*****
♪ ♪ ♪ Happy Birthday to you♪ ♪ ♪
" ဟင်"
ကျွန်တော် အိမ်ထဲဝင်လိုက်တဲ့ အချိန်မှာုမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အရမ်းအံ့ဩသွားသည်။Yeol : Happy birthday Yifan ya
ကျွန်တော် မတ်တက်ကြီး Yeol ကို ကြောင်ကြည့်နေမိသည်။
Yeol : ဘာလုပ်နေတာလဲ ဆုတောင်းပြီး ဖယောင်းတိုင်မီးကိုမှုတ်လေ ကိုင်ထားရတာလက်ညောင်းနေပြီ။
Yifan : အော် အင်းအင်း
ကျွန်တော် မျက်လုံးမှိတ်ကာဆုတောင်းပြီး မီးမှုတ်လိုက်သည်။
Yeol : ရော့ မွေးနေ့လက်ဆောင် :-) :-)
Yifan : Yeol ya ကျေး ကျေးဇူးပဲ
ကျွန်တော် ငိုချင်စိတ်ကိုမနည်းထိန်းပြီးပြောလိုက်သည်။
Yeol : Yifan မင်းနဲ့ငါ့ကြားမှာ ကျေးဇူးဆိုတဲ့စကားကိုမပြောနဲ့ ငါတို့က သူငယ်ချင်းတွေပဲကို ရော့ လက်ဆောင်ယူလိုက်အုံး
Yifan : ဒီလက်ဆောင်ကို ငါလက်မခံပါရစေနဲ့ ဒီလိုလုပ်ပေးတာနဲ့တင် ငါအရမ်းပျော်တယ် ငါ့အတွက်အရမ်းတန်ဖိုးကြီးတဲ့လက်ဆောင်တစ်ခုပါပဲ ငါ..ငါလေ
Yeol ငိုပြီးပြောနေတဲ့ Yifan ကိုကြည့်ပြီး စိတ်မကောင်းဖြစ်လာ Yifan ကိုဖက်ထားလိုက်ပြီး ကျောလေးကိုပွတ်ပေးပြီး နှစ်သိမ့်ပေးနေသည်။
Yeol pov; မငိုနဲ့ Yifan ya မငိုပါနဲ့ ငါကတိပေးတယ် မင်းကိုပျော်ရွှင်အောင် ငါလုပ်ပေးမယ် နှစ်တိုင်းမင်းရဲ့မွေးနေ့ကို ငါလုပ်ပေးမယ် မင်းလိုအပ်တဲ့အချိန်တိုင်းငါမင်းအနားမှာရှိနေပေးမယ် မင်းပင်ပန်းတဲ့အခါငါ့ရင်ခွင်ထဲမှာထွေးပွေ့ထားပြီး မင်းမှေးစက်အနားယူနိုင်အောင် ငါရင်ခွင်ကိုဖွင့်ပေးထားမယ်... ငါ့ရဲ့နှလုံးသားဟာမင်းအတွက်ပါပဲ..
ESTÁS LEYENDO
နှင်းမှုန်ကြားကနှလုံးသား
FanficYifan မင်းအနားကနေ ထာဝရပျောက်ကွယ်ပေးပါဆိုရင် ငါထွက်သွားပေးမယ်။ ဒါပေမယ့် မင်းကိုချစ်တဲ့ငါ့နှလုံးသားကတော့ မင်းအနားမှာ ထာဝရရှိနေမှာပါ။ Chanyeol ငါအလိုချင်ဆုံးဆန္ဒကတော့ မင်းငါ့အနားကနေထာဝရပျောက်ကွယ်ပေးပါ ငါ့ကိုချစ်တဲ့ မင်းရဲ့နှလံ...