- Addicted Charisma -
Jhope ~ ဟင့် ဟိုရောက်လို့ uri jiminieကို လွမ်းနေမိရင် ဘယ်လိုလုပ်မလဲ 😭😭
အိမ်မှလေဆိပ်သို့ လမ်းတလျှောက် တိတ်ဆိတ်နေရာမှ လေဆိပ်သို့ရောက်သည်နှင့် မျက်နှာရှုံ့မဲ့ကာ အော်ကြီးဟစ်ကျယ် ထိုင်ငိုသော Jhopeကြောင့် Yoongiနှင့်Jimin အခက်တွေ့သွားသည်
Jhope ~ Eimoကလည်း တူလေး USကို ပြန်သွားရပါမယ် ဆိုတာတောင် လေဆိပ်ထိ လိုက်မပို့ပေးဘူး 😭
ဘေးတဝိုက်ရှိလူများ ကွတ်ကြည့်ကွတ်ကြည့် လုပ်နေကြရာ ရှက်လွန်းသဖြင့် ဝတ်ထားသော Hoodieမှ ခေါင်းဆောင်းကို မျက်နှာတဝက် ဖုံးအောင် Jiminဆွဲချလိုက်သည် Yoongiမှာလည်း လေတဖူးဖူး မှုတ်ကာ ခေါင်းကိုဆွဲဖွနေသည် ၅နှစ်သား ကလေးထိန်းရတာမှ တော်သေးမည်ဟု ရေရွတ်လျက် လေဆိပ်သို့ လိုက်ပို့ရန် တာဝန်ပေးခြင်း ခံရသော ကိုယ့်ကိုကိုယ် သနားနေမိသည်
Jhope ~ ပြီးတော့ Yoongi !!! မင်း ဟေ့ရောင် ငါUSကို သွားရတော့မှာလို့ ... နောက်မင်းနဲ့ မတွေ့နိုင်တော့ဘူး ခွဲရတော့မယ့်ဟာ ဘာလို့ မျက်ရည်တပေါက်မှ မကျရတာလဲ ဗြဲ 😭😭
YG ~ အာ တကယ် Hyung မူကြိုကလေးလား မြန်မြန် အငိုတိတ် ဒီမှာလူတွေ ကြည့်နေကြပြီ
Jhope ~ Ya မင်းက ဒီလိုလား Hyungကို ရှက်တယ်ပေါ့ အာ ဝမ်းနည်းတယ် မျက်ရည်တွေ ထပ်ကျလာပြီ 😭
YG ~ Aish ခေါင်းကိုက်တယ် Jimin ဒီလူကြီးကို ချော့ရင်ချော့ မဟုတ်ရင် စွန့်ပစ်ချင်ရင်လည်းပစ် ကြိုက်တာသာလုပ် ကိုတော့ ကားပေါ်ကပဲ စောင့်နေမယ် Jiminဘာလုပ်လုပ် ၁၀၀ရာခိုင်နှုန်း ထောက်ခံပေးနေမယ်
ထိုသို့ပြောလျက် လက်မနှစ်ချောင်း ထောင်ကာ ပြေးထွက်သွားသောကြောင့် သစ္စာဖောက်ဟု Jiminမျက်နှာစူပုတ်ကာ ရေရွတ်မိသည် ကြမ်းပြင်ပေါ် ထိုင်ချကာ အထုပ်တွေနှင့် ဝန်းရံနေသည့် Jhope hyungကို တချက်ကြည့်လိုက်သည် ထို့နောက် လေပူတချက်မှုတ်ထုတ်လျက်
YOU ARE READING
Addicted Charisma
RandomYoonmin Myanmar Fic ... Plz enjoy reading ^^ Fic cover by @Jinscheehtoke99