- Addicted Charisma -
တစ်ယောက်ခန်းလေးထဲ ကုတင်ပေါ်၌ Jimin မှေးခနဲ အိပ်ပျော်နေသည် ထိုစဉ် ကုတင်က အိခနဲနိမ့်ကျ သွားတာမို့ လူတယောက် ကုတင်ပေါ် တက်လာမှန်း ခံစားမိသည် ဘယ်သူလဲ ညမိုးချုပ်ကြီး ဘယ်သူက ဒီအခန်းထဲ ....
တယောက်တည်း အတွေးပေါင်းများစွာနဲ့ ခြောက်ခြားနေသည် အခုချိန် သူနဲ့ ထိုလူ ၂ယောက်ထဲ သူကသူခိုးများလား?? ဒါပေမဲ့ ဘာလို့ ဒီအခန်းကိုမှ ဝင်လာရတာလဲလို့ T.T
ထို့နောက် တစောင်းအိပ်နေသော ကိုယ်လေးကို အနောက်မှ သိုင်းဖက်လာသောသူ...
တကိုယ်လုံး ဖိန်းရှိန်းသွားသလို ခံစားလိုက်ရသည်YG ~ အိပ်ပြီလား?
တိုးလျသော အသံလေးနှင့် နားနားကပ်ကာ ပြောလာသော သူ Yoongi Hyung <3 ... ရင်ထဲနွေးခနဲ ဖြစ်သွားသည် သူကျွန်တော့်ကို ဂရုစိုက်သေးသားပဲ :')
ဘာမှတော့ပြန်မပြောမိ ... မျက်လုံးကိုသာ ကြိတ်၍မှိတ်ထားမိသည် အခုသာ သူ့မျက်နှာကို မြင်လိုက်ရင် မျက်ရည်တွေကျလာမှာ
YG ~ ဟန်မဆောင်တတ်ဘဲနဲ့ လုပ်မနေနဲ့ မင်းမအိပ်သေးမှန်း ကိုသိတယ်နော်
ထိုစကားနဲ့အတူ တပြိုင်နက် ဆွဲလှည့်ခံလိုက်ရသော ကျွန်တော့်ကိုယ်လေး ရုတ်တရက်မို့ မျက်လုံးမှိတ်ထားရာမှ ဖွင့်ကြည့်မိတော့ ညအိပ်ဝတ်စုံလေးနဲ့သူက ကျွန်တော့်ကို အုပ်မိုးထားသည်
ဖြူဖွေးလွန်းသော သူ့မျက်နှာနဲ့ လိုက်ဖက်ညီစွာ တည်ရှိနေသော ရွှေအိုရောင်ဆံပင်လေး ဆွဲဆောင်နိုင်စွမ်းရှိသော မျက်ဝန်းမှေးမှေးလေးတွေ နီရဲနေသော နှုတ်ခမ်းပါးလေး အနီးကပ်မြင်ရတော့ မျက်နှာပေါ်တွင် ဘာအဖုအပိန့်မှ မရှိဘဲ ချောမွေ့နေသည် ပါးပြင်မှာတောင် သွေးကြောလေးများ ယှက်ဖြာနေသည်ကို တွေ့နေရသည်
YG ~ ကို့ကိုကြည့်လို့ဝပြီလား?
Jimin ~ ကို?O.O
အခုမှ သတိထားမိတာ သူစောနတည်းက ကိုလို့သူ့ကိုယ်သူ သုံးနှုန်းနေတာပဲ ကို? Ummm နားထောင်ကောင်းတယ် ကျွန်တော်ရူးများ သွားပြီလား?
ထို့နောက် သူ့လက်နုနုလေးက ကျွန်တော့်ပါးပြင်ကို လာရောက်ထိတွေ့ကာ တဖြည်းဖြည်းနီးလာတဲ့ သူ့နှုတ်ခမ်းတွေ ...
YOU ARE READING
Addicted Charisma
RandomYoonmin Myanmar Fic ... Plz enjoy reading ^^ Fic cover by @Jinscheehtoke99