Episode-15
~Eomma ဘက်ကတော့ ဘာမှပြောစရာ မရှိပါဘူး။သမီးတို့ Appa ကိုသာ မေးကြည့်ကြ။
Soo နဲ့ Yeol လည်း Mr.Do ဘက်ကိုကြည့်တော့ Mr.Do က မျက်နှာတင်းမာနေသည်မို့ နှစ်ယောက်လုံး ကြောက်နေကြသည်။Soo ကပင် သူမ Appa ကို စကားစပြောရန် ဆုံးဖြတ်ကာ
~Appa...Appa သဘောကရောဟင်...
Mr.Do လည်း သမီးဖြစ်သူရဲ့ စိုးရိမ်နေသလို မျက်နှာထားကြောင့် တင်းထားသမျှ စိတ်တွေ လျှော့လိုက်ကာ အပြုံးဟု မဆိုသာသည့် အပြုံးတစ်ခု ပြုံးလိုက်ကာ
~သဘောမတူဘူး လို့ပြောရင်လည်း ဆက်တွဲမှာပဲမလား။
~ဆက်တွဲမှာပဲ ဆိုပေမဲ့ မိဘတွေ သဘောတူညီချက်ပါရင် ပိုကောင်းမှာမို့ပါ Appunyi!
Yeol ဝင်ပြောလိုက်တော့ Mr.Do လည်း ပြုံးပြကာ ထိုင်ရာမှ ထပြီး Yeol ပခုံးကို ပုတ်ကာ
~အဲ့စိတ်ဓာတ်လေးကိုတော့ သဘောကျတယ်။Appunyi လည်း သဘောတူပါတယ်။သား နဲ့ သမီး သဘောပဲ။ဟုတ်ပြီလား။
Yeol လည်း ပျော်ကာ Soo ကို မဖက်ဘဲ Mr.Do ကိုသာ အယောင်ယောင်အမှားမှားဖြင့် သွားဖက်မိပြီးမှ လွှတ်လိုက်ကာ သွားလေးအသာဖြဲပြပြီး
~Miyahae Appunyi!ဟီး...
~Eommunyi တို့ကိုသာ မေးနေတာ။သားမိဘတွေကရော...သမီးလေးကိုသာ လက်ခံနိုင်ရဲ့လားရှင့်။
Mrs.Do မေးတော့ Mr.Park နဲ့ Mrs.Park က ရယ်လိုက်ပြီး
~ကျွန်မတို့ဘက်က သဘောတူပြီးတာဖြင့် ကြာရောပေါ့။သား Yeol လေးက သူ့မှာ ချစ်ရတဲ့သူရှိတယ်လို့ ပြောတုန်းကတော့ စိတ်ပူနေရတာ။ဒါပေမဲ့ သမီး Soo လေးကို တွေ့ပြီးကတည်းက ကျွန်မဖြင့် သဘောတွေကျနေတာ။ဟုတ်တယ်မလား Yeobo။
~ဟုတ်တာပေါ့။ပထမက ကျွန်တော်တို့က စိတ်ပူနေကြရတာ။ကဲ...အချိန်လည်း လင့်ပြီဆိုတော့ ကျွန်တော်တို့ ပြန်ကြတာပေါ့။ပြန်လိုက်ပါဦးမယ်။ကျွန်တော်တို့တော့ Project ကိစ္စတင်မကဘူး...သားရေးသမီးရေး ကိစ္စအတွက်ပါ ထပ်ဆုံကြရသေးတာပေါ့။
YOU ARE READING
Crush
RomanceWritten by Eingyin Kaisoo Soo ဆိုသော ဝတုတ်မလေးနဲ့ သူမချစ်ရသော Park Chanyeol ဆိုတဲ့ ကောင်လေးကြားမှာ ဘာတွေဖြစ်လာမှာလဲ။ Yeol ကရော Soo ဆိုတဲ့ ကောင်မလေးကို စိတ်ဝင်စားမည်လား။