My Puppy-8

2K 166 8
                                    

accidentဖြစ်ပြီးပြီးချင်း အလောင်းတွေကိုဆေးရုံယူသွားပြီး စစ်ဆေးရေလုပ်နေပြီဆိုလို့ ဆေးရုံကို ချက်ချင်းလိုက်လာခဲ့တယ်။ဆေးရုံရောက်တော့ hyungကရောက်နှင့်နေပြီ။Baekမှာ ငိုလိုက်ရတာ မျက်ရည်တွေတောင်ခမ်းခြောက်လုနေပြီ။
omma baekကို တစ်ယောက်တည်းထားခဲ့လေပြီ။
အိမ်ပြန်ရောက်တော့ ဘာမှမပြောနိုင်။နောက်နေ့ Appaနဲ့ ommaကို သဂြိုလ်လိုက်တယ်။ခုတော့လည်း ommaမက်မောတဲ့ စည်းစိမ်တွေကိုလည်းထားခဲ့ပြီ။Baekကိုလည်း ထားခဲ့ပြီ။Omma baekကို စိတ်ချသွားခဲ့ပြီလားဗျာ....။
နာရေး ကိစ္စတွေပြီးတော့ မိသားစုရှေ့နေက အိမ်ကိုရောက်လာခဲ့တယ်။Appaရဲ့ လုပ်ငန်းတွေ စည်းစိမ်တွေကို Baekကိုလွှဲပေးခဲ့တယ်။ဒါပေမယ့် အဲဒါတွေက Baek အသက်၂၅နှစ်ပြည့်မှ ယူလို့ရမှာပါ။ဒါတွေအကုန်လုံးဟာ Omma
လုပ်သွားတာဆိုတာကို Baek သိလိုက်ပါပြီ။hyungကတော့ Baekကို မကျေမနပ်ကြည့်နေတော့တယ်။

အံကိုတင်းတင်းကြိတ်ကြိတ်ပြီး မျက်ထောင့်နီကြီးနဲ့ ကြည့်နေပေမယ့် Baek မသိချင်ယောင်ဆောင်လိုက်ပါတယ်။
hyungကို ဘာမှလည်း ရှင်းမပြချင်တော့ပါ။ hyungက ခုထိ ommaအပေါ် အကောင်းမြင်နေတုန်းပဲလေ။Ommaရယ် ommaလုပ်ခဲ့တာ သားအတွက်မှန်ပါတယ်။ဒါပေမယ့်ဗျာ အဲ့စည်းစိမ်တွေနဲ့အတူ hyumgရဲ့ အမုန်းကိုပါ ရလိုက်ပါတယ်။Ommaအပေါ် hyungရဲ့ ချစ်ခင်မှုတွေ ဒီတိုင်းပဲရှိပါစေတော့  Baekကိုလည်း ဒီတိုင်းပဲ မုန်းပါစေတော့ဗျာ....

Baekအတွေးတွေကို ဖြတ်တောက်လိုက်ပြီး hyungကိုကြည့်လိုက်တော့ hyungကလည်း စိုက်ကြည့်နေတာနဲ့ အကြည့်ချင်းစုံမိကြတယ်.

''တောက်!!!....အစကတည်းက ငါထင်သားပဲ။Appaနဲ့ တိုးတိုးတိတ်တိတ် တိုင်ပင်နေကတည်းက မသင်္ကာတာ ။Appaကို
ယုံလောက်အောင်ပြောပြီး Appaရဲ့ ပိုင်ဆိုင်မှုတွေ လိုချင်နေခဲ့တာမှတ်လား။ မင်းကို ငါ အရမ်းရွံတယ် Baekhyun .ရုပ်လေးနဲ့မှ မလိုက် အတွင်းစိတ်က သိပ်ယုတ်မာတာပဲ။မင်းomma စိတ်ဓာတ်ကောင်းသလောက် မင်းက အကြံပက်စက်တဲ့ကောင်...''

''တော်တော့...hyung  ခုချိန် Baek ဘာမှမရှင်းပြချင်ဘူး။ဒါပေမယ့် Baekအသက်၂၅နှစ်ပြည့်ပြီးရင် hyungကို အကုန်လွှဲပေးမှာပါ။hyung သာ လုပ်ငန်းဆက်ခံဖို့ အဆင့်သင့်ပြင်ထားပါ။''

My PuppyTempat cerita menjadi hidup. Temukan sekarang