Episode-13
ကျောင်းရောက်တော့ အတန်းထဲသွားမလို့ ခြေလှမ်း လှမ်းလိုက်ပေမဲ့ Yeol တစ်ယောက် Soo လက်လေးကို ဆွဲပြီး မုန့်ဈေးတန်းဘက်သွားနေသည်။Soo မျက်လုံးလေးပြူးပြီး ကြည့်နေသည်ကို သတိထားမိသည်ကြောင့် Yeol,Soo ဘက်လှည့်ကာ သူ့ပါးချိုင့်လေးပေါ်သည်အထိ ပြုံးပြလိုက်ပြီး မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ကာ
~First Date ကို Canteen မှာ လုပ်ရတာလည်း ပျော်စရာကောင်းမယ် ထင်တယ်။
အဲ့တော့မှ Soo တစ်ယောက် သဘောပေါက်သွားပြီး Yeol လက်ကို တင်းတင်းကြပ်ကြပ် ပြန်လည်ဆုပ်ကိုင်ကာ အပြုံးနုနုလေးတွေ ပြုံးပြီး Canteen ဘက်သို့ လျှောက်လာသည်။
~Soo ဘယ်စားမှာလဲ။ကိုယ် မှာပေးမယ်။
~Hot Milk နဲ့ Cheese Bread
ခဏကြာတော့ မုန့်တွေနဲ့အတူ Yeol ပြန်ရောက်လာသည်။
~Gumawol Yeol...
Soo ပြောပြီးသည်နှင့် Cheese Bread ကို စားလိုက်ပြီး Hot Milk ကို သောက်လိုက်သည်။Milk သောက်တော့ ထုံးစံအတိုင်း အမြှုပ်တွေက နှုတ်ခမ်းအပေါ်မှာ ကပ်ကျန်နေခဲ့သည်။Soo တစ်သျှူးယူကာ သုတ်မည်လုပ်ပေမဲ့ Yeol...Soo လက်ကို လှမ်းဆွဲလိုက်ပြီး ပေနေသည့် အမြှပ်တွေကို သူ့လက်မဖြင့်သာ သုတ်ပေးလိုက်သည်။ပြီးတော့ Soo နား အနားကပ်ကာ
~အမှန်ဆို ကိုယ်က ရုပ်ရှင်တွေထဲကလို နှုတ်ခမ်းလေးကို နမ်းပြိး ကိုယ့်နှုတ်ခမ်းတွေနဲ့ သုတ်ပေးချင်ခဲ့တာ။
~အာ...Yeol ကလည်းကွာ...
Soo...Yeol ရင်ဘတ်ကို ထုကာ ရှက်နေသည်ကြောင့် မျက်နှာမှတစ်ဆင့် နားရွက်ဖျားအထိပါ ရဲတက်လာခဲ့သည်။Yeol ကတော့ တဟားဟားရယ်ကာ ခွက်ထဲမှာကျန်နေသည့် Juice အနည်းငယ်ကို မော့ချလိုက်သည်။
~Soo...အတန်းတက်တော့ မလို့လား။
Soo Innocent Eyes လေးဖြင့် Yeol ကို ကြည့်ပြီး ခေါင်းညှိပ်ပြလိုက်သည်။Yeol ကတော့ အသည်းယားသည်ကြောင့် Soo ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်လိုက်ပြီး
أنت تقرأ
Crush
عاطفيةWritten by Eingyin Kaisoo Soo ဆိုသော ဝတုတ်မလေးနဲ့ သူမချစ်ရသော Park Chanyeol ဆိုတဲ့ ကောင်လေးကြားမှာ ဘာတွေဖြစ်လာမှာလဲ။ Yeol ကရော Soo ဆိုတဲ့ ကောင်မလေးကို စိတ်ဝင်စားမည်လား။