ပြသာနာဖြစ်တာ တစ်ပတ်ကြာလောက်တော့ ပုံမှန်အတိုင်း hyungနဲ့ စကားပြန်ပြောဖြစ်လာတယ်။hyungကလည်း အရင်ကလို မာကျောကျောမဟုတ်တော့ဘဲ အနည်းငယ် ဂရုစိုက်လာတယ်။ဒါပေမယ့် Baekရဲ့ အချစ်နဲ့နှိုင်းယှဉ်ရင်တော့ အဲ့ဂရုစိုက်မှုဟာ မြူမှုန်လောက်တောင်မရှိပါဘူး။
စကားမပြောဖြစ်တဲ့အတောအတွင်း hyungတစ်ယောက် အုပ်စုလိုက်ဖွဲ့ပြီး ရန်ဖြစ်ကြတာ ဟိုဘက်အဖွဲ့ အထိနာသွားပြီး ရဲစခန်းရောက်သွားတော့ လျော်ကြေးပြီး ကျေအေးတဲ့အထိ Appaမှာတောင်းပန်လိုက်ရသေးတယ်။Appaဆူတော့ ommaက ကာကွယ်ပေးရှာပါတယ်။တစ်ခါတစ်လေ စဉ်းစားမိတယ်။ommaက ဘာကြောင့်hyungကို အရမ်းအလိုလိုက်ပြီး သဘောကောင်းနေရတာလဲ။''ခွေးပေါက်... မင်းommaဆီက ဝမ်ငါးသိန်းလောက်တောင်းပေးဦး''
''ဘာလုပ်ဖို့လဲ hyung''
''ငါ့သူငယ်ချင်းမွေးနေ့ရှိတယ်လေ။အဲဒါမွေးနေ့ လက်ဆောင်ဝယ်ပေးမလို့''
''hyung ပိုက်ဆံက များလိုက်တာ''
''ခွေးပေါက်...မင်းမပေးရဘဲ လျှာကြောရှည်မနေနဲ့''
hyung ပြောဆိုပြီးထွက်သွားတော့မှBaekလည်း ommaဆီသွားပြီး
''omma...hyungက ပိုက်ဆံ ငါးသိန်းလောက်တဲ့။မွေးနေ့လက်ဆောင်ဝယ်
်ချင်လို့တဲ့''''aww ... ပေးရမှာပေါ့''
''omma သားကိုလည်း ဝမ်နှစ်သောင်းလောက်ပေးပါလား''
''သားက ဘာလုပ်ဖို့လဲ''
''သားလည်းဝယ်စရာရှိလို့''
''သား အရေးမကြီးရင် မဝယ်ပါနဲ့လား။ommaမှာ ပိုက်ဆံနည်းနေလို့။နောက်ပြီး ပိုက်ဆံက ရှာရတာမလွယ်ဘူးသား။ရော့ ...မင်းhyungအတွက် ပိုက်ဆံ ...သားကနောက်မှယူ...''
Baek သူ့ommaကို သူနားမလည်နိုင်။သားအရင်းကျတော့ နှစ်သောင်းတောင် မပေးနိုင်ပဲနဲ့ သားအရင်းမဟုတ်တဲ့ Yeolကျတော့ ငါးသိန်းကို အလွယ်လေး။
သူ့ommaကို Baek ဘယ်လိုနားလညိနိုင်မှာလဲ။###########CB###################
ညရောက်တော့
''hyung... hyung...''
''တံခါးစေ့ထားတယ် ဝင်ခဲ့''
''hyung ဒီမှာ ပိုက်ဆံ ''
Yeolက ပိုက်ဆံကို စစ်ကြည့်ပြီး
''ဟာ... သုံးသိန်းထဲပါလား''
''omm...ommaက ပိုက်ဆံနည်းနေလို့တဲ့...''
''ဒီပိုက်ဆံနဲ့ ဘာလုပ်လို့ရမှာလဲ မင်းOmmaကလည်း ဟူး...လေပါတယ်ကွာ...''
Baekတစ်ယောက် Yeolအခန်းထဲကပြန်လာပြီး ကုတင်ပေါ်လှဲနေကာ စဉ်းစားနေမိတယ်။
##ပိုက်ဆံ ဖြတ်ယူထားတာ hyung သိရင် ပေါက်ကွဲမှာသေချာတယ်။hyungနဲ့ omma နဲ့ကို မျက်နှာချင်းပေးတွေ့လို့မဖြစ်ဘူး။မျက်နှာချင်းမိလို့ ပေါ်သွားရင် hyung ငါ့ကို အထင်သေးသွားမယ့် အပြင် အယုံအကြည်ရှိတော့မှာ မဟုတ်ဘူး။ငါ ဘယ်လိုလုပ်ရပါ့မလဲ##
ဒီလိုနဲ့ပဲ ပိုက်ဆံကိစ္စမေ့မေ့ပျောက်ပျောက် ဖြစ်သွားတော့တယ်။ဒါပေမယ့် ကံကြမ္မာက အခွင့်မသာခဲ့ပါဘူး။တစ်နေ့ ထမင်းစားခန်း လာရင်း SoRaနဲ့ Yeol စကားပြောတာကို Baekကြားသွားခဲ့ပါတယ်။
''ဒီတစ်ခါ အရမ်းအရေးကြီးတယ်။ဟိုတစ်ခါလို သုံးသိန်းလောက်နဲ့ မရဘူးနော်''
''အမလေး သားရယ် ommaက သားတောင်းရင် အပြည့်မပေးဖူးလို့လဲ။''
''ဟင်...ဟိုတစ်ခါက ပိုက်ဆံတောင်းခိုင်းလိုက်တာ ပိုက်ဆံနည်းနေဆိုပြီးတော့ သုံးသိန်းပဲပေးလိုက်တယ်လေ''
''မဟုတ်ရပါဘူး...ommaအပြည့်ပေးလိုက်တာပါ''
''ဟုတ်လား...''
## Baekhyun မင်းနဲ့ ငါတွေ့ကြသေးတာပေါ့
############CB##################
