- Addicted Charisma -
' Jimin Jimin ! ဒီဘက်ကို ပစ် ငါ ငါ့ကိုပေးရမှာနော် '
' ဟာ Taehyung ssi အရမ်းမတိုးနဲ့လေ ဒီမှာ ဗိုက်နဲ့ကို ထိမိတော့မယ် '
' မထိချင် Sulna ssiက ဝေးဝေးနေပေးလေ ဒီမှာ သူများစုံတွဲ ပန်းစည်းဖမ်းမလို့ကို '
' ဟေ ဟေ့ သူများကောင်မလေးကို ဘယ်လိုပြောနေတာလဲ Taehyung ssi '
' ခင်ဗျားကသာ သူများကောင်လေးကို ဘာလေသံနဲ့ ပြောနေတာလဲ Min Kyung ssi '
' ကဲ ကဲ ပန်းစည်းပစ်မယ် 1...2 !! '
ပွတ်လောရိုက်နေသော စကားဝိုင်းထဲ ငြိမ်သက်စေရန် Jiminစတင် အော်ဟစ်လိုက်သည် ဘေးနားတွင်တော့ Yoongiက လက်ပိုက်ရင်း ပြုံးပြုံးကြီး ကြည့်လို့နေသည် နှစ်ဘက်မိခင်နှစ်ယောက်မှာလည်း ပီတိတွေဖြာကာ လက်ထဲမှ ကင်မရာနှင့် အလုပ်ရှုပ်နေကြသည်
' 3!! '
' အို Oppa Oppa! Sul.. Sul ပန်းစည်းဖမ်းမိတယ် '
ဘေးနားရှိ Minkyungအား လှမ်းဖက်ကာ ဝမ်းသာအားရ ပြောနေသည်ကို Taekook နှစ်ကောင် မကြည်ကြည့်လိုက်သည်
' ဟေ့ရောင် Park Jimin! မင်း ငါနဲ့ သူငယ်ချင်း ဟုတ်ပါတယ်နော် 😠 '
စူပုပ်နေသော မျက်နှာအား ဖန်သားပြင်ထက်မှ ကြည့်ရင်း Jimin ခွက်ထိုးခွက်လန် ရယ်လိုက်သည် သစ်သီးပန်းကန်ကိုင်ကာ အခုမှ ရောက်လာသည့် Yoongiမှာတော့ ဆိုဖာပေါ်ထိုင်ရင်း အူလှိုက်သည်းလှိုက် ရယ်နေသော Jiminကို ကြည့်ရင်း ခေါင်းခါကာ အနားတွင် ဝင်ထိုင်လိုက်သည်
YG - ကိုတို့ မင်္ဂလာဆောင် ဗီဒီယို အဲ့လောက်တောင် ရယ်ရတယ်လား?
Jiminအား ရင်ခွင်ထဲသို့ ဆွဲသွင်းရင်း ဆံနွယ်တွေကြား လက်တို့ ထိုးဆွကာ မေးလေတော့ ခေါင်းကိုမော့ကာ အရယ်ပိုးမသတ်နိုင်သေးသော မျက်နှာနှင့် Jiminပြန်ဖြေလိုက်သည်
Jimin - အင်း ... Taehyungမျက်နှာကြီးကို ကြည့်စမ်း!! ဗီဒီယိုတခုလုံးမှာ ဒီအပိုင်း အကြိုက်ဆုံးပဲ ဟဟဟား😂
KAMU SEDANG MEMBACA
Addicted Charisma
AcakYoonmin Myanmar Fic ... Plz enjoy reading ^^ Fic cover by @Jinscheehtoke99