Hyung ခရီးသွားတဲ့ 3ရက်လုံး Baekမှာ နေမထိ ထိုင်မသာနဲ့။ဒီချိန်ဆို သူရည်းစားနဲ့ ပျော်နေမလား။လျှောက်လည်နေကြမလား။
စကားပြောနေကြမလားဆိုပြီး တွေးပြီး မျက်ရည်ကျမိတယ်။အလိုလို ဒေါသထွက်မိတယ်။ဘာကို အလိုမကျမှန်းမသိ...။အစက hyungကို အဲ့လောက်ချစ်မယ်မထင် hyungမှာရည်းစားရှိတယ်လည်းဆိုရော ဘယ်လိုခံစားရမှန်းမသိ။Hyungကောင်မလေးကိုလည်း အလိုလိုနေရင်း မုန်းနေမိတယိ။hyungက သူမကို အရမ်းချစ်မှာပဲလို့ တွေးမိပြီး ငိုရတာလည်း မျက်ရည်တွေခမ်းမတတ်...။ဒီနေ့hyung ပြန်လာမယ်တဲ့။hyungက Baekအတွက် လက်ဆောင်ဝယ်လာမယ်ပြောသွားသေးတော့ hyungကို ခြံထဲစောင့်နေလိုက်တယ်။hyungလာတော့ အပြေးအလွှားကြိုပြီး hyungအိတ်ကို အခန်းထိ လိုက်ပို့ကာ ရပ်စောင့်နေမိတယ်။''ခွေးပေါက်...ဘာရပ်လုပ်နေတာလဲ။
သွားတော့လေ.,။''''hyungပဲ Baekအတွက် လက်ဆောင်ဝယ်လာမယ်ဆို အဲဒါကြောင့်စောင့်နေတာ''
''အေးကွာ ငါပိုက်ဆံကုန်သွားလို့ မဝယ်မိဘူး။ရည်းစားက ပူဆာတော့ သူ့ကို ဝယ်ပေးလိုက်တာ ပိုက်ဆံပျက်သွားတာ။နောက်တစ်ခေါက်မှပေါ့''
Yeolရဲ့ စကားလည်းဆုံးရော Baekမျက်ရည်ကျလာမိတယ်။
''ဘာမှမပါလာဘူး .,ဟမ် လက်ဆောင်လေးတစ်ခုတောင်ဝယ်မလာ
နိုင်ဘူးလား. ဝယ်မလာဘူးဆိုလည်း အစကတည်းက မပြောနဲ့ပေါ့။ပစ္စည်းလိုချင်တော့ မဟုတ်ဘူး Baekကို သတိရပြီး ဝယ်လာပေးတာကို လိုချင်တာပါ။hyung အတွက်ကြောင့် ပိုက်ဆံကုန်သွားတယ်ဆိုရင် ဟုတ်သေး။ခုဟာက အဲ့မိန်းမကြောင့် ကျွန်တော့်အတွက် ဝယ်မလာနိုင်ဘူး ဟုတ်လား။hyung Baekပေါ် ဂရုစိုက်ပေးဖူးလား စဉ်းစားကြည့်ဦး။အဲ့ကောင်မနဲ့ယှဉ်ရင် Baekက ရှုံးတယ်ဆိုတော့ Hyung ကို Baek အရမ်းမုန်းတယ်....''ပြောပြီး ချာကနဲ့ထွက်သွားတဲ့Baekကို Yeolတစ်ယောက် ကြောင်ကြည့်နေမိတယ်။Baekလည်း Yeolကို ဘာတွေပြောခဲ့မှန်း သူကိုယ်တိုင် နားမလည်...။
Baekပြောပြီး ထွက်လာတော့ အခန်းထဲမှာ အားရပါးရငိုမိတယ်။ရင်ထဲမှာရှိတဲ့ အစိုင်အခဲတွေ တော်တော်များပုံရတယ်။ဒါပေမယ့် ချစ်ရသူပီပီ အချိန်ကြာကြာ တောက့်မခံနိုင်ပါဘူး။Hyungဘယ်ချိန်ပြန်ခေါ်မလဲဆိုတဲ့အချိန်ကိုစောင့်ရင်း တစ်ပတ်ကျော်သွားတယ်။Hyungက အရေးတောင်မလုပ်ခဲ့ပါ။နေနိုင်ရက်သူကြီး မုန်းလည်းမုန်းသလို ချစ်လည်းချစ်တယ်။Hyungအခန်းလေးကို သန့်ရှငိးရေးမလုပ်ပေးမိတာ တစ်ပတ်တောင်ရှိသွားပြီဆိုတော့ ထုံးစံအတိုင်း Baekရဲ့တာဝန်ပြန်ထမ်းဆောင်ရတာပေါ့။
ဘာပဲဖြစ်ဖြစ် အချစ်ကြီးသူက အရှုံးပေးရမြဲပင်...။##########CB####################
