရာမှ သတိဝင်လာပြီး
Soo:Yeol
Yeol Soo ခေါ်သံကြားတော့ တစ်ချက်ပြုံးလိုက်ပြီးမှ ရုပ်ကိုပြန်တည်ကာ လှည့်ကြည့်လိုက်ပြီး.ဘာလဲ ဆိုတဲ့သဘောဖြင့် မေးဆတ်ပြတော့
Soo:ငါနဲ့ Jongin ရေခဲမုန့်သွားစားမလို့။လိုက်ခဲ့ပါလား။
Yeol:ငါသွားစရာရှိသေးတယ် Kyung Soo။
Soo:လုံးဝလိုက်လို့မရဘူးလားဟင်။
Kai:Soo ကလည်း လိုက်လို့မရမဲ့သူကို အတင်းခေါ်နေတယ်။လာ ငါတို့ဘာသာ သွားမယ်။
Yeol'pov:အာ...ဒီကောင်လုပ်တာနဲ့ နည်းနည်းတောင် မူလို့မရတော့ဘူး။
Yeol:လိုက်လို့တော့ ရပါတယ်။သွားကြမယ်လေ Kyung Soo။
Kai:ဒါနဲ့ နင့်သူငယ်ချင်း မျက်မှေးမရော
Soo:သူက ကျူ ရှင်သွားစရာရှိလို့ ပြန်သွားပြီ။အယ်...ဒါနဲ့ နင်မရိုးသားတော့ဘူးနော်။Wuri Baekkie အကြောင်းမေးလို့ပါလား။
Kai:ငါကပဲ အဲ့မျက်မှေးမကို မရိုးမသားဖြစ်ရတယ် ရှိသေး။တော်စမ်းပါ။ငါက မျက်ပြူးလေးတွေပဲ စိတ်ဝင်စားတာ။
YOU ARE READING
Crush
RomanceWritten by Eingyin Kaisoo Soo ဆိုသော ဝတုတ်မလေးနဲ့ သူမချစ်ရသော Park Chanyeol ဆိုတဲ့ ကောင်လေးကြားမှာ ဘာတွေဖြစ်လာမှာလဲ။ Yeol ကရော Soo ဆိုတဲ့ ကောင်မလေးကို စိတ်ဝင်စားမည်လား။