Chanyeol အိမ်မှာစောင့်နေသည်မို့လို့ ကျွန်တော် စက်ဘီးကို အမြန်နင်းလာခဲ့သည်။ စာမေးပွဲတွေ ဖြေပြီး ကျောင်းပိတ်နေသည်မို့ Chanyeol ကျွန်တော့်အိမ်သို့ ခဏခဏလာနေသည်။ ဒီနေ့လည်း သူ ထမင်းဟင်းချက်ထားတယ်တဲ့ ကျွန်တော့်ကို စောစောပြန်လာဖို့မှာလိုက်သည်။ အရမ်းချစ်ဖို့ကောင်းတဲ့ ကျွန်တော့်ချစ်သူလေး..
Yeol အကြောင်းတွေးလိုက်ရင် အမြဲတမ်း ပြုံးနေတတ်တဲ့ ကျွန်တော့်ကို Chen က ရူးနေပြီတဲ့...ဟုတ်တယ် ရူးရင်လည်းရူးပါစေ..ဂရုမစိုက်ဘူး ကျွန်တော် Yeol ကို အရမ်းချစ်တယ်..တွေးရင်းနဲ့စက်ဘီးနင်းလာလိုက်တာ အိမ်ရှေ့တောင်ရောက်နေမှန်းမသိလိုက်ဘူး..
"ဟင်.. ဘယ်ကကားလဲ ပြီးတော့ ဝတ်စုံဆင်တူနဲ့လူတွေ သက်တော်စောင့်တွေလိုလို..ဘာတွေလားပဲ..ဘယ်ကိုလာတာလဲ..မသိဘူးကွာ ဘယ်သူ့ဆီလာလာ Yeol စောင့်နေတော့မယ် မြန်မြန် သွားမှ""Yeol.. Yeol ya..ဟင်!"
လှေကားမှပြေးတက်လာပြီး အပေါ်ရောက်တော့ အိမ်ရှေ့မှာ ရောက်နေတဲ့လူတွေကြောင့် အံ့ဩသွားခဲ့သည်။"ဘယ်သူတွေလဲ..ဒီမှာ ဘာလုပ်နေကြတာလဲ "
"မင်းက Wu Yifan လား"
လူကြီးလူကောင်းပုံစံနဲ့ လူတစ်ယောက်က ကျွန်တော့်ကို မေးလာသည်။
"ဟုတ်ကဲ့ ဘယ်သူလဲမသိဘူး"
"ငါက Chanyeol ရဲ့ အဖေပါ"
"ဗျာ..Yeol Yeol အဖေ"
လူကြီးက ခေါင်းညိတ်ပြပြီး..
"မင်းကို ပြောစရာရှိတယ်...Chanyeol က ဘယ်သူလဲ ဘယ်မိသားစုကလဲဆိုတာသိလား"
"ဟို..ကျွန်တော်..မသိဘူး"
"Chanyeol က Park Group ရဲ့ ဆက်ခံသူပဲ"
"Park Group..korea ရဲ့ Top 1 စီးပွားရေး Group ကိုပြောတာလား..ဒါ..ဒါဆို.."
ကျွန်တော်အရမ်းအံ့ဩကာ လန့်သွားပြီး ဘာမှမပြောနိုင်အောင် ဖြစ်နေခဲ့တယ်..Yeol ကျွန်တော့်ကို ဘာလို့.. ဘာလို့ ဘာမှမပြောခဲ့တာလဲ..
YOU ARE READING
နှင်းမှုန်ကြားကနှလုံးသား
FanfictionYifan မင်းအနားကနေ ထာဝရပျောက်ကွယ်ပေးပါဆိုရင် ငါထွက်သွားပေးမယ်။ ဒါပေမယ့် မင်းကိုချစ်တဲ့ငါ့နှလုံးသားကတော့ မင်းအနားမှာ ထာဝရရှိနေမှာပါ။ Chanyeol ငါအလိုချင်ဆုံးဆန္ဒကတော့ မင်းငါ့အနားကနေထာဝရပျောက်ကွယ်ပေးပါ ငါ့ကိုချစ်တဲ့ မင်းရဲ့နှလံ...