hyungနဲ့ Baek ရန်ဖြစ်တဲ့နေ့က စပြီး စကားမပြောဖြစ်ဘူး။ ဒီလိုချိန်ဆို ချစ်ရတဲ့ ကျွန်တော်ကပဲ စပြောရတာမလား။ ခုလည်း ထုံးစံအတိုင်းပေါ့...။
''hyung..,hyung.,ဒီမှာ ကြည့်ဦး...''
''ဘာလဲ...''
hyungကို Appaရဲ့ ဒိုင်ယာရီစာအုပ် ဖတ်ခိုင်းလိုက်တယ်။
#မနက်ဖြန် လချုပ်စာရင်းကွာနေတဲ့ ကိစ္စ Mr.kimကို ပြောရန်##
''အဲဒါ ဘာဖြစ်လဲ...''
''Baek စိတ်ထဲထူးဆန်းနေလို့ပါ။ ဒီစာက Appa မသေခင် ၁၀ရက်အလိုက ရေးထားတာ။ မသေခင် ၃ရက်အလိုက Appa က Mr.kimဆီက လချုပ်စာရင်းတောင်းတော့ ပိုက်ဆံတွေကွာနေတယ်။Appa က အဲ့ပိုက်ဆံတွေ ဘယ်ရောက်သွားလဲမေးတော့ ဟိုလိုလို ဒီလိုလို နဲ့ရေရေ ရာရာ မပြောဘူး . Baek Mr.kimကို မသင်္ကာဘူး hyung...''
ဒီcaseကို အမည်တပ်ပြီး ရဲစခန်းကို အကြောင်းကြား Mr.kim ကို ဆင့်ခေါ်ပြီး စစ်ဆေးတော့ သူ အားလုံးကို ကြံစည်ခဲ့တာဆိုပြီး ဝန်ခံသွားခဲ့တယ်။
#hyung အခု Baek ကို သံသယရှင်းလောက်ပြီထင်ပါတယ် ##
ကိစ္စတွေ အားလုံးပြီးသွားပြီးဆိုတော့....
နောက်နေ့ မနက် Baek အထုပ်အပိုးပြင်ဆင်ပြီး အပေါ်ထပ်က ဆင်းလာပြီး ဧည့်ခန်းမှာ ထိုင်နေတဲ့ hyungကို နောက်ဆုံးအနေနဲ့''hyung... baek အဆောင်မှာပဲ သွားနေတော့မယ်။Baek အိမ်က ခိုးဝှက်ယူသွားတာမရှိပါဘူး...။hyung စစ်ကြည့်ဦးလေ...''
''မင်း..ငါ့ကို ရွဲ့နေတာလား...''
''မဟုတ်ပါဘူး hyung.,. hyung သုံးဖို့ ပိုက်ဆံကို Bankကနေ လွှဲလိုက်မယ်။Appaပိုင်ဆိုင်မှုတွေကိုတော့ Baek ၂၅နှစ်ပြည့်တော့မှ လွှဲပေးနိုင်မှာပါ...Baek သွားတော့မယ် hyung...''
#အချစ်ဆိုတာ ကြည့်နေရုံ သက်သက်မှ မဟုတ်တာ ရယူပိုင်ဆိုင်မှုဆိုတာ အနည်းနဲ့အများ ရှိတတ်ကြပါတယ်..။ကိုယ်လိုချင်တဲ့ အချစ်မျိုး သူဆီက မရဘူးဆိုရင် သူနဲ့ဝေးရာကို ရှောင်ထွက်သွားပြီး သူ့ကို မေ့နိုင်အောင်ကြိုးစားခြင်းသည် အကောင်းဆုံးပါ.,။hyung ဆီက အချစ်ကို Baek မျှော်လင့်လို့ ရတော့မယ် မထင်ဘူး.,။သူလည်း တစ်နေ့ သူချစ်တဲ့သူနဲ့ သက်ဆုံးတိုင် ပေါင်းဖက်ကြမှာ အမှန်ပဲလေ...##
