- Addicted Charisma -
Yoongi' pov ~
လက်ဆေးမည်ဟုပြောကာ ထွက်သွားသော်လည်း အတန်ကြာသည်အထိ ပေါ်မလာသေးပေ မကြာသေးမီကလည်း သန့်စင်ခန်းရှိရာဘက်မှ jungkook ခြေလှမ်းကျဲဖြင့် ထွက်လာကာ ဤခန်းမအား ကျောခိုင်းသွားလေပြီ တခုခု ဖြစ်သွားတာတော့ သေချာသည် အချိန်အခိုက်အတန့် တခုအထိ ပေါ်မလာသေးသဖြင့် စိုးရိမ်စိတ်များလာကာ jiminကိုရှာရန် ဆုံးဖြတ်လိုက်သည်
သန့်စင်ခန်းထဲသို့ ရောက်သောအခါ ဘေစင်အစွန်းအား လက်ထောက်လျက် ကြမ်းပြင်သို့ စိုက်ကြည့်ရင်း မျက်ရည်ကျနေသော သူ့ကြောင့် စိုးရိမ်ကာ သူ့ပုခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်
YG ~ Jimin na... gwinchana??
Jimin ~ Hyung... သူ သူအရမ်း သနားဖို့ကောင်းတယ် ကျွန်တော် အရမ်းရက်စက်တာပဲ
ငိုသံယှက်လျက် တိုးလျစွာ ရင်ဖွင့်လာသော သူ့ကို ကျွန်တော့်ရင်ခွင်ထဲ ထွေးပွေ့လိုက်သည် တခါတလေ ရက်စက်တာက ပိုကောင်းတယ်ဆိုတာ နားလည်လာမှာပါ jiminရယ် ...
ရင်ခွင်ထဲ မျက်နှာအပ်လျက် တရှုံ့ရှုံ့ငိုနေသော သူ့ကြောင့် ကျွန်တော်ပါ မျက်ရည်မကျမိစေရန် ကြိုးစားထိန်းနေမိသည် သူ၏ကျောပြင်အား ဖွဖွလေးပုတ်ပေးနေသောအခါ တဖြည်းဖြည်း အငိုရပ်လာတာကို ခံစားမိသည် ခဏအကြာ ခေါင်းလေးမော့လာ၍
Jimin ~ ကျွန်တော်အခု အနားယူချင်တယ်လို့ ပြောရင် hyung စိတ်ဆိုးမှာလား ?
နှာထိပ်လေးနီမြန်းနေသောသူ နှာရှုံ့ရင်း မေးလာသောအခါ မျက်ရည်စတွေကို ဖိသုတ်ပေးရင်း ကျွန်တော်ပြန်ဖြေလိုက်သည်
YG ~ မင်းအလိုရှိတဲ့အတိုင်း လုပ်ပိုင်ခွင့် ရှိပြီးသားပါ jimin
မျှော်လင့်နေသော အဖြေကြားလိုက်ရသည် ထင်သည် မျက်လုံးများ မှိတ်သွားသည်ထင်ရသည့်အလား နှစ်ခြိုက်စွာ သူပြုံးလို့လာသည် ဒီလိုလေးပဲ ပြုံးနေပေးပါ ချစ်ရသူရယ်
YOU ARE READING
Addicted Charisma
RandomYoonmin Myanmar Fic ... Plz enjoy reading ^^ Fic cover by @Jinscheehtoke99