- Addicted Charisma -
Yoongi' pov ~
ကလပ် ဝင်ပေါက်ကို ဖြတ်ကျော်ကာ အတွင်းရှိ လူအများကခုန် မူးယစ်နေကြသော ရောင်စုံမီးဆလိုက်များနှင့် တောက်ပနေသည့် နေရာသို့ ...
စိတ်ကိုအေးအေးထားကာ လူတယောက်ချင်းစီ လိုက်ကြည့်နေမိသည် တနေရာလုံး နှံ့နေပြီ အခုထိသူ့ရဲ့အရိပ်ယောင်ကို မတွေ့ သူပဲချောင်ထဲ ရောက်ပြီး ထိုးအိပ်နေတာလား ကျွန်တော်ပဲ မျက်စိမှောက် နေခဲ့တာလား? ဒေါသထွက်လာ၍ တောက်တချက်ခေါက်ကာ Jiminဖုန်းကို ပြန်ခေါ်လိုက်သည်
ပထမတကြိမ် မကိုင် ဒုတိယအကြိမ် မကိုင် တတိယအကြိမ်မှာတော့ ဖုန်းပိတ်ထားပါသည်တဲ့လား? စိတ်တွေရှုပ်ထွေးလာကာ လက်ထဲက ဖုန်းကိုပစ်ပေါက်လိုက်သည်
YG ~ Park Jimin မင်းကငါ့ကို ကစားချင်နေတာလား?
DJရှိသော စင်မြင့်ဆီသို့ လျှောက်လိုက်သည် ပလပ်ပေါက်တွေ ဆွဲဖြုတ်ကာ DJသမားဆီမှ မိုက်ကိုဆွဲလု၍
YG ~ Ya Park Jimin ... မင်းဘယ်မှာလဲ ?
လူတွေအကုန်လုံး တိတ်ဆိတ်သွားကာ အားလုံးရဲ့ attention ကကျွန်တော့်ဆီမှာသာ
YG ~ Park Jimin မင်းဘယ်မှာလဲလို့ အခုချက်ချင်းမဖြေဘူးလား?
ခဏကြာလာတော့ အားလုံးရဲ့ အလိုမကျ ညည်းညူသံတွေ ထွက်လာကာ မျက်စောင်းတွေ တရစပ် ထိုးလာကြပြီ jimin na eodiya ? မကြာပါ ကလပ်body guardဖြစ်မည် ထင်သည့် လူတွေရောက်လာကြသည် andwel... jiminကိုရှာရဦးမယ် ထို့နောက် နာမည်တခုက ခေါင်းထဲဖြတ်ခနဲ တိုးဝင်လာကာ
YG ~ ဒါဆို Jung Hoseok... သူဘယ်မှာလဲ သိတဲ့လူရှိလား ?
လူကြားထဲမှ ကောင်မလေး တယောက် လက်ထောင်လာကာ
" ahhhh အဲ့Oppa ကောင်လေးတျောက်ကို တွဲပြီး room2 ထဲဝင်သွားတာ တွေ့လိုက်တယ် ခုထိ ပြန်မထွက်လာသေးဘူး ထင်တယ် ခိခ် "
ထိုစကားကြားကြားချင်း ထိတ်လန့်ကာ ထိုအခန်းဆီသို့ တရကုန် ပြေးမိသည် မဖြစ်ရဘူး တကယ်လို့များ သူတို့၂ယောက် စည်းကျော်ခဲ့ရင် ?? သူတို့အချင်းချင်း သာယာနေမည့် ပုံရိပ်တွေက ခေါင်းထဲအဆက်မပြတ် ဝင်ရောက်လျက်
YOU ARE READING
Addicted Charisma
RandomYoonmin Myanmar Fic ... Plz enjoy reading ^^ Fic cover by @Jinscheehtoke99