- Addicted Charisma -
Yoongi' pov ~
ကော်ဖီစက်ထဲမှ ပူနွေးလျက်ရှိနေသော ကော်ဖီခွက်ကို ဆွဲယူကာ လေဆိပ်အနီးတွင် ရပ်ထားသော ကားပေါ်သို့ ပြန်လာခဲ့သည် ကားထိုင်ခုံကို နောက်မှီလျက် မှေးနေသော Jiminကို တချက်ကြည့်ကာ...
YG ~ jimin na... အိပ်နေတာလား??
မှေးထားသော မျက်လုံးတို့ကို မှိတ်ထားလျက်ပင် ခေါင်းခါပြလာသည် ... အခုထိ နီရဲနေသော သူ့ရဲ့နှာခေါင်းထိပ်လေးကို ကြည့်ကာ ရင်ထဲဆို့တက်လာသည် ဘာတွေဖြစ်ခဲ့လဲဆိုတာ ရူးမတတ် သိချင်သော်လည်း သူထပ်ငိုလာမှာ ကြောက်သဖြင့် သိချင်စိတ်ကို အောင့်ထားမိသည်
Jimin ~ သူအရမ်းရက်စက်တာပဲ hyung ! သူအရမ်း...
ရှိုက်သံထွက်လာကာ အသံတိမ်ဝင်သွားသောသူ... လက်တွင်ကိုင်ထားသော ကော်ဖီခွက်ကို ကားဒက်ရှ်ဘုတ်ပေါ် တင်ကာ သူ့ရဲ့ ပါးပြင်တဖက်က မျက်ရည်စီးကြောင်းကို လက်မဖြင့် ဖိသုတ်ပေးလိုက်သည် ထိုအခါ ဖြတ်ခနဲ ပွင့်လာသော သူ့မျက်ဝန်းတွေ
YG ~ မင်းအတွက် နာကျင်စေတဲ့အရာဆိုရင် ငါ့ကိုမပြောပြလည်း ရပါတယ် ... ငါလည်း နားထောင်ချင်စိတ် မရှိဘူး အဟန်း !! ကော်ဖီယူလာတယ် သောက်လိုက်ဦး
Jimin ခေါင်းငြိမ့်ပြကာ ကော်ဖီခွက် လှမ်းယူပြီး သောက်ရန်အပြင် မျက်ခုံးတွန့်ကာ yoongiကို လှမ်းကြည့်လာသည်...
Jimin ~ black coffee?? 😦
ဘာလဲဆိုသော အကြည့်နှင့် ခပ်တက်းတင်း ကြည့်လာသော yoongiကြောင့် မျက်နှာချိုးပြင်ကာ စပ်ဖြဲဖြဲနှင့်
Jimin ~ မသောက်ရတာတောင် ကြာပြီလို့ ဟဲဟဲ 😁
Jimin' pov ~
ထိုသို့ပြောပြီးသည်နှင့် ကားစက်ကို စနှိုးလာသောသူ.... black coffee?? Jungkookကို သတိရမိသည် black coffee သူ့ကိုဝယ်တိုက်တုန်းက ဒီကော်ဖီအစား ဆိုဂျူသာဝယ်တိုက်ရင် ပုလင်းလိုက် မော့နိုင်သေးသည်ဟု မျက်နှာကြီး ရှုံ့မဲ့ကာ ပြောလာသည် ကလေးနဲ့တူတာလည်း မပြောနဲ့ ချိုတာမှန်သမျှ အတော်ကြိုက်လွန်းလှသည် ဒါပေမဲ့ ထိုကလေးက နောက်ဆုံးတော့
YOU ARE READING
Addicted Charisma
RandomYoonmin Myanmar Fic ... Plz enjoy reading ^^ Fic cover by @Jinscheehtoke99