hyungက ခုချိန်ထိ ommaဟာ သူ့အပေါ်ကောင်းတယ်လို့ ထင်နေတယ်။တကယ်လို့ hyungသာ ဒီကိစ္စသိသွားမယ်ဆိုရင် Baekတို့သားအမိကို မုန်းသွားမှာသေချာတယ်။Appaကလည်း ommaကို ယုံကြည်ရှာတယ်။Appaကိုသာ သွားပြောလိုက်ရင် Baekနဲ့omma အိမ်ပေါ်က နှင်ချခံထိမှာ။ နှင်ချခံထိမှာ ကိစ္စမရှိပေမယ့် ချစ်ရတဲ့ hyung နဲ့ ဝေးရမှာကြောက်တယ်။Baekရဲ့ ommaအကြောင်း Baek သိပါတယ်။Ommaက သူဖြစ်ချင်တာကို မဖြစ် ဖြစ်အောင်လုပ်တတ်တယ်။
ခေါင်းအရမ်းမာတယ်။Baek ommaကိုပဲ တားဆီးရမလား။Baekလည်း ဘာတွေမှန်းမသိတော့ဘူး။အဲ့ကိစ္စကိုသာ ခေါင်းထဲက ဆွဲထုတ်နေမိတယ်။ သို့သော် hyungပြောခဲ့တဲ့ စကားတစ်ခွန်းကို နားထဲ ကြားနေမိတယ်။ ''ကလိမ်ကကျစ် ကျတဲ့လူမျိုးတွေကို ငါက အရမ်းမုန်းတာ''တဲ့။hyung Baekကိုအဲ့လောက်တောင်ပဲ မုန်းနေရလားဗျာ။ကျွန်တော့် အချစ်တွေ hyung မမြင်တာလား မမြင်ချင်ယောင်ဆောင်နေတာလား။ အဲ့နောက်ပိုင်း hyungနဲ့ baek နီးရက်နဲ့ ဝေးလာခဲ့ကြတယ်။hyingဘက်ကလည်း သိသိသာသာ ရှောင်ဖယ်လာခဲ့တယ်။ကျွန်တော် ဝမ်းနည်းမိတယ်။ဒါပေမယ့်လည်း ချစ်ရတဲ့သူရဲ့ ဥပက္ခာကို ကျေကျေနပ်နပ် ခံယူနေမိတယ်....။တစ်နေ့ Appaနဲ့ Baekစကားပြောဖြစ်ကြတယ်။
''သား...ကျောင်းတက်ရတာ အဆင်ပြေရဲ့လား''
''ပြေပါတယ် Appa''
''ပြေရင် ပြီးတာပါပဲ။ကျောင်းပြီးတော့လည်း Appaရဲ့companyမှာ ဝင်လုပ်ပေါ့ မဟုတ်ဘူးလား။သားကိုပဲ အားကိုးရတော့မယ်။မင်းhyungကိုတော့ စကားထဲထည့်မပြောတော့ပါဘူး''
''hyungက ပင်ကိုစိတ်ခံလေးက ကောင်းပါတယ်။နောက်ပြီး အရည်အချင်းလည်းရှိပါတယ် Appaရဲ့''
''ဟုတ်ပါတယ်။ဒါပေမယ့် မင်းhyungက ခြေမငြိမ်တာက ခက်တာ။မင်းhyungကို မိန်းမပေးစားလိုက်ရင်းရော ဘယ်လိုလဲ။''
''ဗျာာာာ....မလုပ်ပါနဲ့ Appa''
''Wae?? မင်းhyung မှာ ကောင်မလေးရှိတဲ့ အသံလေးဘာလေး မကြားမိဘူးလား''
''မ..မကြား..မိပါဘူး Appa''
Appaကို ရည်ရွယ်ချက်မရှိ လိမ်လိုက်မိတယ်။ဘာဖြစ်လို့လဲဆိုတော့ hyungကို မိန်းမ မယူစေချင်လို့.....