SoRaတို့ စကားပြောတာကို Baekကြားသွားပြီး အခန်းထဲပြန်လာကာ အိပ်ရာထဲ လှဲနေလိုက်တယ်။မကြာပါဘူး Yeolတစ်ယောက်ရောက်လာတယ်လေ။
''Baekhyun...ဟေ့ရောင် ထစမ်း''
''ဗျာ...hyung''
''လွန်ခဲ့တဲ့ အပတ်က မင်းommaဆီက ပိုက်ဆံတောင်းခိုင်းတာ မှတ်မိလား''
''မှတ်မိတယ်လေ...ဘာလို့လဲ''
''မင်းomma မင်းကို ဘယ်လောက်ပေးလိုက်လဲ''
''ငါးသိန်းပါ''
''မင်း ငါ့ကို ဘယ်လောက်ပေးလဲ''
''သုံးသိန်း''
''ကျန်တဲ့ပိုက်ဆံကရော...''
''Baekဆီမှာ''
''ဘာာ...မင်း ငါ့ကို မလိမ့်တပတ်လုပ်တယ်ပေါ့လေ။မင်း လိုချင်ရင် မင်းတောင်းသုံးပါလား။ငါ့ပိုက်ဆံကို ဘာလို့ဖျက်သုံးတာလဲ''
''hyung ပိုက်ဆံအများကြီးသုံးပြီး ပျက်စီးမှာကို မလိုလားအပ်လို့ Baek အဲ့ပိုက်ဆံကိုသိမ်းထားတာပါ''
''မင်း ငါ့ကို ဘာမှလာမပြောနဲ့။မင်းက အဲလို လုပ်ရအောင် မင်းက ငါ့မိဘလား။အဲလို ကလိမ်ကကျစ် ကျပြီး လက်တစ်လုံးခြားလုပ်တဲ့သူတွေကို အရမ်းမုနိးတယ်...''
Yeolတစ်ယောက်ထွက်သွားပြီးမှ Baek ခေါင်းအုံးနဲ့ မျက်နှာအပ်ပြီး ငိုနေလျက်။မကြာပေါင် SoRa ဝင်လာပြီး...
''Baek သား ဘာလို့အဲ့ပိုက်ဆံယူရတာလဲ''
''သား...သား...hyung ပျက်စီးမှာကို မလိုလားလို့ပါ''
''ငါသားက အ ပါလား။ommaက အဲလိုပျက်စီးဖို့ ပိုက်ဆံတွေပေးပြီးဖျက်ဆီးနေတာ။အဲလိုပျက်စီးမှ သှူု့Appaက သူ့ကို စိတ်ပျက်ပြီး သူ့ပိုင်ဆိုင်မှု်တွေပေးမှာမဟုတ်ဘူး။အဲခါကျရင် သားဆီကို ပိုင်ဆိုင်မှုတွေ လုပ်ငန်းတွေက အလိုလိုနေရင်းရောက်လာမှာ''
''ဗျာ..ဘာတွေပြောနေတာလဲomm.။အဲဒါတော့မဟုတိသေးပါဘူး။ommaမှားနေပြီးနော်''
''ဘာမှပြောမနေနဲ့။မင်းommaဆိုတဲ့ ငါဟာလေ ဖြစ်ချင်တာကို မဖြစ် ဖြစ်အောင် လုပ်တတ်တယ်''
''omma သားကျွန်တေိာကလည်း သူများစည်းစိမ်ပေါ်မှာ အခန့်ထိုင်စားမယ့် အစားထဲမှာ သားမပါဘူး''
''ဒီမှာ Baekhyun မင်းကို ငါ တိုင်ပင်ဆွေးနွေးနေတာ မဟုတ်ဘူး။အသိပေးနေတာ။မင်း ငါ့ကိုပြန်ပြောစရာအကြောင်း လုံးဝမရှိဘူး။ဒါတွေအကုန်လုံးက ငါ့အတွက် တစ်ခုမှ မပါဘူး။မင်းအတွက်...မင်းအတွက်ချည်းပဲ''
''ommaရယ် omma သားမှာ အရည်အချင်းရှိပါတယ်။သူများစည်းစိမ်ပေါ်မှာ ထိုင်စားပြီး ကြီးပွားတာ မလိုချင်ဘူးဗျာ...''
''မင်း မလိုချင်ပေမယ့် မင်းနောင်ရေးအတွက် ငါလုပ်ရလိမ့်မယ်...''
SoRa လည်း Baekကိုတစ်ချက်ကြည့်ပြီး အခန်းထဲက ထွက်သွားတော့တယ်။Baekလည်း စိတ်တွေထွေပြားမိမှာ အမှန်ပေ...။
##အလွန်ချစ်ရပါသော လူသားနှစ်ဦးဖြစ်ကြတဲ့ Ommaနဲ့ hyung ကြား Baek ဘယ်လိုလုပ်သင့်လဲ##
#############CB#################
SoRaနဲ့ Chanyeolကို အမြင်လွဲနေတဲ့ မမ
အခု အမြင်မလွဲလောက်တော့ဘူးထင်ပါတယ်။အပိုင်းတွေ တိုတယ်လို့မခံစားရဘူးလားဟင်။ရှည်ရှည်
ရေးပေးဆိုလည်းရေးပေးပါ့မယ်။အရှည်ဆို တစ်နေ့တစ်ပိုင်းပဲတင်ဖြစ်လောက်တယ်။
ဘယ်လိုရေးပေးချင်လဲဟင်Thanks for your reading
