"ဟင်..."
Baekဆ်ီသို့လာရာအခန်းထဲ၌ Baek ကိုမတွေ့ပဲ သူ့ကိုသာတွေ့လေသည်..
"အဆင်ပြေရဲ့လား ခေါင်းကောကိုက်နေသေးလား..မင်း မနေ့ကတော်တော်များသွားတယ်..ငါ"
"Baek ဘယ်သွားလဲ ဒေါက်တာ.."
သူပြောမယ့်စကားတွေကိုမကြားချင်လို့စကားဖြတ်ပြောလိုက်တော့မျက်နှာနည်းနည်းပျက်သွားတဲ့သူ့ကိုတွေ့လိုက်ရတယ်..
"Baek အပြင်ကိုလေညှင်းခံဖို့ခဏထွက်သွားတယ်"
Kris ပြောပြီးအခန်းပြင်သို့ထွက်ရန်အပြင်..
"Yeol..နောက်တစ်ခါအဲ့လောက်အများကြီးမသောက်နဲ့ ကျန်းမာရေးအတွက်မကောင်းဘူး.."
Chanyeol ဆီလှည့်ပြီးပြောလိုက်သည်..
"မင်းကဘာမို့လို့ငါ့ကိုလာပြောနေရတာလဲ..ဘာလဲငါနဲ့ပြန်တွဲချင်နေတာလား..မင်းပိုက်ဆံလိုနေပြန်ပြီလား.."
Chanyeol ပြောလိုက်တဲ့စကားကြောင့် Kris အံ့ဩစွာသူ့ကိုကြည့်နေမိတယ်..
"Yeol..မင်း...မင်းဘာပြောလိုက်တယ်.."
"ဟုတ်တယ်လေ...မင်းအခုချူစရာလူမရှိဘူးမလား..ငါ့အဖေဆီကပိုက်ဆံတွေယူပြီးတော့ကောင်းစားနေပြီထင်တာ...ဟက်..အခုထိအဲ့ဒီအိမ်စုတ်လေးမှာပဲနေနေတာ...ဘာလဲ နောက်လူတွေကိုလည်းအဲ့ဒီအိမ်စုတ်လေးဗန်းပြပြီးသနားအောင်လုပ်ပြီးရင်မင်းရဲ့အလိမ်အညာစကားတွေနဲ့သိမ်းသွင်းနေတာလား..ဟားဟား..Wu Yifan မင်းအခုထက်ထိအောက်တန်းကျတုန်းပဲနော်..မထင်ရဘူး ရုပ်ကလေးသနားကမားနဲ့လုပ်စားနေတာ..."
Yifan အလွန်အံ့ဩပြီး..
"Yeol.. မင်း..မင်း..ငါ့ကို.."
"ငါ့အဖေရဲ့ပိုက်ဆံတွေနဲ့ဒေါက်တာဘွဲ့ရထားတဲ့မင်းကို ငါရွံတယ်..မင်းကြောင့်ငါခံစားခဲ့ရတာတွေ ငါ့ဘဝရဲ့ ငါ့ရဲ့အချစ်..ငါ့ရဲ့နှလုံးသား..ငါ့ရဲ့အိမ်မက်..အားလုံးကိုမင်းဖျက်ဆ်ီးခဲ့တယ်..ငါ့ကိုသေရာပါဒဏ်ရာဒဏ်ချက်တွေနဲ့မင်းစွန့်ပစ်ခဲ့တယ်..မင်းရဲ့အရမ်းချစ်ပါတယ်ဆိုတဲ့အလိမ်အညာစကားတွေကိုယုံခဲ့မိလို့ ငါ့ရဲ့နှလုံးသားနာကျင်ခဲ့ရတယ်..မင်းပြန်ပြီးငါ့ဆီပြန်လာမလားလို့ အရူးတစ်ယောက်လိုပဲ မျှော်လင့်ခဲ့တယ်.."
"Yeol..ငါ..ငါ တောင်းပန်ပါတယ်..ဒါပေမယ့် မင်းကို ငါတကယ်"
"မင်းငါ့ကိုမတောင်းပန်နဲ့ ငါလက်မခံဘူး..."
"Yeol.."
Kris Chanyeol လက်ကိုလှမ်းကိုင်လိုက်ပြီး..
"ငါ..အပြစ်တွေအတွက်မင်းဆီမှာခွင့်လွှတ်ခံရဖို့မမျှော်လင့်ပါဘူး..မင်းအဲ့လောက်ထိခံစားခဲ့ရတာတွေအတွက် ငါလည်းထပ်တူခံစားရတယ်..ငါ မင်းကိုတကယ်ချစ်ခဲ့ပါတယ်..အခုထိ"
"တော်ပြီ..ငါ့ကိုဘာမှဆက်မပြောနဲ့..မင်းကိုငါမုန်းတယ်...မင်းကိုချစ်နေသေးတဲ့ငါ့နှလုံးသားကိုလည်းမုန်းတယ်..မင်းကိုမေ့နိုင်အောင်ကြိုးစားတိုင်းငါဘယ်လောက်နာကျင်ပင်ပန်းခဲ့ရလဲ မင်းမသိဘူး..မင်းကိုတွေ့ချင်လွန်းလို့သတိရလွန်းလို့ ရူးမတတ်ဖြစ်ခဲ့ရတာတွေ အိပ်ပျော်ဖို့ဆိုတာမေ့လျော့နေခဲ့တဲ့ ငါ့ရဲ့ညတွေ...ငါပြန်မစဉ်းစားချင်ဘူး နာကျင်ခဲ့ရတဲ့အတိတ်တွေကို...ပြန်လဲမလိုချင်ဘူး...အခုမေ့နိုင်ခဲ့ပြီ...အားလုံးကိုမေ့ထားနိုင်ခဲ့ပြီ...အနာကျက်နေပြီဖြစ်တဲ့ ငါ့ရဲ့နှလုံးသားဒဏ်ရာတွေကို ပြန်မဆွပါနဲ့...တောင်းပန်ပါတယ် မင်းပြန်မလာပါနဲ့..."
Chanyeol မျက်ရည်များကျဆင်းလျှက် Kris ကိုကြည့်ပြီးပြောနေခဲ့သည်..Kris သူ့ရဲ့ရင်ဘတ်လေးကိုဖိပြီး ထပ်တူငိုနေမိသည်...Yeol သူဘယ်လောက်ခံစားခဲ့ရသလဲ..သူသိသည်..သူလည်းနေ့စဉ်နဲ့အမျှနာကျင်ခဲ့ရတာပဲလေ...သူသိပ်ချစ်ရတဲ့ချစ်သူ...သူကိုယ်တိုင်စွန့်ပစ်ခဲ့တဲ့အတွက် အပြစ်ဒဏ်အဖြစ် နှလုံးသားရဲ့နာကျင်မှုတွေကို အခုထက်ထိရရှိနေတုန်းပဲလေ...Yeol ဘယ်လောက်ထိခံစားခဲ့ရလဲဆိုတာ...
"အခု...အခုပြောတာတွေက အမှန်တွေပဲလား.."
အသံလာရာ တံခါးပေါက်ဆီသို့ နှစ်ယောက်လုံးကြည့်မိတဲ့အခါ အံ့ဩစွာဖြင့် မျက်လုံးလေးများဝိုင်းစက်နေပြီးမျက်ရည်များကျကာ ရင်ဘတ်လေးကိုဖိပြီးရပ်နေတဲ့ Baek ကိုတွေ့လိုက်သည်...
"Baekki..."
"Baek.."
"မေး..မေး..နေ..တာ..ကို ဖြေ လေ..."
ပြောပြီးလဲကျသွားတဲ့ သူမကို Chanyeol အမြန်လှမ်းထိန်းလိုက်ကာ...ဘာမှာမပြောနိုင်ပဲဖြစ်နေသည်...
"Baekki..."
"Baek သတိထားအုံးလေ..သူ့ကိုကုတင်ပေါ်တင်လိုက်ပါ.."
Chanyeol Baek ကိုပွေ့ချီကာကုတင်ပေါ်တင်လိုက်သည်..
"oppa...မေး နေ တာ ကို ဖြေလေ"
အသံတုန်တုန်ယင်ယင်နဲ့ Baek ပြောလိုက်ပြီး Chanyeol ရဲ့ ရင်ဘတ်က အင်္ကျီစကိုဆုပ်ကိုင်ပြီး ထပ်ပြောလိုက်ပြီး မျက်လုံးတို့ပိတ်ကာ ငြိမ်သက်သွားလေသည်..
"Baekki... Baekki... သတိထားအုံးလေ..."
Chanyeol Baek ရဲ့ပါးလေးကိုကိုင်ပြီးအော်နေမိသည်...Kris Baek ကိုအမြန်စမ်းသပ်ကာ...
"ဟင်..နှလုံးမခုန်တော့ဘူး..."
"ဘာပြောတယ်...Baekki...အဲ့ဒါမင်းကြောင့်ပဲ Yifan.."
ငိုပြီးပြောနေတဲ့ Chanyeol ကို အမြန်တွန်းထုပ်ပြီး Baek ရဲ့ ရင်ဘတ်ကိုဖိကာ နှလုံးခုန်အောင်အမြန်ဆုံးလုပ်နေရင်း...
"Yeol တစ်ခြားကျဆရာဝန်တွေကိုမြန်မြန်သွားခေါ်အရေးပေါ်အခန်းထဲ အခုပို့ရမယ်...မြန်မြန်သွား"
Chanyeol လျင်မြန်စွာ ပြေးထွက်သွားသည်..
YOU ARE READING
နှင်းမှုန်ကြားကနှလုံးသား
FanfictionYifan မင်းအနားကနေ ထာဝရပျောက်ကွယ်ပေးပါဆိုရင် ငါထွက်သွားပေးမယ်။ ဒါပေမယ့် မင်းကိုချစ်တဲ့ငါ့နှလုံးသားကတော့ မင်းအနားမှာ ထာဝရရှိနေမှာပါ။ Chanyeol ငါအလိုချင်ဆုံးဆန္ဒကတော့ မင်းငါ့အနားကနေထာဝရပျောက်ကွယ်ပေးပါ ငါ့ကိုချစ်တဲ့ မင်းရဲ့နှလံ...