Chanyeolတစ်ယောက် ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ ဂျယ်ဂျူဒိုသွားဖို့ အိမ်ကိုခွင့်တောင်းလာတယ်။Baekလည်းလိုက်ချင်မိတယ်။Baekလည်းအားနေတာမို့လို့ပါ။
"ခွေးပေါက်...ငါ့ကို အဝတ်အစားတွေထည့်ပေးဦး။သွားပွတ်တံ။သွားတိုက်ဆေးကအစ ထည့်နော်။Hotelကဟာတွေမသုံးချင်လို့။မျက်နှာသုတ်ပဝါ ပါ ထည့်ပေးနော်။''
''hyung...ဘယ်သွားဖို့လဲ''
သိရဲ့သားမေးလိုက်မိတယ်။''ဂျယ်ဂျူဒို''
''Baekလည်းလိုက်ချင်တယ်''
''ဘာလို့လိုက်မှာလဲ။ရှုပ်ရှုပ်ယှက်ယှက် နောက်ပြီး မင်းနဲ့သိတဲ့သူ တစ်ယောက်မှ မရှိတာ။''
''hyung ပါတာပဲကို''
''မရှုပ်ပါနဲ့ ခွေးပေါက်ရာ. ငါ့ရည်းစားလည်းပါမှာဆိုတော့ မင်းပါရင်မလွတ်လပ်ဖြစ်မှာပေါ့ကွ''
''ဟင်....hyungမှာ ရည်းစားရှိတယ် ဟုတ်လား''
''immလေ သူက ငါတို့မေဂျာကqueenလေ''
''hyung...ရည်းစားမထားပါနဲ့လား''
''ဘာလို့လဲ''
''ကျောင်းမှမပြီးသေးတာ''
''ရည်းစားထားတာ ကျောင်းပြီးစရာလိုလို့လား''
''ဆိုင်ဆိုင် မဆိုင်ဆိုင် မသိဘူးဗျာ။hyungကိုAppaနဲ့တိုင်ပြောမယ်''
''ပြောပေါ့ Appaက ဒီလောက်တော့နားလည်ပေးနိုင်တယ်''
''ပြီးတာပဲလေ။ရည်းစားနဲ့သွားဖို့ဆို Baekလည်း ဘာမှ မလုပ်ပေးနိုင်ဘူး''
''ဟေ့ရောင် စကားကြီးကြီးကျယ်ကျယ် မပြောနဲ့။လုပ်ပေးချင်လုပ် မလုပ်ချင်လည်းနေ။အာရုံလာမစားနဲ့''
Hyung ပြောပြောဆိုဆိုထွက်သွားတော့ Baekလည်း ဘီရိုထဲက သင့်တော်မယ့် အဝတ်တွေကို ထည့်ပေးနေမိတယ်။အကျီတစ်ထည် မျက်ရည်တစ်ပေါက်ကျ....သူ့ရည်းစားနဲ့ပျော်ဖို့ Baekကအဖြည့်ခံလား....Hyungမှာ Baek
အတွက် သံယောဇဉ်လေး တစ်မျှင်မှ ရှိပုံမပေါ်...#############CB#################
Hyung ဂျယ်ဂျူဒိုသွားဖို့ Appaဆီက မုန့်ဖိုးတောင်းတဲ့အပြင် ommaဆီကလည်း ကပ်ဖားယပ်ဖား နဲ့တောင်းသေးတယ်။ommaက မိထွေးဆိုပြီး အမြင်စောင်းမှာစိုးလို့ အလိုလိုက်ရှာပါတယ်။Appaကဆူရင်လည်း Ommaက ကာဆီးကာဆီးနဲ့ အဲဒါကြောင့် Ommaနဲ့hyung အဆင်ပြေနေတာဖြစ်မယ်ထင်တယ်။
Hyung ခရီးသွားခါနီး....,''ခွေးပေါက်...ငါ့အဝတ်အစား ထည့်ပေးတာကျေးဇူးပဲ။ငါပြန်လာရင် လက်ဆောင်ဝယ်ခဲ့မယ် သိလား''
Hyungအဲလိုပြောတော့ Baek ဘာမှပြန်မပြောဖြစ်ခဲ့ပါဘူး...ခေါင်းခါ ခေါင်းငြိမ့်လည်း မလုပ်ခဲ့မိပေ။
စိတ်ထဲကတော့ ဂျယ်ဂျူဒိုကိုကောင်းကောင်းမွန်မွန်ရောက်ဖို့ ဆုတောင်းပေးလိုက်ပါတယ်...။###########CB###################
