နေရာတစ်​ခု

562 58 15
                                    

"Congratulations ပါ Chen"
"​ကျေးဇူးပဲကွာ..ငါ့သူငယ်​ချင်း​တွေ..ကဲ လိုတာရှိရင်​လည်းမှာကြ.."
"hyung ကျွန်​​တော့သူငယ်​ချင်းကိုအပ်​တယ်​​နော်​.."
Suho က Xiumin ကိုကြည့်​ပြီး​ပြောလိုက်​သည်​..
"စိတ်​ချပါကွာ..မင်းတို့ကလည်း..hyung ကငါ့ကိုအရမ်းချစ်​တာ​လေ😘"
Chen က​ပြောပြီး xiumin ပါး​လေးကိုနမ်းလိုက်​တယ်​..xiumin က ပြုံးပြီး chen ကို ကြည့်​ကာ
"hyung က chen ကို ကိုယ့်​ကိုယ်​ကိုထက်​ ပိုတန်​ဖိုးထားပြီးချစ်​တယ်​😘"
"အမယ်​​လေး ​တော်​ကြပါ​တော့ ငါတို့ထဲက တစ်​ဦးထဲ​သောလူပျိုကြီး ရှက်​သွားပါ​တော့မယ်​ အိမ်​ပြန်​​ရောက်​မှကဲကြ.."
luhan က​ပြောပြီးရီ​နေ​လေသည်​..
"တကယ်​ အိမ်​​ရောက်​ရင်​ ကဲရမှာ​ပေါ့..ဟုတ်​လား lu hyung😉"
sehun က luhan ရဲ့ လက်​​မောင်းကိုဖက်​ပြီး ပုခုံး​ပေါ်​ခေါင်းတင်​ကာ​ပြော​တော့ အကုန်​လုံးဝိုင်းရီကြကာ luhan ရှက်​ရှက်​နဲ့ sehun ဗိုက်​​ခေါက်​ကိုလိမ်​ဆွဲလိုက်​သည်​..
"hun ဘယ်​လိုဖြစ်​​နေလဲ မူး​နေရင်​​အေး​ဆေး​နေ"
"lay အရမ်းမ​သောက်​နဲ့​နော်​..အပြန်​ကျရင်​မတွဲနိုင်​ဘူး..ဒီအတိုင်းထားခဲ့မှာ"
suho lay ကို​ပြောလိုက်​သည်​..
"chanyeol မင်း​ကောပဲ ဒီ​နေ့ဒရိုက်​ဘာမပါဘူးမလား.."
"အင်း..ငါနည်းနည်းပဲ ​သောက်​မှာပါ..chen နဲ့ xiumin hyung တို့ ​ပေါင်းဖက်​ခြင်းအတွက်​ဂုဏ်​ယူပါတယ်​.."
"​ကျေးဇူးပါပဲ chanyeol ရယ်​ "
xiumin က​ပြောလိုက်​သည်​..
သူငယ်​ချင်း​တွေ​သောက်​လာလိုက်​တာတဖြည်းဖြည်းနဲ့​ရေချိန်​ကိုက်​လာသည်​...
"​chanyeol မင်းလည်း ဘယ်​​တော့လဲ ငါတို့ကိုကြို​ပြောအုံး"
lay က​ပြောလိုက်​သည်​..
"yifan ကို သတိရလိုက်​တာ ဒီအချိန်​မှာ သူရှိရင်​အားလုံးပြည့်​စုံသွားပြီ"
suho ရဲ့စကား​ကြောင့်​ အားလုံးမျက်​လုံးပြူးကာ suho ကို လှမ်းကြည့်​လိုက်​ကြသည်​..lay တစ်​​ယောက်​ suho ရဲ့ပါးစပ်​ကိုလက်​ဖြင့်​အမြန်​ပိတ်​လိုက်​​လေသည်​...
chen တစ်​​ယောက်​ တစ်​​ဖြေး​ဖြေးနဲ့ မျက်​ရည်​များကျလာသည်​ကို သုတ်​လိုက်​ပြီး chanyeol ကို ကြည့်​လိုက်​သည်​...
"chanyeol မင်း yifan ကို အခုချိန်​ထိခွင့်​မလွှတ်​နိုင်​​သေးဘူးလား...အခုသူမရှိ​တော့ဘူး​လေ..မင်း​ကြောင့်​..သူ..သူ..yifan အရမ်းသနားဖို့​ကောင်းတယ်​..မင်းအတွက်​ သူဘာ​တွေလုပ်​ခဲ့လဲဆိုတာ မင်းမသိဘူး...မင်း​ကြောင့်​ သူဘယ်​​လောက်​ရင်​နာခဲ့ရလဲ ဘယ်​​လောက်​​တောင်​ခံစားခဲ့ရလဲဆိုတာ...သူ့အတွက်​မ​တွေးပဲ အမြဲတမ်းမင်းအတွက်​ပဲ​တွေး​ပေး​နေခဲ့တာ..မင်းအတွက်​ပဲ အားလုံးလုပ်​​ပေးခဲ့တာ..အခု​တော့😭"
chen ကို xiumin က တားလိုက်​ကာ
"chen ya.. yifan ကို ကတိ​ပေးခဲ့တယ်​​လေ...​တော်​​တော့ မ​ပြောနဲ့​တော့"
ကတိ ဘာကတိလဲ..chen yifan ကိုဘာကတိ​ပေးခဲ့တာလဲ ကျွန်​​တော်​ အရမ်းသိချင်​မိတယ်​..
"ကတိ ဘာကတိလဲ..chen yifanနဲ့ ဘာကတိ​ပေးခဲ့တာလဲ ​ပြောပြစမ်းပါ..ငါမသိတဲ့အ​ကြောင်း​တွေရှိတယ်​မလား..​ပြောပြစမ်းပါ "
chanyeol တစ်​​ယောက်​ chen ကို ​ပြောလိုက်​သည်​..
"အခုမှ​ပြော​တော့​ကော ဘာထူးမှာလဲ...မင်း အရမ်းရက်​စက်​တယ်​...သနားဖို့​ကောင်းလိုက်​တဲ့ ငါ့သူငယ်​ချင်း​လေး...မင်းနဲ့လမ်းခွဲပြီး​နောက်​ပိုင်း သူဘာ​တွေဖြစ်​ခဲ့လဲဆိုတာ...သူဘာ​ကြောင့်​မင်းနဲ့ လမ်းခွဲခဲ့လဲဆိုတာ...😭"
chen ဆက်​မ​ပြောနိုင်​​တော့ပဲ ငို​နေမိတယ်​..suho နဲ့ lay လည်း စိတ်​မ​ကောင်းဖြစ်​ပြီး ငိုချင်​​နေကြသည်​...xiumin က​တော့ chen ကို ရင်​ခွင်​ထဲထည့်​ကာ နှစ်​သိမ့်​​ပေး​နေသည်​..
"​တော်​ကြ​တော့ chen မင်းလည်းမငိုနဲ့​တော့ ဒီ​နေ့က မင်းရဲ့မင်္ဂလာဦး​နေ့​လေ..​ပျော်​​နေရမယ့်​အချိန်​မှာ ပြီးခဲ့တဲ့ကိစ္စ​တွေကို မ​ပြောနဲ့​တော့.."
luhan က ​ပြောပြီး chanyeol ကို
"chanyeol မင်းလည်းမ​သောက်​နဲ့​တော့ ကား​မောင်းရအုံးမှာ ဘာမှစဉ်းစားမ​နေနဲ့ ပြီးခဲ့တာ​တွေလည်းပြီးခဲ့ပြီပဲ..​လေးနှစ်​​တောင်​ကြာခဲ့ပြီ...အခုမှပြန်​​ပြော​နေလို့ ဘာမှမထူးဘူး ဟုတ်​ပြီလား..."
luhan က ​ပြောပြီးခုနကအ​ခြေအ​နေကိုပြန်​ထိန်းလိုက်​​သော်​လည်း သူ့စိတ်​ထဲမှာလည်း ​တော်​​တော်​ခံစား​နေရသည်​..yifan နဲ့ chanyeol အ​ကြောင်းကို ​တွေးမိတိုင်းစိတ်​မ​ကောင်းဖြစ်​ရသည်​...

နှင်းမှုန်​ကြားကနှလုံးသားHikayelerin yaşadığı yer. Şimdi keşfedin