- Addicted Charisma -
" လေယာဉ်စတင် ပျံသန်းတော့မည် ဖြစ်ပါသဖြင့် ခါးပတ်များ သေချာပတ်ပေးပါရန် ကျွန်မတို့ လေယာဉ်မောင်မယ်မှ အထူးမေတ္တာရပ်ခံအပ်ပါသည်ရှင် ! "
ထိုစကား ပျံ့လွင့်လာသည်နှင့် jiminရေတပုလင်း ကုန်အောင် မော့ချကာ ခါးပတ်ကို တင်းနေအောင် ပတ်လိုက်သည် လေယာဉ်စီးတာ ၅ကြိမ်မြောက်လောက် ဖြစ်နေသော်ငြား ကောင်းကင်ထဲသို့ ပျံမတက်ခင် ရင်တုန်ရသည်မှာ အကျင့်တခုပင် ဖြစ်လို့လာသည် ထိုအခါ ဘေးနားက ခုံတွင် ထိုင်နေသော Yoongiက အနားကပ်၍
YG ~ ဖက်ထားရမလား??
Jimin' pov ~
လေယာဉ် ပျံမတက်ခင် ကြောက်ဒူးတုန်နေသော ကျွန်တော် မျက်လုံးကို တင်းအောင်မှိတ်ထားကာ ပတ်ဝန်းကျင်တခုလုံး အမှောင်ချထားစဉ် အနားကပ်ကာ တိုးလျစွာ ပြောဆိုလာသော သူ့အသံကြောင့် မျက်လုံးဖွင့်ကာ သူ့ကိုတအံ့တသြ ငေးကြည့်နေမိသည် သူအနားမှာရှိနေတော့ ဦးနှောက်ထဲ ဂျယ်ဂျူးကျွန်းကို honeymoonသွားခဲ့တာက အမှတ်တရအဖြစ် ပေါ်ထွက်လာသည် အဲ့ဒီတုန်းက ဒီလူကြီး တော်တော်ဂွကျတာရယ်
Jimin ~ Waeyo?? လူသားချင်း စာနာထောက်ထားမှုကြောင့်လား ?
YG ~ Jeez... အငြိုးကြီးလိုက်တာ အဲ့လိုစကားတွေ အခုထိ မှတ်ထားရလား Jiminရယ်
Jimin ~ ဦးနှောက်က သူ့ဟာသူ မှတ်မိနေတာတော့ မတတ်နိုင်ဘူး hyung 😛 ohh ohh ရွှေ့နေပြီ
စကားနှင့်အတူ ကျွန်တော်မသိလိုက်ခင်မှာပင် လက်ချောင်းတွေက သူ့လက်မောင်းကို အားကိုးတကြီး ဖက်တွယ်ထားသည် ထို့နောက် ရှက်ရှက်နှင့် ပြန်ဖယ်ကာ သေချာကျကျနန ပြန်ထိုင်နေလိုက်သည်
YG ~ Wae? အခုငါ့ကိုမလိုအပ်ဘူးဆိုတဲ့ သဘောလား park jimin !
ရုပ်တည်ကြီးနှင့် ပြောလာသော သူ့ကြောင့် ကျွန်တော် လန့်ဖျပ်ကာ အသည်းအသန် ငြင်းနေမိသည် အမှန်ဆိုလျှင် ယောကျာ်းရင့်မာကြီး ဖြစ်လျက်နှင့် ဒီလိုဟာလေးကို အသည်းငယ်မှန်း သိသွားကြမှာကို ရှက်သည် အရင်တခေါက် hyungကို ပြေးဖက်မိတာနဲ့တင် လုံလောက်နေပြီ ဘယ်လောက်ပဲ လူနည်းတဲ့ business seatမှာထိုင်နေပေမဲ့ အများအမြင်မှာ လှောင်ရယ်စရာ ဖြစ်နေမှာပေါ့ အထူးသဖြင့် ဘေးချင်းကပ်ခုံတန်းမှာ နေရာယူထားတဲ့ hopie hyungနဲ့ jungkook,taehyung
YOU ARE READING
Addicted Charisma
RandomYoonmin Myanmar Fic ... Plz enjoy reading ^^ Fic cover by @Jinscheehtoke99