Knock ... Knock
'သူဋ္ဌေး ဒီနေ့ Chinaက ဧည့်သည်နဲ့တွေ့ဖို့ရှိတာ အခု အပြင်မှာ ရောက်နေပါပြီ...'
'ဟေ ငါ အခု ဒီအလုပ်လေး လက်စသတ်လိုက်မယ် ဝင်လာခိုင်းလိုက်...'
'ဟုတ်ကဲ့...'
အို ဘုရားရေ သူ...ကျွန်တော့်ရဲ့ hyung...
'Hyung...'
'Hmm ... Baekhyun.. မတွေ့တာကြာပြီနော်...အဆင်ပြေရဲ့လား...'
မေးရက်တယ် hyung ...hyungထားခဲ့တဲ့ နေရာမှာ hyungကို မေ့ပစ်ဖို့ ကြိုးစားခဲ့ရတဲ့ သူကို စစတွေ့ချင်း မေးရမယ့်စကားလားဗျာ...
'ပြေပါတယ်...hyungမရှိတာက လွဲရင်ပေါ့...'
ဟုတ်ပါတယ် တကယ်လည်း hyungမရှိဘူးဆိုတဲ့ အသိတစ်ချက်ကလွဲရင် အားလုံးအဆင်ပြေပါတယ်...'Baekhyunလေးတောင် ရင့်ကျက်လာပြီပဲ.ပွင့်လင်းပုံကတော့ အရင်ကအတိုင်းပဲ..မပြောင်းလဲသေးဘူးပဲ..'
ကျွန်တော်ပြောပါတယ် hyungနဲ့ပတ်သတ်တာက လွဲရင် အကုန်ပြောင်းလဲခဲ့ပြီလေ..hyungလည်း ရင့်ကျက်လာပါပြီ.အရင်ကဆို မိတဆိုးအမည်ခံပြီး ဂျစ်ကန်ကန် ကောင်လေးက အခုတော့ နက်မှောင်တဲ့ ဆံသားတွေနဲ့ မျက်ခုံးထူထူ နှာတံဖြောင်ေ့ဖြာင့်နဲ့ ဝတ်စားထားတဲ့ပုံက အရင်ကနဲ့မတူ ယောက်ျားပီသပြီး ဖြောင့်မတ်တဲ့ပုံက ကျွန်တော်ကြိုက်ခဲ့တဲ့ hyungမှ ဟုတ်ရဲ့လားဗျာ...
'Baekhyun...အချိန်ရလား..အချိန်ရရင် hyungတို့ တစ်နေရာရာမှာ စကားပြောရအောင်...မတွေ့တာကြာတဲ့ ညီအစ်ကိုတွေ ပြန်တွေ့ရတာပဲကို...'
ဟုတ်တာပေါ့ သူခံယူထားတဲ့ ကျွန်တော်နဲ့ သူ့ကြားက ညီအစ်ကိုဆိုတဲ့ စည်းလေးတစ်ခု...
သာယာတဲ့မနက်ခင်းမှာ ချစ်ရသူနဲ့အတူ ချိုမွှေးနေတဲ့ ကော်ဖီသောက်ရင်း ချစ်စကားလေးတွေပြောချင်တဲ့ အိမ်မက် ကျွန်တော် မက်ခဲ့ဘူးတယ်...ခုလက်တွေ့ဖြစ်လာတာက..မတွေ့တာကြာတဲ့ ညီအစ်ကို ဆက်ဆံရေး...
