- Addicted Charisma -
ည၈နာရီ သူများတကာ ညစာစားပြီး တရေးနှပ်တုန်း ဝင်လာတဲ့ ဖုန်းခေါ်သံကြောင့် Jiminမထချင်ထချင်နှင့် ပိုက်ဆံအိတ်ကောက်ဆွဲကာ အိမ်မှထွက်လာရသည်
ဘယ့်နှယ့်ဗျာ Kim Taehyungဆိုတဲ့အကောင်က ကမ်းခြေမှာ မီးရှူးမီးပန်းဖောက်တာလည်း သွားကြည့်သေး ပိုက်ဆံလည်း တပြားမှမပါသွားဘူးတဲ့ သူ့ချစ်ချစ်ကို လာရှင်းခိုင်းဆိုတော့ကျ ရန်ဖြစ်ထားကြပြန်ပြီတဲ့လေ လက်ထဲက ပိုက်ဆံအိတ်ကို ဖွင့်ကြည့်ရင်း တပိုးတနင့် မှာစားထားမည်ဖြစ်တဲ့ မုန့်တွေရှင်းရန် ပိုက်ဆံကို ကြိုရေနေရသည်
ဒီလိုတော့ မပြောချင်ဘူး ဒါပေမဲ့ ကျွန်တော်နဲ့Jungkook တွဲတုန်းကဆို ရန်ဖြစ်တယ်ဆိုတာ ခပ်ရှားရှားရယ် ဟိုကိုယ်တော်က ကျွန်တော့်ကို မျက်နှာအညှိုးခံတာတောင် မဟုတ် အဲ့လိုပြောပြပြန်ရင်လည်း မျက်ရည်လည်ရွဲနဲ့ ကျွန်တော့်လည်ပင်း လိုက်ညှစ်ဦးမယ် ... နားလည်ပါတယ် အမှန်တရားဆိုတာ နဂိုထဲက လက်ခံရအခက်ဆုံးလေ 😏
ကမ်းခြေသို့ရောက်သည်နှင့် အသီးသီးနေရာယူနေကြသော စုံတွဲတွေကြား ဟိုငနဲလေးကို တွေ့လိုတွေ့ငြား မျက်စိကစားနေမိသည် ထိုစဉ် ပုခုံးပေါ်သို့ ခပ်ဖွဖွထိတွေ့လာသော လက်တစုံကြောင့် နောက်လှည့်ကြည့်မိရာ ကျွန်တော်အလိမ်ခံရပြီ ဖြစ်ကြောင်း ကောင်းကောင်းနားလည်လိုက်သည်
Jimin - Yoongi ? ကျစ်
လှည့်ထွက်သွားရန် ပြင်သော်လည်း လက်မောင်းရင်းမှ ဆွဲခေါ်သွားသော သူ့ရဲ့နောက် တုတ်တုတ်မျှ မလှုပ်နိုင်ဘဲ ပါသွားရသည် ... သဲသောင်ပြင်ပေါ် အပြာရောင်အခင်းခင်းထားသည်ထက် ကျွန်တော့်အား ထိုင်စေလိုက်သည် စိတ်ထဲတွင် ဖုန်းထဲမှ ငိုသံကြီးနှင့် ပြောလာသော Taehyungကို ချီးမွမ်းခန်းထုတ်နေလိုက်သည် သရုပ်ဆောင် လုပ်စားဖို့ပဲကောင်းတယ် ကင်ထယ်ရယ်
YOU ARE READING
Addicted Charisma
RandomYoonmin Myanmar Fic ... Plz enjoy reading ^^ Fic cover by @Jinscheehtoke99