သူငယ်​ချင်း

1K 95 0
                                    

Chanyeol : Suho yar Yifan နဲ့ Chen မ​ရောက်​​သေးဘူးလား ​ကျောင်းတက်​ချိန်​​ရောက်​​နေပြီ။
Chanyeol တစ်​​ယောက်​ Yifan ကိုမ​တွေ့သဖြင့်​ Suho ကို​မေးလိုက်​ရင်း ​ကျောင်းခန်းပြတင်း​ပေါက်​မှတဆင့်​ ​ကျောင်းဝန်းထဲသို့ လှမ်းကြည့်​​နေ​လေသည်​။
Suho : ​အော်​ သူတို့နှစ်​​ယောက်​ခွင့်​ယူထားတယ်​ ​ကျောင်းမလာဘူး။
Chanyeol : ဘာဖြစ်​လို့လဲ?
Suho : ဒီ​နေ့က Yifan omma နှစ်​ပတ်​လည်​​နေ့​လေ။
Chanyeol : Yifan omma ကမရှိ​တော့ဘူးလား
Suho : ဟုတ်​တယ်​ Yifan ဘဝက သနားဖို့​ကောင်းတယ်​။
Chanyeol Suho စကားကိုကြားပြီး မျက်​လုံးပြူးသွား​လေသည်​။
Chanyeol : Yifan ကဘာဖြစ်​လို့လဲ? ငါမင်းတို့နဲ့ သူငယ်​ချင်းဖြစ်​တာ သုံးလ​ကျော်​သွားပြီ။ Yifan အ​ကြောင်းလည်းမသိဘူး? ငါ့ကို​ပြောပြပါလား။
Suho : ဟင်​ Yifan က သူ့အ​ကြောင်းမ​ပြောပြဘူးလား?
Chanyeol : ဟုတ်​တယ်​ ငါ သူစိတ်ထား​​ကောင်းတာရယ် ​ဖော်​​ရွေတာရယ်​ ​​စာ​တော်​တာလွဲရင် ကျန်​တာမသိဘူး။
Chanyeol ​ပြောလည်းပြီး​ကော စိတ်​မ​ကောင်းဖြစ်​ကာ မျက်​နှာ​လေးညှိုးကျသွားသည်​။
Suho : ​ကောင်းပြီ​လေ ငါ​ပြောပြမယ်​ Yifan အသက်​၇နှစ်​အရွယ်​ထဲက သူ့ appa နဲ့ omma က ကွဲ​နေတာ သူ့ appa က ​နောက်​အိမ်​​ထောင်​ပြုလိုက်​ပြီး Yifan က သူ့ omma နဲ့ ပါသွားတာ.. Yifan omma က သူ့ကို ပင်​ပင်​ပန်းပန်းနဲ့ ချို့တဲ့စွာ ​စောင့်​​ရှောက်​လာခဲ့တာ.. Yifan က သူ့ omma ကို သိပ်​ချစ်​တာ သူက ငယ်​ငယ်​​လေးထဲက သူ့ omma အ​ပေါ်သိတတ်​တယ်​ သူ့ omma အလုပ်​ကိုလည်း အရွယ်​နဲ့မလိုက်​​အောင်​ ကူညီ​ပေးတယ်​ စာလည်းကြိုးစားတယ်​ သူ့ omma က​ပြောတယ်​တဲ့ သူ့ကို ပညာတတ်​ကြီးဖြစ်​​စေချင်​တာတဲ့.. အဲ့ဒါ​ကြောင်ြ သူအရမ်းကြိုးစားတယ်​ နှစ်​တိုင်းဆုရတယ်​။ သူ့အသက်​ ၁၁ နှစ်​​ကျော်​မှာ သူ့ omma က နှလုံး​ရောဂါရှိ​တော့ အဲ့ဒီ့​ရောဂါနဲ့ အိပ်​ယာထဲလဲခဲ့ရတယ်​..ပင်​ပန်းတဲ့ဒဏ်​​တွေ​ကောပါတာ​ပေါ့..​နောက်​​တော့ဆုံးသွားတာပဲ Yifan ဆို သူ့ omma ဆုံးသွား​တော့ အရမ်းခံစားရပြီး ​ကြောင်​​တောင်​​တောင်​ဖြစ်​သွား​သေးတယ်​ သုံးလ​လောက်​​လေ ​နောက်​သူတစ်​​ယောက်​ထဲ ဘဝကိုခက်​ခက်​ခဲခဲရင်​ဆိုင်​ခဲ့ရတယ်​ အလုပ်​​တွေအများကြီးလုပ်​ပြီး ​ကျောင်းတက်​ခဲ့တာ ဟူးး Yifan ကိုအရမ်းသနားမိတယ်​...
Chanyeol Yifan ရဲ့ အ​ကြောင်း​တွေကြားရပြီး ရင်​ထဲမှာနာကျင်​ခဲ့မိတယ်​ သူ​တောင်​မသိလိုက်​ပဲ မျက်​ရည်​ကျမိတယ်​..
Chanyeol pov; Yifan ငါအရမ်းစိတ်​မ​ကောင်းဖြစ်​မိတယ်​ မင်းတစ်​​ယောက်​ထဲမဖြစ်​​စေရဘူး။ ငါမင်းအနားမှာ​နေ​ပေးမယ်​။ မင်းစိတ်​ညစ်​​နေရင်​​ပျော်​​အောင်​လုပ်​​ပေးမယ်​..မင်းရဲ့ဝမ်းနည်း​နေရင်​နှစ်​သိမ့်​​ပေးမယ်​.. ငါ မင်းကို..
tr;: အားလုံးပဲ မင်္ဂလာပါ
ဆရာဝင်​လာ​သော​ကြောင့်​ Chanyeol အ​တွေးတို့ ပျက်​​တောက်​သွား​လေသည်​။
ဒီ​နေ့တစ်​​နေ့လုံး Chanyeol တစ်​​ယောက်​ စာသင်​တာကိုလည်းစိတ်​မဝင်​စားနိုင်​ပဲဖြစ်​​နေ​လေသည်​။ သူ့​ဘေးက Yifan ​နေရာ​လေးကို ခဏခဏကြည့်​​နေမိတယ်

နှင်းမှုန်​ကြားကနှလုံးသားWhere stories live. Discover now