"chenchen ဒီမှာကြည့် ပြီးပြီ😊"
"တူလဲမတူဘူး မင်းဆွဲထားတာကလည်း ရုပ်ဆိုးလိုက်တာ..."
"ဘယ်မှာရုပ်ဆိုးလို့လဲ...ဒီလောက်ချစ်စရာကောင်းနေတာကို"
ဆူပုတ်ပြီးပြန်ပြောနေသော သူ့ကို chen အသဲယားစွာပါးလေးလိမ်ဆွဲလိုက်သည်
"arigoo...ချစ်ဖို့ကောင်းလိုက်တာ ဝက်လေးကျနေတာပဲ ငါ့လည်းနှုတ်ခမ်းနဲ့ထိုးမိအုံးမယ်..ဟားဟား"
"ya..ငါက ဝက်မဟုတ်ဘူး မင်းကသာ အာဗြဲစိန်...ကဲဟယ်..ကဲဟယ်...နောက်တစ်ခါမဆွဲပေးတော့ဘူး..လဒဗြဲစိန်ကောင်"
ပန်းချီဆွဲစာအုပ်ဖြင့်တစ်ဖုန်းဖုန်းရိုက်ကာပြောနေသောသူ...တဟားဟားဖြင့်သဘောကျကာရီနေတဲ့ chen တို့ကိုကြည့်ကာ xiumin သဘောကျနေသည်...
"..."
အနားသို့ရောကိလာတဲ့သူတစ်ယောက်ကြောင့် chen ရီနေရာကနေရပ်သွားပြီး...
"chanyeol...မင်းဘယ်လိုလုပ်ရောက်လာတာလဲ..မင်း"
chen ရဲ့လက်ကိုဆွဲကာ xiumin တားလိုက်သည်...
"chanyeol..."
yifan ရေရွတ်လိုက်သည်...chen နဲ့ xiumin yifan ကိုအမြန်ကြည့်လိုက်မိကြသည်...chanyeol ကိုကြောင်တောင်တောင်လေးကြည့်ကာနေသော yifan...ဝမ်းနည်းမှုပျော်ရွှင်မှုဖြင့်တုန်လှုပ်စွာကြည့်ရင်းမျက်ရည်များကျလာသော chanyeol အား chen ဆွဲခေါ်သွားလိုက်သည်...
"hyung သူက ဘယ်သူလဲဟင်...ကျွန်တော်သူ့ကိုတွေ့ရတာ ဒီနားလေးကအရမ်းနာလာတယ်...ဟင့်..ဟင့်"
ရင်ဘက်လေးဖိကာရှိုက်လိုက်တဲ့ yifan ကို xiumin ဖက်ထားလိုက်ပြီး ကျောလေးပွတ်ပေးနေရင်း သူပါမျက်ရည်ကျလာမိသည်...လူရှင်းတဲ့နေရာရောက်တော့မှဆွဲလာတဲ့ chanyeol လက်ကိုလွှတ်လိုက်ပြီး သက်ပြင်းချကာ...
"မင်းဒီနေရာကိုဘယ်လိုသိလာတာလဲ...ဘာကြောင့်ရောက်လာတာလဲ...မင်းဒီကိုမလာသင့်ဘူး မင်းပြန်တော့"
"chen ငါတောင်းပန်ပါတယ်...ငါ..ငါ့ကိုသူနဲ့တွေ့ခွင့်ပေးပါ...တောင်းပန်ပါတယ်"
"..."
"chen ငါသူနဲ့တွေ့ရမှဖြစ်မှာ ငါသူ့ကိုတောင်းပန်ရအုံးမယ် သူ့ကိုပြောစရာတွေအများကြီးပဲ"
"မင်းက သူ့ကိုဘာပြောချင်သေးလို့လဲ...တောင်းပန်တော့ကောဘာထူးမှာမို့လို့လဲ"
"ငါ့ရဲ့အမှားတွေအတွက် ငါသူ့ကိုပြန်ပေးဆပ်ရအုံးမယ်...သူ့အနားမှာရှိနေချင်တယ်...မဟုတ်ရင်ငါ့ရင်တွေကွဲထွက်ပြီးသေရလိမ့်မယ်...ငါတောင်းပန်ပါတယ် chen ရယ် သူနဲ့တွေ့ခွင့်ပေးပါ..."
"ပြန်တာကောင်းမယ်...ဘာမှထူးလာမှာမဟုတ်ဘူးမဖြစ်နိုင်ဘူး chanyeol"
"ဘာလို့မဖြစ်နိုင်ရမှာလဲ ဘာကြောင့်လဲ...ဘာ့ကြောင့်လဲလို့"
"သူ မင်းကိုမသိဘူး.."
"ဟင်..."
chanyeol အံ့ဩသွားသည်...
"yifan မင်းကို မမှတ်မိဘူး မသိဘူး သူ့မှတ်ဥာဏ်က ၁၀နှစ်သားအရွယ်အသိပဲရှိတယ်..."
Chanyeol ထိန့်လန့်စွာဖြင့်ခေါင်းကိုဖြည်းညင်းစွာခါလျှက်
"ဘာ...မ..မ..ဖြစ် နိုင်ဘူး"
နောက်သို့ဆုပ်ကာလဲကျသွားလေသည်..chen စိတ်မကောင်းစွာမျက်ရည်များဝဲလျက် chanyeol ကိုကြည့်နေသည်...
"မဟုတ်ဘူး..မဟုတ်ဘူး...ညာနေတာ..မင်းလိမ်နေတာ chen ငါ့ကိုသူနဲ့တွေ့မှာစိုးလို့လိမ်နေတာမို့လား မဖြစ်နိုင်ဘူး ငါမယုံဘူး မင်းလိမ်နေတာ"
YOU ARE READING
နှင်းမှုန်ကြားကနှလုံးသား
FanfictionYifan မင်းအနားကနေ ထာဝရပျောက်ကွယ်ပေးပါဆိုရင် ငါထွက်သွားပေးမယ်။ ဒါပေမယ့် မင်းကိုချစ်တဲ့ငါ့နှလုံးသားကတော့ မင်းအနားမှာ ထာဝရရှိနေမှာပါ။ Chanyeol ငါအလိုချင်ဆုံးဆန္ဒကတော့ မင်းငါ့အနားကနေထာဝရပျောက်ကွယ်ပေးပါ ငါ့ကိုချစ်တဲ့ မင်းရဲ့နှလံ...