နောက်​ဆုံးနှလုံးသား

938 70 17
                                    

"​အေးတယ်​...အိမ်​ထဲဝင်​ရ​အောင်​​နော်​...​နေမ​ကောင်းဖြစ်​လိမ့်​မယ်​ fanfan..."
"..."
"လာပါ...လိမ္မာပါတယ်​ ​နေလည်းဝင်​​တော့မယ်​"
သဲ​သောင်​ပြင်​​ပေါ်ထိုင်​​နေတဲ့ သူ့ကိုဆွဲမလိုက်​​တော့ မျက်​နှာငယ်​​လေးနဲ့ကြည့်​လာသည်​...
"ဟင့်​😢 မပြန်​ချင်​​သေးဘူး...သူလာ​အောင်​​စောင့်​အုံးမှာ"
"..."
ကျွန်​​တော်​ဝမ်းနည်းမှုများလှိုက်​တက်​လာကာ ကျလာမည့်​မျက်​ရည်​ကိုထိန်းထားလိုက်​သည်​..
"မနက်​ဖြန်​မှလာ​စောင့်​ရ​အောင်​​နော်​...Yeol က မနက်​ဖြန်​မှလာမှာတဲ့"
"ဟုတ်​လို့လား...Yeol က ဒီ​နေ့လာမယ်​လို့​ပြောထားတာ hyung ရဲ့"
"hyung ကိုဖုန်းဆက်​တယ်​ မနက်​မှလာမယ်​တဲ့.."
မျက်​နှာ​လေးညှိုးနွမ်းသွားတဲ့သူ...ကမ်း​ပေးထားတဲ့ကျွန်​​တော့လက်​​လေးကိုဆွဲကာ အိမ်​သို့ပြန်​လာလမ်းတစ်​​လျှောက်​ ​နောက်​ဆံမတင်းသလို ပင်​လယ်​ဘက်​ကို ခဏခဏလှည့်​ကြည့်​​နေတဲ့သူရယ်​...
ညစာလည်းသိပ်​မစား...မျက်​နှာမ​ကောင်းခဲ့ဘူး...
အိပ်​ယာထက်​မယ်​ အခန်းတံခါးကို​ကျော​ပေးပြီး မှန်​တံခါး​တွေရှိတဲ့ဘက်​ကိုမျက်​နှာမူ​နေရင်း ငို​နေတဲ့ သူ့အနားကိုသွားလိုက်​ရင်း...
"fanfan ​ဆေး​သောက်​ရ​အောင်​​နော်​..."
"hyung..."
"အင်း..."
"..."
"​ပြော​လေ..."
ကျွန်​​တော်​ရှိရာသို့လှည့်​မလာပဲ​ကျော​ပေးထားမြဲ..
"ကျွန်​​တော့်​ရင်​ထဲကတစ်​ဆစ်​ဆစ်​နာကျင်​​နေတယ်​...နှလုံးသားကိုဆွဲဆုပ်​ထားသလိုပဲ...ခံရခက်​တယ်​..."
ကြားလိုက်​ရတဲ့သူ့စကား...ကျွန်​​တော့်​ရင်​​တွေနာလှပြီ...
"Yeol ကို​တွေ့ချင်​တယ်​...အရမ်း​တွေ့ချင်​တယ်​...အရမ်းလွမ်းတယ်​...သူဘယ်​​တော့မှ ကျွန်​​တော့်​ဆီလာမှာလဲ မသိဘူး...​တွေ့ချင်​လှပြီ..ဟင့်​ဟင့်​😢😭"
ကျော​ပေးကာလှဲ​နေတဲ့သူ့ကို ဆွဲထူကာရင်​ခွင်​ထဲထည့်​ပြီးဖက်​ထားလိုက်​သည်​...ကျလာတဲ့မျက်​ရည်​​တွေသူမမြင်​​အောင်​ကွယ်​ဝှက်​ရင်းသာ...
"လာမှာ​ပေါ့...fanfan ရဲ့..​ဆေး​သောက်​ရ​အောင်​​နော်​...ပြီးရင်​အိပ်​လိုက်​​တော့...မနက်​ဖြန်​ Yeol လာလို့်​ fanfan ​ဆေးမ​သောက်​ဘူးဆိုရင်​ သူပြန်​သွားအုံးမယ်​.."
"ဟင်​...တကယ်​လား...အဲ့ဒါဆို​သောက်​မယ်​..​ပေး"
ရင်​ခွင်​ထဲမှ​နေပြီး ​ခေါင်း​လေး​မော့ကာ​ပြော​နေတဲ့သူဟာ က​လေးတစ်​​ယောက်​လိုပဲ အပြစ်​ကင်းစင်​လိုက်​တာ...သူအိပ်​​ပျော်​သွားမှ အခန်းထဲကထွက်​လာခဲ့ရတယ်​...
အိမ်​အပြင်​ကိုထွက်​လာခဲ့ပြီး​ကောင်းကင်​ကို​မော့ကြည့်​ကာ...ထိန်းချုပ်​ထားရသမျှကိုလွှတ်​ချကာငို​ကြွေး​နေမိသည်​...
"fanfan ရယ်​ မင်း​တွေ့ချင်​​နေတဲ့သူဟာ မင်း​ရှေ့မှာရှိ​နေတဲ့သူဆိုတာကို မသိရ​အောင်​ ကံကြမ္မာ​တွေကရက်​စက်​လွန်းလိုက်​တာ...မင်းချစ်​တဲ့ yeol က မင်းနားမှာအချိန်​တိုင်းရှိ​နေချင်​ခဲ့တယ်​ဆိုတာ မင်းကိုသိ​စေချင်​လိုက်​တာ...ငါဟာ yeol ဆိုတာကို မင်းကိုမ​ပြောရဲခဲ့ဘူး...ငါ​ကြောက်​တယ်​...ငါ့အနားက​နေမင်းထွက်​သွားမှာကို...​နောက်​ဆုံးချိန်​ထိလက်​မလွတ်​​ပေးနိုင်​ဘူး...ငါရဲ့အမှား​တွေသိပ်​များခဲ့တယ်​..."

You've reached the end of published parts.

⏰ Last updated: Sep 16, 2017 ⏰

Add this story to your Library to get notified about new parts!

နှင်းမှုန်​ကြားကနှလုံးသားWhere stories live. Discover now