မုန့်စားကျောင်းဆင်းချိန် Kai,Soo နဲ့ Yeol မုန့်တူတူစားနေတုန်း ကောင်မလေးတစ်ယောက် ရောက်လာကာ
Hanna:Yeol
Yeol Hanna ကိုတွေ့တော့ အံသြသွားတယ်။ပြီးတော့မှ ပြုံးလိုက်ပြီး
Yeol:Hanna ဘယ်တုန်းက ပြန်ရောက်တာလဲ။
Hanna Yeol ဘေးနားက ခုံမှာ ထိုင်လိုက်ပြီိး Yeol လက်မောင်းကို လက်လှမ်းချိတ်လိုက်ကာ
Hanna:မနေ့က ပြန်ရောက်တာ။အခုက ကျောင်းလာအပ်တာလေ။နင်ဘယ်အခန်းလဲ။
Yeol သူ့ရင်ဘတ်က တံဆိပ်လေးကို လက်ညှိုးထိုးပြလိုက်ပြီး
Yeol:Section-C
Hanna နှာခေါင်းရှုံ့ပြီး
Hanna:အာ့ စာညံ့တဲ့သူတွေ နေတဲ့အခန်းမလား။
Hanna ပြောတော့ Soo အားငယ်သလို ခေါင်းငုံ့သွားတယ်။Yeol လည်း Soo ကို အားနာသလို လှမ်းကြည့်လိုက်တယ်။Kai ကတော့ Soo ကို နှစ်သိမ့်ပေးတဲ့သဘောနဲ့Soo လက်ဖောင်းဖောင်းလေးတွေကို ဆုပ်ကိုင်ပေးလိုက်တယ်။
Yeol က စကားလမ်းကြောင်းလွှဲတဲ့အနေနဲ့
Yeol: Dyo နဲ့ Kai ဒါက ငါ့သူငယ်ချင်း Kim Hanna တဲ့။Hanna သူတို့က ငါ့သူငယ်ချင်း Do Kyung Soo နဲ့Kim Jongin တဲ့။
Hanna:Nae တွေ့ရတာ ဝမ်းသာပါတယ်။Hanna ကတော့ Yeol နဲ့ လူကြီးချင်းသဘောတူထားတဲ့သူပါ။
Yeol:ဟာ.....Hanna ဘာတွေပြောနေတာလဲဟာ။နင်ကတော့ ရောက်တဲ့နေ့မှတင် ငါ့ကို ဆေးထိုးတော့တာပဲ။
Hanna:Yeol ကလည်း ငါပြောတာ မဟုတ်လို့လား။
Yeol:မဟုတ်ပါဘူး။ဘယ်မှာ သဘောတူထားရသေးလို့လဲ။ငါတို့မိဘအချင်းချင်းက ခင်ရုံပဲခင်တာပါ။နင်လည်း သိသားနဲ့ပဲကို။
Hanna:ဒါနဲ့ နင်စောစောက Dyo လို့ ခေါ်လိုက်သလိုပဲနော်။
Yeol:Omm ဟုတ်တယ်လေ။Soo ကိုခေါ်တာ။
Hanna:Aww
Soo:ဟိုလေ ငါ သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်။
Hanna:ငါလည်း လိုက်ခဲ့မယ်...နာမည်က
Soo:Soo ပါ။Do Kyung Soo။
Hanna:Aww Soo ....တူတူသွားရအောင်။
Soo:omm သွားမယ်လေ။
YOU ARE READING
Crush
RomanceWritten by Eingyin Kaisoo Soo ဆိုသော ဝတုတ်မလေးနဲ့ သူမချစ်ရသော Park Chanyeol ဆိုတဲ့ ကောင်လေးကြားမှာ ဘာတွေဖြစ်လာမှာလဲ။ Yeol ကရော Soo ဆိုတဲ့ ကောင်မလေးကို စိတ်ဝင်စားမည်လား။